Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

9/09/2024

?ကမ္ဘာ့အလန်းဆုံး မုတ်ဆိတ်မွှေးဆုကို ရထားတဲ့အမျိုးသား

1 min read
Education
General Knowledge
?ကမ္ဘာ့အလန်းဆုံး မုတ်ဆိတ်မွှေးဆုကို ရထားတဲ့အမျိုးသား's photo

?အခု မိတ်ဆွေတို့မြင်တွေ့နေရတဲ့ ဒီလူရဲ့မုတ်ဆိတ်မွှေးတွေက အတုမဟုတ်ပါဘူး။ အစစ်တွေပဲဖြစ်ပါတယ်။ နောက်ပြီး ဒီလူက သူ့ရဲ့မုတ်ဆိတ်တွေနဲ့ နှုတ်ခမ်းမွှေးတွေကြောင့် ကမ္ဘာ့ချန်ပီယံဆုတွေကိုတောင် ပိုင်ဆိုင်ထားရှိပါတယ်။

?သူက ဒီလိုမုတ်ဆိတ်ထားရတဲ့နေရာမှာ အင်မတန်ထူးချွန်တဲ့သူတစ်ယောက်ပါ။ ပြီးတော့ ဒီလိုမုတ်ဆိတ်မွှေးထားတာကပဲ သူ့ရဲ့ ဘဝရည်မှန်းချက်တစ်ခုလိုကို ဖြစ်သွားတာပါ။ ဒီလိုပြောရင် မိတ်‌ဆွေတို့အတွက် နည်းနည်းထူးဆန်းနေမယ်ဆိုတာ သိပါတယ်။ ဒါမယ့်...တကယ်ပါ မုတ်ဆိတ်မွှေးက ဒီလူရဲ့ ဘဝပန်းတိုင်တစ်ခုဆိုရင်လည်း မမှားပါဘူး။

? လက်‌တွေ့မှာလည်း သူက အဲ့ဒီရည်မှန်းချက်ကို လက်တွေ့အကောင်ထည်ဖော်ပြီးနေပါပြီ။ သူက ဒီမုတ်ဆိတ်နဲ့ ကမ္ဘာ့ချန်ပီယံဆုကြီး(၄)ဆုကိုတောင် ဆွတ်ခူးထားပြီးသားပါ။

? ဒီနေရာမှာ မေးချင်တာက ကမ္ဘာ့ချန်ပီယံဆုကြီးကို မုတ်ဆိတ်မွှေးအတွက် သီးသန့်ထားပေးတာမျိုးလည်း ရှိသေးတာပဲလား? ဒါနဲ့ပတ်သတ်ပြီး စိတ်ဝင်စားစရာအကြောင်းရာလေးကို ဒီနေ့ဗီဒီယိုထဲမှာ sharing လုပ်ပေးသွားချင်ပါတယ်။

? ဒီအမျိုးသားရဲ့နာမည်ကတော့ M.J. Johnson လို့ခေါ်ပါတယ်။ သူက (၁၈)လက်မရှည်တဲ့ ကမ္ဘာ့အလန်းဆုံးမုတ်ဆိတ်မွှေးကြီးကို ပိုင်ဆိုင်ထားရှိတာပဲဖြစ်ပါတယ်။ M.Jဟာ လွန်ခဲ့တဲ့(၁၂)နှစ်လောက်ကတည်းက သူ့မုတ်ဆိတ်ကို လုံးဝမရိတ်ဘဲ အရှည်ထားဖို့ဆုံးဖြတ်ခဲ့တာပါ။

?ဒီလိုဆုံးဖြတ်ရတယ်ဆိုတာကလည်း တစ်ရက်မှာ သူအင်တာနက်သုံးနေရင်းနဲ့ လိုင်းပေါ်ကလူတစ်ချို့က သူတို့ရဲ့မုတ်ဆိတ်မွှေးကို ပုံစံအမျိုးမျိုးလုပ်ပြီးတော့ ပြိုင်ပွဲတွေပြိုင်နေတာကို တွေ့သွားခဲ့လို့ပါပဲ။

