Khin (ခင်)
ဒီကမ္ဘာမှာ လူ10ယောက်ရှိရင် အဲ့လူ10ယောက်လုံး လိမ်ဖူးကျပါတယ်။ အခြားသောအရာတွေကို လိမ်တဲ့အခါ အလိမ်ခံရသူ နစ်နာသူဘက်က တရားဥပဒေအရ အရေးယူလို့ရပါတယ်။ ငွေကြေး ကာမ အစသဖြင့်ပေါ့။ သို့သော် လူတစ်ယောက်ကို မချစ်ဘဲနဲ့ ချစ်တယ်ပြောရင်ရော။ အဲ့အတွက်ပြဌာန်းထားတဲ့ ဥပဒေရှိလားဟင်? အဲ့ဥပဒေသာရှိရင် ကျွန်တော် တရားစွဲ အရေးယူခြင်တဲ့ လူအချို့ရှိပါတယ်။
ချစ်တာလား? ကြိုက်တာလား? ဆိုတာတော့ ကွဲကွဲပြားပြားသိသင့်ပါတယ်။ ကိုယ်ကတော့ ပေါ့ပေါ့တန်တန် ပြောလိုက်တာပဲ။ တဖက်သူရဲ့ခံစားချက်ကိုပြန်ကြည့်သင့်ပါတယ်။ နောက်မကျခင် မချစ်ရင် မချစ်ကြောင်း မကြိုက်ရင် မကြိုက်ကြောင်း ပြောပြလိုက်သင့်ပါတယ်။ ဘာလို့ဆို ကျွန်တော်တို့ လူသားတွေက အချိန်ကြာလေ သံယောဇဉ်ပိုတွယ်မိလေပါပဲ။ အထူးသဖြင့် မိန်းကလေးတွေက ပိုနစ်နာပါတယ်။
ခင်ဗျားတို့ခေါ်တဲ့" ချာတိတ်" ဆိုတဲ့ ဆယ်ကျော်သက် မနူးမနပ်တွေမှာ အဖြစ်များဆုံး ပြဿနာကတော့ "အသည်းကွဲ " တာပါပဲ။ ဒါတွေက အချိန်ကြာလာတာနဲ့အမျှ move on မလုပ်နိုင်ခဲ့ရင် အရမ်းကို ခံစားရခက်တယ့်အပြင် လူငယ်တွေရဲ့ life(ဘဝ) ကိုပါ ထိခိုက်နေတယ်ဆိုတာ သိရပါလိမ့်မယ်။ သူတစ်ပါးရဲ့ ခံစားချက်တွေနဲ့ ကစားရလို့ ပျော်ရွှင်ရတဲ့ အပျော်ဟာ တကယ်ပဲ ပျော်ရွှင်မှုအစစ်မှန်ဟုတ်ရဲ့လား? ကျွန်တော်သူတစ်ပါးရဲ့ ခံစားချက်တွေနဲ့ ကစားရတာ မကြိုက်ဘူး။
သို့သော် ကျွန်တော်လုပ်ခဲ့ဖူးသည်။ သေချာတာ ကျွန်တော် သူတို့တွေကိုလမ်းခွဲလိုက်တိုင်း ကျွန်တော်လဲ မပျော်ရွှင်ရဘူး။ သူတို့ကိုချစ်လို့ မပျော်နိုင်တာေတာ့မဟုတ်ပါဘူး။ ကျွန်တော့်ကြောင့် တစ်ပါးသူရဲ့ တန်ဖိုးရှိတဲ့အချိန်တွေအလကား ကုန်ဆုံးခဲ့ရတယ်။ ကျွန်တော့် အပေါ်မှာ သူတို့ထားခဲ့တဲ့ မျှော်လင့်ချက်တွေ ကြောင့် မပျော်နိုင်ဘူး။
ကျွန်တော်လုပ်ခဲ့ဖူးသလိုပဲ ကျွန်တော့်ရဲ့ ခံစားချက်တွေကို ကစားသွားသူတွေလဲ အများကြီးပါပဲ။ ဒါမဲ့ ကျွန်တော်ကခံခဲ့ရတာများပါတယ်။ ခင်ဗျားလဲ တကယ်ချစ်ခဲ့ရဲ့လား? ခင်ဗျားရဲ့ လက်ရှိချစ်သူအပေါ် သစ္စာရှိခဲ့ရဲ့လား။ ချစ်တာနဲ့ ကြိုက်တာ မခွဲတတ်ဖူးတော့မပြောနဲ့နော်။
ချစ်တယ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ ပန်းကလေးကို နေ့တိုင်းပေါင်းသင် ရင်လောင်းမယ် ပြုစုမယ် ဂရုတစိုက်နဲ့ ပန်းကလေးလှနေတာကို မြင်တဲ့အခါ ပီတိဖြစ်ရတယ်။
ကြိုက်တာကတော့ အဲ့ပန်လေးကို ခြွေယူလိုတာ ခင်ဗျားအပိုင်လုပ်ချင်တာ။
Keep Reading