Author's Profile Photo

Clover

9/09/2024

နားလည်ပေးခြင်း

1 min read
Life Style
18 Again


နား‌လည်ပေးခြင်းက လူတစ်ယောက်က လူတစ်ယောက်ရဲ့ ခံစားချက်တွေကို နားလည်ပေးတာမျိုးပေါ့။လူတိုင်းက ကိုယ့်ကိုနားလည်ပေးမယ့် သူမျိုးကို လိုချင်ကြတာပါပဲ။အဲ့ဒီထဲမှာကျွန်တော်လည်းအပါအဝင်ပေါ့။

တစ်ခါတစ်လေ ကိုယ့်ကိုနားလည်ပေးစေချင်ပေမယ့် ကိုယ့်ကိုနားမလည်ပေးတဲ့အခါမျိုးမှာဆိုရင် ဝမ်းနည်းရပါတယ်။

ဒါပေမယ့် တွေးကြည့်ပါ။ကျွန်တော်တို့တွေက မွေးကတည်းက တစ်ယောက်ထဲပါပဲ။လူတစ်ယောက်က လူတစ်ယောက်ကို ထဲထဲဝင်ဝင် နားလည်ပေးဖို့ဆိုတာ ခဲယဉ်းပါတယ်။မိဘ‌တွေနဲ့ သားသမီးတွေတောင် အချင်းချင်း နားမလည်ပေးနိုင်တာတွေတောင်ရှိကြပါတယ်။ကိုယ်က ကိုယ့်ကိုကျ နားလည်ပေးစေချင်ပြီး ကိုယ်ကရောသူတို့ကို နားလည်ပေးရဲ့လား။

ကျွန်တော်ဖတ်ဖူးတဲ့ ဆောင်းပါးလေးတစ်ခုရှိပါတယ်။

"နားလည်ပေးတဲ့သူတွေက ချစ်စရာကောင်းတဲ့သူတွေတဲ့"

အဲ့ဒါကြောင့် ကိုယ့်ကို နားလည်ပေးဖို့အရင် မမျှော်လင့်ပဲ ကိုယ်ကပဲ သူတို့ကို အရင်နားလည်ပေးလိုက်ပါ။

ဒါပေမယ့် သူတို့ကို နားလည်မပေးမှီ ကိုယ့်ကိုယ်ကို အရင်နားလည်နိုင်အောင်ကြိုးစားပါ။တစ်ခါတစ်လေ ကိုယ်က သူများစိတ်ကို နားလည်ပေးဖို့နေနေသာသာကိုယ့်စိတ်ကို‌တောင် ကောင်းကောင်းနားမလည်‌သေးတဲ့သူတွေရှိပါတယ်။

မှတ်ထားပါ

ဘဝမှာ အချစ်ခံရဖို့၊နားလည်ခံရဖို့ တစ်စုံတစ်ယောက်ဆီကနေ အများကြီးမမျှော်လင့်ပါနဲ့။မျှော်လင့်တဲ့အတိုင်းဖြစ်မလာရင် အရမ်းခံစားရတတ်ပါတယ်။

သူတို့ဆီမှာ အချစ်ခံဖို့၊နားလည်ခံရဖို့ မျှော်လင့်တာထက် ကိုယ့်ကိုယ်ကို ချစ်ပါ၊ကိုယ့်ကိုယ်ကို နားလည်ပေးပါ။ပြီးရင် ကိုယ်ကပဲစပြီး သူတို့ကို နားလည်နိုင်အောင်ကြိုးစားပါ။

ဘဝမှာ တစ်ယောက်တည်းဖြတ်သန်းရတဲ့ အခါတွေလည်းရှိသလို၊အဖော်မွန်ကောင်းတွေနဲ့ ဖြတ်သန်းရတဲ့အခါတွေလည်းရှိပါတယ်။ဒါပေမဲ့တစ်ယောက်ထဲဖြစ်နေချိန်မှာ ဝမ်းမနည်းပါနဲ့။ကိုယ့်ကိုယ်ကို ချစ်ပြီး ကိုယ်ကပဲ ကိုယ့်စိတ်ရဲ့ အဖော်မွန်ကောင်းတစ်ယောက်ဖြစ်အောင်နေပါ။

✨စာဖတ်သူတို့အား လေးစားချစ်ခင်လျက် ? Clover ?✨

#sarphet
#Clover?

Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း