?အဲ့ဒီမှာပဲ M.Jက မုတ်ဆိတ်မွှေးအပေါ်ကို တော်တော်လေးစိတ်ဝင်စားသွားခဲ့ပါတယ်။ ဒီပြိုင်ပွဲက တကယ်ကို crazyဖြစ်စရာကောင်းလောက်တဲ့ ပြိုင်ပွဲမျိုးတစ်ခုဖြစ်ပေမယ့် M.Jကတော့ ဒီပြိုင်ပွဲအပေါ်မှာ လုံးဝကိုရူးသွပ်သွားခဲ့တာပါ။ ဒါ့ကြောင့် အချိန်ဆွဲမနေတော့ဘဲ လုပ်ငန်းစတင်ဖို့ တစ်ယောက်တည်းဆုံးဖြတ်လိုက်ပါတော့တယ်။

? မုတ်ဆိတ်မွှေးက သူ့ရဲ့ဘဝကြီးတစ်ခုလုံးဖြစ်သွားပြီဆိုတဲ့အတိုင်း M.Jက သူ့ရဲ့မုတ်ဆိတ်ရိတ်တဲ့ဂျုတ်တွေမှန်သမျှကိုပါ အကုန်လုံးလွှတ်ပစ်လိုက်ပါတယ်။ အဲ့လိုနဲ့ သူ့ရဲ့မုတ်ဆိတ်မွှေးတွေကို လုံးဝမရိတ်သိမ်းဘဲနဲ့ အရှည်ထားလာလိုက်တာ (၁၂)နှစ်တောင်ကြာသွားခဲ့ပါတယ်။

?မုတ်ဆိတ်တွေက ဘာမှလုပ်စရာမလိုဘဲ သူ့ဟာသူရှည်လာတယ်ဆိုတာမှန်ပေမယ့် သူ့ကိုထိန်းသိမ်းရတာက လွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ နောက်ပြီး မုတ်ဆိတ်မွှေးတွေ အများကြီး၊အရှည်ကြီးဖြစ်နေရုံနဲ့ ပြိုင်ပွဲမှာအနိုင်မရနိုင်သေးပါဘူး။

?အနိုင်ရချင်တယ်ဆိုရင် သင်က သူများနဲ့မတူဘဲထူးခြားနေဖို့လိုပါတယ်။ M.Jလည်းအစကတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို သေချာမသိခဲ့ဘဲ စမ်းတဝါးဝါးဖြစ်နေခဲ့တာပါ။ ဒါမယ့် နောက်ပိုင်းကျတော့လည်း သူ့ဟာသူ အကောင်းဆုံးဖော်မြူလာတစ်ခုကို ရှာတွေ့သွားခဲ့ပါတယ်။

?အဲ့တာကတော့ အခုမြင်တွေ့နေရတဲ့ ကျွဲဂျိုလိုလို၊ ဆင်စွယ်လိုလိုထွက်နေတဲ့ မုတ်‌ဆိတ်ပုံစံပဲဖြစ်ပါတယ်။ သူက ဒီမုတ်ဆိတ်နဲ့ပဲ ဆုဖလားတွေအများကြီးသိမ်းပိုက်ထားနိုင်ခဲ့တာပါ။

?ဒါတင်မဟုတ်သေးပါဘူး.. ဒီမုတ်ဆိတ်ကြောင့်ပဲ M.Jက ဟာသstarတစ်ယောက်ဖြစ်လာခဲ့ပြီး ကမ္ဘာကျော်သွားနိုင်ခဲ့ပါတယ်။ M.Jရဲ့ story လေးကနေ သိလိုက်ရတာက လူတိုင်းမှာမတူညီတဲ့ ဘဝရည်မှန်းချက်အမျိုးမျိုးရှိတတ်ကြပါတယ်။

?အဲ့တာက ဘာပဲဖြစ်နေဖြစ်နေ ရည်မှန်းချက်တစ်ခုရှိတာနဲ့တင် လုံလောက်နေပါပြီ။ တစ်ချို့ကတော့ pilot ဖြစ်ချင်ကြတယ်၊ တစ်ချို့က အပြေးသမားဖြစ်ချင်ကြတယ်၊ တစ်ချို့က စားဖိုမှူးဖြစ်ချင်ကြတယ်၊ နောက်ပြီးတစ်ချို့ကတော့ ကမ္ဘာ့အလန်းစား မုတ်ဆိတ်မွှေးပိုင်ရှင် ဖြစ်ချင်ကြပါတယ်...?

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------ကိုယ်ချင်းစာစိတ် ---------------လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်လေညင်းတွေဟာ ဘယ်ကလာUWC scholarshipလူငယ်တွေ ဘာကြောင့် သင်တန်းတက်ကြတာလဲ ?