Author's Profile Photo

ဂလယ်ရီဝိုင် (မာရိတ်)

10/09/2024

ရစ်ပတ်မိသောနှောင်ကြိုးများ(အပိုင်း၁)

1 min read
Life Style
Education
Poetry
ရစ်ပတ်မိသောနှောင်ကြိုးများ(အပိုင်း၁)'s photo





ချိုရေ ဒီနေ့ကကျောင်းစဖွင့်တဲ့နေ့ဆိုတော့
လူစုံတက်စုံနှင့် ပျော်စရာကြီး ဟု
နှောင်းက ရယ်မောကာ ပြောလိုက်သည်။
စကားအဆုံးမှာ မှုံက အစမို့လို့ပါကွယ် နောက်ဆိုရင် စာတွေကြားမှာ ခေါင်းစိုက်ပြီး
ကျောင်းတက်ချင်တော့မှာတောင်မဟုတ်ပြီ ဟု ပြောလိုက်သောအခါ တစ်အုပ်စုလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာဝိုင်းရယ်မိသည်။

စံပယ်ဆောင်မှ ဒသမတန်းကျောင်းသူတစု စကားပြောနေကြခြင်းပင်ဖြစ်ပေသည်။ကျောင်းစဖွင့်သည့် ရက်ဖြစ်သည်မို့ ကျောင်းသားများအာလုံး လန်းဆန်းတက်ကြွနေကြ၏။


နံနက်၉နာရီ ကျောင်းစဝင်လေပြီ။ကျောင်းသားများအားလုံး သတ်မှတ်ရာ အခန်းအသီးသီးသို့ ခုံဦးရန် အလုအယက်ဝင်ကြ၏။ "မြတ်ထွန်း ရတနာ မထက်
မြန်မြန်လာ ဒီမှာ ငါတို့ခုံယူပြီးပြီဟု သဲသဲ
နှင့်နွေးထွန်း တို့က ပြိုင်တူအော်ခေါ်လေ၏။သူငယ်ချင်းများ တစုတည်းထိုင်ဖို့ သဲသဲနှင့်နွေးထွန်းက မနက်အစောကတည်းက နေရာဝင်ယူထားလေ၏။ မထက်က ဒီအတန်းမှာလာထိုင်ဟု နှောင်းက ခေါ်လိုက်၏။အရပ်ရှည်သူတွေ အရှေ့မှာ မထိုင်နဲ့ စာသင်ရင် ဘာမှ မမြင်ရဘူးဟု ယမင်းက သတိပေးလိုက်၏။အခန်းထဲ၌ လူစုံပြီဖြစ်ရာ အတန်းပိုင်ဆရာမက အခန်းထဲသို့ ဝင်၍လာလေ၏။ဆရာမ၏ နာမည်မှာ ဒေါ်ခင်သီရီမြိုင် ဖြစ်ကြောင်း
အတန်းသားများကို စတင်မိတ်ဆက်ကာ
လိုက်နာရမည့်စည်းကမ်းချက်များကို ပြောကြားလေ၏။ထို့နောက်စာများ စတင်သင်ကြား၏။အတန်းချိန်တစ်ချိန်တွင် ၄၅မိနစ်ရှိပြီး တစ်ချိန်ပြီးလျှင် သက်ဆိုင်ရာဆရာမများက အလှည့်ကျဝင်ရောက်သင်ကြားလေ၏။နေ့လည်၁၂နာရီထိုးပြီဆိုသည့်နှင့် ခေါင်းလောင်းသံမှာ အချိန်မှန်တီးခတ်လေ၏။ကျောင်းသားများမှာ ဗိုက်ဆာလွန်းလှပြီဖြစ်၍ ထမင်းချိုင့်များကို ကပျာကယာဖွင့်ကာ စားကြလေ၏။"မထက် ထည့်စားလေ ဒီမှာဟင်းတွေအများကြီးပဲ အားမနာနေနဲ့ သူစိမ်းတွေမှ မဟုတ်တာ ဟု
မြတ်ထွန်းက ဆို၏။"သဲသဲက ဒါနဲ့ ငါတို့ပြီးရင် မုန့်စျေးတန်းဆင်းရအောင် နောက်နေ့တွေဆို မဆင်းဖြစ်လောက်ပြီ "ဟုထမင်းစားရင်းပြော၏။

