စမ်းစမ်းနွဲ့ (သာယာဝတီ)
ဒီဘောလုံးရာသီ အစမှာတော့ ဖာဂူဆန်လို ပီကေတောင် ဝါးစရာမလိုဘဲ ကျွန်တော့်စိတ်လှုပ်ရှားမှုတွေကို ကျွန်တော် ထိန်းနိုင်နေပြီဆိုရင် ယုံပါ။
ဒီည မန်ယူ-အာဆင်နယ်ပွဲ။
ကျွန်တော်တို့ လူစုတင် ဘယ်ဟုတ်ပါ့မလဲဗျာ။ တကမ္ဘာလုံးက ဘောလုံးပရိသတ်တွေအလုံးအရင်း အားပေးကြတဲ့ပွဲပေါ့။ရန်ကုန်မြို့လယ် ဟိုတယ်ကြီးမှာ ငါးရာနဲ့ ဝင်ကြည့်နေကျ ကျွန်တော့် သူငယ်ချင်းတွေတောင် နေရာမရတော့လို့ ငါးထောင်၊ ခြောက်ထောင်တန် ဟိုတယ်ခန်းတွေ လိုက်ရှာနေကြရတာ ခွေးပြေး ဝက်ပြေးပဲ။ ကျွန်တော်တို့ကတော့လား၊ အဘွားအိမ် ရှိတယ်လေ။
တကယ်တော့ ကျွန်တော့်အိမ်မှာလည်း ရှစ်ပေစလောင်း ရှိပါတယ်။ ကိုငယ်လေးနဲ့ဖိုးချိုတို့ အိမ်တွေမှာလည်း နှစ်ပေစလောင်း ကိုယ်စီနဲ့ပါ။ ဒါပေမဲ့ မိသားစုနဲ့ဆိုတော့မလွယ်ဘူးဗျ။ ကိုရီးယားဇာတ်လမ်းတွဲနဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားတွေ ကြိုက်လွန်းတဲ့ အမေ၊အစ်မတွေနဲ့ အမြဲပဲ ပြဿနာဖြစ်ရတာ။အဘွားကတော့ ရှင်းတယ်။ ကမ္ဘာ့သတင်းနဲ့ ဘောလုံးပွဲ ဦးစားပေးပဲ။ ဘောပွဲသုံးပွဲလောက် ပြိုင်ပြနေရင်လည်း သုံးပွဲစလုံးကို ရွှေ့ချင်သလို ရွှေ့၊ ပြောင်းချင်သလို ပြောင်းပြီးကြည့်ခွင့်ရတယ်။ ကျွန်တော့်အမေလို “ဂြိုဟ်တု နာသွားမယ်” တို့၊ “ချန်နယ်လ်တွေ
ထွက်ကုန်မယ်’တို့၊ ‘စလောင်းကြီး ပန်ကာလို တဝီဝီ လည်နေပြီ' တို့နဲ့ မငြူစူတတ်ဘူးခင်ဗျ။
“ပစ္စည်းဆိုတာ လူက ခိုင်းဖို့၊ လူကို ပစ္စည်းက ခိုင်းတာမျိုး မဖြစ်စေနဲ့’ ဆိုတဲ့အဘွားရဲ့မူက ကျွန်တော်တို့တသိုက်နဲ့တော့ အံဝင်ခွင်ကိုက်ပေါ့ဗျာ။ကျွန်တော်လေ ဘောလုံးပွဲ ဇောကပ်ပြီး နေ့လယ်က သင်တန်းမတက်ဘဲအင်တာနက် ဝက်ဘ်ဆိုက်တွေ ဖွင့်ကြည့်နေခဲ့တာ။ ပွဲကြိုသတင်း ဘာတွေများ သိရမလဲလို့ပါ။
မန်ယူရဲ့အိမ်တွင်း (အိုးလ်ထရက်ဖို့ဒ်)မှာ ကန်မယ့်ပွဲပေမယ့် . အာဆင်နယ်ထောက်ခံသူတွေက များတယ်ဗျ။ အာဆင်နယ် နိုင်မယ်လို့ တစ်ပ်ပေးထားတဲ့ ဟင်းဒီကတ်(Handicap) တွေကလည်း အများကြီးထွက်နေတယ်။ ဝက်ဘ်ဆိုက် စကားဝိုင်းတွေ(Chatting Room) ထဲ ဝင်ပြောဖြစ်တော့လည်း အာဆင်နယ် နိုင်မှာပဲ၊ ဒါပေမဲ့ မန်ယူကိုပဲအားပေးမယ်' ဆိုတဲ့ ကျွန်တော့်လို လူစားတွေ အများကြီးပေါ့ဗျာ။ ကျွန်တော်လည်းအာဆင်နယ် အနိုင်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ မန်ယူက တိုက်စစ်မှူးတွေလည်းပေါပါရဲ့။ အရင်က ပေါက်ခဲ့တယ် ဆိုတဲ့ နောက်တန်းမှာလည်း ရှစ်လပွဲပယ် ပြစ်ဒဏ်ပြီးဆုံးသွားလို့ ခြေစွမ်းတွေပြနေတဲ့ ဖာဒီနန် ရယ်၊ ဟိန့်ဇ်ရယ်၊ ဂယ်ရီနဗီးလ်ရယ်၊ ဆီဗက်စထရာရယ်၊တံတိုင်းခံတပ်ကြီးလို မာကျော ခိုင်ခံ့နေပါရဲ့။ ဒါပေမဲ့ အချိတ်အဆက်မမိ၊ ခြေမမှန်နဲ့လုံးဝသေချာမှုမရှိသေးတာ စိတ်ပျက်စရာပါ။ စီရော်နယ်လ်ဒိုရဲ့အလိမ်အခေါက် များလွန်းပုံကလည်း တိုက်စစ်အားကို ကျစေတယ်။ စိတ်ဆတ်တဲ့ ဝိန်းရွန်နေကလည်း ပြဿနာဖြစ်မှာစိုးရ။ အသင်းဟောင်း အဲဗာတန်မှာ ရွန်နေ ရှိတုန်းက အာဆင်နယ်ကို တဂိုးသွင်းပြီးကောင်းကောင်းဒုက္ခပေးခဲ့တဲ့ ရာဇဝင်ကြွေးလည်း ရှိခဲ့တာ မဟုတ်လားဗျာ။ ဒီတခါတော့
ရွန်နေ ပါးပါးနပ်နပ် ရှိပါစေလို့လည်း ဆုတောင်းရတော့မယ်။
အဘွားအိမ်မှာ ကျွန်တော်တို့အားလုံး ဆုံမိကြတော့ ပွဲစခါနီးနေပြီ။ ပါညီနောင်ကတော့ အာဆင်နယ်ပီပီ စင်ပေါ်က မျက်နှာထားတွေနဲ့ပေါ့ဗျာ။ ပွဲစတော့ ဒဏ်ရာတွေကြောင့်ပါနိုင်ဖွယ် မရှိဘူးလို့ သတင်းထွက်နေတဲ့ ကွင်းလယ်ဖန်တီးရှင် ဗီအဲရာက မတ်မတ်မားမားနဲ့။ပါညီနောင် လက်ဖျောက်တီးပြီး လေချွန်လိုက်တာများ ဇာတ်တိုက်ထားသလား ထင်ရတယ်ဗျာ။ ကျွန်တော်တို့မှာတော့ ငြိမ်ကုပ်နေရတာပေါ့။
ပထမပိုင်းမှာ အာဆင်နယ်က ကွင်းလယ် အသာစီးနဲ့ ဖိထားတာ။ ဒါပေမဲ့ ဖီးလ်နဗီးလ်နဲ့ ပေါလ်စခိုးလ်တို့ ‘အသားကုန်’ ဖျက်တာကို မထိုးဖောက်နိုင်သေးဘူး။ အာဆင်နယ်အားသာတဲ့ ဘယ်ခြမ်းကို ဖီးလ်နဗီးလ်က အားပြုပြီး ဖျက်ကစားနေတော့ အာဆင်နယ်တိုက်စစ်မှူးတွေ ဖြစ်တဲ့ အွန်နရီရော ရေးယက်စ်ပါ လှုပ်လို့မရအောင် ကျပ်နေတယ်။ဘယ်ဘက်မှ ဂိုးမသွင်းနိုင်သေးပေမယ့် အခြေအနေက မန်ယူပရိသတ်တွေ မျှော်လင့်လို့ရနိုင်သေးတဲ့ အနေအထား။ တွန်းတွန်းတိုက်တိုက်နဲ့ပဲ ပထမပိုင်း ပြီးသွားတယ်။