အကုန်လုံးထမင်းစားပြီးပြီ ဖြစ်သောကြောင့် ပိုက်ဆံကိုယ်စီယူကာ မုန့်စျေးတန်းဘက်သို့ခြေဦးတည့်လိုက်ကြ၏။မုန့်စျေးတန်းရောက်သည်နှင့် နှောင်းက တို့တစ်တွေ ကွေ့တီိယိုဝယ်စားရအောင် ပြောတော့ "အင်းကောင်းသားပဲ ဟု တစ်အုပ်စုလုံး အသံပြိုင် သဘောတူလိုက်ကြ၏။​ကွေ့တီယိုဆိုင်မှာ လူတွေတိုးကြိတ်နေသောကြောင့် ယမင်းက တခြားဟာဝယ်စားရအောင် ဟုစိတ်မရှည်ဟန်နှင့် ပြော၏။သို့သော်လည်း ကွေ့တီယိုစားဖို့ ဆန္ဒပြင်းပြနေသော နှောင်း ကခဏလေးပဲစောင့်လိုက်ပါဟာ ​ပြီးပါတော့မယ် ငါးမိနစ်ပဲ ဟုရိပ်တဲတဲပြောပြီး မကြာမီ မှာထားသော ကွေးတီယို ရလေ၏။ကိုယ့်စားချင်တာတွေ ဝယ်ပြီးဖြစ်လို့မုန့်စျေးတန်းမှ ပြန်လာကာ အတန်းထဲသို့ ကိုယ်စီ ဝင်ထိုင်လာကြ၏။ထို့နောက် အားလပ်ချိန်ပြည့်ပြီဖြစ်သည့်အတွက်
တဖန် စာသင်ယူကြလေ၏။နေ့လည်ဘက်ဖြစ်သည့်မို့ ကျောင်းသားများမှာ စားချင်တာများစားပြီး မျက်လုံးများက ကြယ်သီးပေါက်ပမာ ကျဥ်းဝင်လာ၏။အထာသိသော မြတ်ထွန်းက သံပရာသီး ကြိုဆောင်ထားကာ အရှေ့တန်းရှိ ဇူးဇူးကို ပစ်ပေးလိုက်၏။သံပရာသီးစားလိုက်မှ မျက်စိမှာ ကျယ်သယောင်ဖြစ်သွား၏။ဆရာမများမှာ အတန်းချိန်တစ်ချိန်ပြီးတစ်ချိန် အလှည့်ကျသင်ကြားကြလေ၏။

နေ့လည်ကျောင်းဆင်းချိန်ရောက်လေပြီ။
ကျောင်းသားများမှာ အိမ်ပြန်ရမည့်ဖြစ်သည်မို့
​ပြုံးဖြီးဖြီးနှင့်တက်ကြွနေကြ၏။ခေါင်းလောင်းသံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာပြီဆိုသည်နှင့် ကျောင်းသားများမှာသွက်လက်သောခြေလှမ်းများ
ဖြင့် ဖယ်ရီကားလေးပေါ်သို့ ပြေးတက်သွားကြလေ၏။


အပိုင်း(၂)ကို ဆက်လက်တင်ပေးပါမည်


မှတ်ချက်။ ။ ဤဝတ္ထုသည် ဒသမတန်းကျောင်းသူတစ်စု၏ ဘဝသရုပ်ကို စိတ်ကူးနှင့်ပေါင်းစပ်ကာ သရုပ်ဖော်ရေးသားထားခြင်းဖြစ်သည့်အတွက်လွဲမှားနေသည့် အချက်တစ်စုံတစ်ရာပါရှိပါသော် အနူးအညွတ်တောင်းပန်အပ်ပါသည်။

ဖတ်ရှုသူ တစ်ဦးတစ်ယောက်ချင်းစီကို
လေးစားတန်ဖိုးထားပါလျက်



ဂလယ်ရီဝိုင် ( မာရိတ် )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)