ဒုတိယပိုင်းကျတော့ အာဆင်နယ်က ရေးယက်စ်ကို ထုတ်ပြီး ဖီးရက်စ်ကို ထည့်လိုက်တယ်။ တိုက်စစ်အား ကျသွားတာ သိသာလိုက်တာဗျာ။ အွန်နရီ ကစားပုံကလည်းအသက်မပါ။ ဖိအားများတာ၊ ပွဲပန်းတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
အဲဒီအချိန်မှာ မန်ယူကစားပုံ ပြောင်းလိုက်တယ်။ ဟိန့်ဇ်ကို ရှေ့တက် ဖိခိုင်းပြီးအက်ရှလေကိုးလ်ကို ရှိန်နေတဲ့ စီရော်နယ်လ်ဒိုလေးကို ဘယ်ခြမ်းပြောင်း ပေးလိုက်တော့ရွှန်နေနဲ့ ပေါလ်စခိုးလ်တို့ ချောင်သွားတာပေါ့ဗျာ။ နည်းပြ ဖာဂူဆန် ပါးနပ်ပုံ ပြောပါတယ်။
ဒုတိယပိုင်း ၂၇ မိနစ်မှာ ရွန်နေ ဘောလုံးရသွားတယ်။ ဘယ်ဘက်ကို ဆွဲအထွက်၊ဆိုးလ်ကမ်းဘဲလ်က လိုက်ကပ်တယ်။ ရွန်နေ လှစ်ခနဲ ပြန်ချိုးအချမှာ ဆိုးလ်ကမ်းဘဲလ်ကမမီတမီ ခြေထိုးဖျက်လိုက်တာ ရွန်နေ ပင်နယ်တီစည်းထဲ မှောက်ရက် ထိုးကျသွားတာပါပဲ။ဒိုင်လူကြီးရဲ့ ခရာသံထွက်လာတော့ ဖိုးချိုထခုန်တယ်။
“ရွန်နေကို မထိပါဘူး။ သေချာမြင်လိုက်သားပဲ၊ ဖက်တီး အိုက်တင်များသွားတာ၊အဝါကတ်ပြဖို့ ကောင်းတာ''ပါတိုး မကျေမချမ်း ရွတ်မြည်နေလေတော့ ကိုကြီးကျော်က ဖျောင်းဖျတဲ့ လေသံ“ငါ့ညီရာ၊ ကွင်းထဲမှာ ဒိုင်အဆုံးအဖြတ်က အတည်ပဲ၊ မထိဘူးလို့ မင်းမြင်လိုက်တာတကယ်သေချာရဲ့လား။ ငါတော့ ဆိုးလ်ကမ်းဘဲလ် ခြေနဲ့ချိတ်မိသွားတယ် ထင်တယ်နော်၊ ဟော.. နစ္စတယ်ရွိုင်း ပင်နယ်တီ ကန်တော့မယ်၊ ကန်ပြီး....အေး... ဂိုး... ဟိုးဟိုး"တီဝင်အောင် ကန်သွင်းနိုင်လို့။ အာဆင်နယ်ကို မန်ယူက တဂိုးသွင်းနိုင်လို့။။
ကိုကြီးကျော်က ကျွန်တော်တို့ သုံးယောက်နဲ့ တလှည့်စီ လက်ဝါးချင်း ရိုက်ပစ်လိုက်တယ်။ပျော်လိုက်တာဗျာ။ အာဆင်နယ်ကို မန်ယူက တဂိုးသွင်းနိုင်လို့။ ပြီးတော့နစ္စတယ်ရွိုင်း ပင်နယ်တီဝင်အောင် ကန်သွင်းနိုင်လို့။
မနှစ်က သူ အာဆင်နယ်ကို ပင်နယ်တီ ဝင်အောင် မကန်နိုင်ခဲ့တာ၊ လှောင်ပြောင်စော်ကား ရန်စခံရတာတွေ ကျေပြီလေ။ ကျေသွားပြီ။
“မတရားတဲ့ ဂိုးပဲ”လို့ ပါညီနောင် ပေါက်ကွဲနေကြတာလည်း အရေးမလုပ်အားတော့ပါဘူး။ အာဆင်နယ် တိုက်စစ်မြှင့်လာပြီ။ မန်ယူ နောက်တန်းကို မဖောက်နိုင်သေးလို့ တော်တော့တယ်။
“ကျေးဇူးပဲ ရီယိုရေ၊ ဂယ်ရီရေ နဲ့ ဖိုးချိုက တဖွဖွအော်နေတယ်။ ရော်နယ်လ်ဒိုကိုထုတ်ပြီး အလန်စမစ်ကို သွင်းလိုက်တော့ ကျွန်တော်တို့ ပိုကျေနပ်သွားကြတာပေါ့ဗျာ။ ၁၉နှစ်၊ နှစ် ၂ဝ ရွယ်တူတွေထဲမှာ စမစ်က ဘောကြောနပ်တယ်ဗျ။ ပိုပြီးလည်း ရင့်ကျက်တယ်။
ထင်တဲ့အတိုင်းပါပဲ။ မိနစ်ကိုးဆယ်မှာ ဆာဟာ ဘောလုံးရသွားတာကို ဆွဲပြေးလာပြီး တောင်ပံက စမစ်’ ဆီ လှမ်းပို့လိုက်တယ်။ စမစ်က ရှေ့ကို ထိန်းဆွဲလာပြီး ဂိုးပေါက်တည့်တည့် ပြေးတက်လာနေတဲ့ ရွန်နေဆီ လှမ်းတင်ပေးလိုက်တာ၊ ကွက်တိပဲဗျာ။ ရွန်နေကဂိုးထဲကို ကန်သွင်းပေးလိုက်တော့ အာဆင်နယ်ဂိုးသမား‘လေမန်း’ ငုတ်တုတ်မေ့ရော။အဖိုးတန်ဂိုးပါ။
အဘွားက ဒရင်းဘက်လက်တန်းကို သူ့လက်ထဲက ယပ်တောင်နဲ့ ဖျန်းခနဲ ရိုက်ချလိုက်တယ်။ ပြီးပြီလေ။ တူး-ဇီးရိုး ရလဒ်ဆိုတော့ သိပ်ကျေနပ်စရာပေါ့။
အသံတွေ တိတ်သွားတယ်။
ငယ်ရွယ်သူပါညီနောင်’ ကို အားနာလို့ ကျွန်တော်တို့ အောင်ပွဲခံမနေတော့ပါဘူး။နိုင်လိုက်ပြီပဲဗျာ။ ခပ်တည်တည်ပေါ့။
အရှုံးသမားလေး နှစ်ယောက်ခမျာလည်း မျက်နှာပုပ်သိုးသိုးနဲ့ ငြိမ်ကုပ်နေလို့။နှစ်မိနစ်လောက် ရှိတော့မှ အဘွားက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းပစ်လိုက်တယ်။
“ဘာပဲဖြစ်ဖြစ် မန်ယူကတော့ နိုင်လိုက်ပြီ၊ ပျော်နေတဲ့ မောင်မောင်တို့လည်းတွေးကြည့်ရင် ဒိုင်လူကြီးကို ညစာတောင် ဖိတ်ကျွေးချင်ကြမယ်၊ ဟုတ်တယ် မဟုတ်လား"
ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်သွားတယ်။ ။
”ကျွန်တော်လည်း အဲဒါတော့ ဟုတ်သလိုပဲ .. အဘွားရယ်။ ဂယ်ရီနဗီးလ်ကရေးယက်စ်ကို ချတာ၊ ဖာဒီနန်က ယွန်းဘတ်ကို တွန်းလှဲကာ ဒိုင်လူကြီး အရေးမလုပ်တော့ဆန်းနေသလားလို့”
“ဒါဆိုရင် အွန်နရီတို့၊ လေမန်းတို့လည်း အသားလွတ်ကြီး ရန်စနေတာ မမြင်လိုက်လို့လား”
ဖိုးချိုဆိုတဲ့ ကောင်ကတော့လေ၊ အွန်နရီကို မုန်းကို မုန်းနေတာ။ ဂိုးသွင်းပြီးလုပ်လေ့ရှိတဲ့ မျက်နှာထားကို သူ သည်းမခံနိုင်တာ။
“အဘွား မျက်စိကောင်းတယ်ကွဲ့၊ အွန်နရီက ဟိန့်ဇ်ကို ကန်လိုက်တာ၊ ဘားကမ့်ကစမစ်ကို တံတောင်နဲ့ “ကျွေး” တာ၊ အိုး... မြင်တာတွေ ပြောရရင်တော့ ဘယ်နည်းပါ့မလဲ၊တဖက်နဲ့ တဖက်က အငြိုးအတေး၊ ရာဇဝင်ကြွေးရော၊ ယှဉ်ပြိုင် အနိုင်ယူလိုစိတ်ပါ ထွေးရောယှက်တင် ဖြစ်နေကြတာ၊ ဘယ်ဘက်ကမှ မှန်ပါတယ် ရပ်တည်ပေးလို့ မရပါ ဘူးကွယ်၊နောက်ပြီး နည်းပရိယာယ် လှည့်စားမှုနဲ့ ကံတရားကလည်း ပါဝင်ပတ်သက် နေသေးတာ”
ဖိုးချိုက အဘွားအနား တိုးကပ်သွားတဲ့ပြီး -
“အဘွားက မန်ယူနိုင်တာ ကံကောင်းလို့လို့ ပြောချင်တာလားဟင်”
“ဖိုးချိုရယ်... ကံတရား၊ နည်းပရိယာယ်၊ အနိုင်မခံစိတ်နဲ့ အာဃာတ ရန်ကြွေးတွေနှစ်ဖက်စလုံးမှာ ရှိနေကြတာမို့ ဘယ်သူမှ မမှန်ဘူးလို့ ပြောနေတာ။ ဆုကြေးစားလောက၊အဘွားကတော့ ရှင်းတယ်။ကမ္ဘာ့သတင်းနဲ့ ဘောလုံးပွဲဦးစားပေးပဲ။
ဘောပွဲသုံးပွဲလောက် ပြိုင်ပြနေရင်လည်းသုံးပွဲစလုံးကို ရွေ့ချင်သလို ရွှေ့၊ပြောင်းချင်သလို ပြောင်းပြီး ကြည့်ခွင့်ရတယ်။
စီးပွားရေးလောကမှာချည်း မဟုတ်ဘူး၊ ယှဉ်ပြိုင် အနိုင်လုနေကြတဲ့ လူ့အလွှာပေါင်းစုံမှာအားလုံးဟာ ကိုယ့်ဘက်က အမှန်ချည်းပဲ။ သူမှားပြီး ကိုယ်မှန်နေတဲ့လူက များတယ်။
အေး..စကားကြုံလို့ အဘွား တခုပြောပြချင်တယ်။ မင်းတို့ကြည့်၊ သူနိုင်ကိုယ်စွအားပြိုင်နေတုန်းမှာ “သူတို့ မှားနေတာတော့ ဟုတ်ပြီ၊ ငါတို့ကကော မှန်ကြရဲ့လာဘယ်သူ ပြောရဲမှာလဲ၊ အဲဒီစကားမျိုးကို သူတို့ချလို့ ငါတို့ ပြန်ချမယ်ဆိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ လူအုပ်ကြီးထဲမှာ အော်ဟစ်သတိပေးရဲတဲ့ ပုဂ္ဂိုလ်တယောက် ရှိဖူးတယ်အာဖရိကတိုက်သား ဘုန်းတော်ကြီးတပါးပေါ့၊ ဂုဏ်သိက္ခာဆိုတာ သူ့ရဲ့ ကိုယ်ကျင့်တရားအောက်မှာ ရှိတယ်။ သူ့ကိုယ်ကျင့်တရားက ဂုဏ်သိက္ခာကို ဖန်ဆင်းတယ်၊ ဂုဏ်သိက္ခာအတွက် အရှိန်အဝါ၊ ဥစ္စာဓန၊ ဘာနဲ့မှ ဖန်တီးမယူတဲ့ ပုဂ္ဂိုလ်၊ အဲဒီလိုလူမျိုးမှ ခုနစကားမျိုးကိုပြောနိုင်တာ။
သူ မှားတယ်၊ ငါ မှန်တယ်နဲ့ အရှုံးအနိုင်တွေ တပြန်တလှည့် ပတ်လည်ရိုက်နေတဲ့လောကသဘာဝကို နားလည်အောင် ကြိုးစား၊ ဒါမှ သူမှား ကိုယ်မှန် အငြင်းသန်တာတွေလျော့ကျသွားမှာ။ ခုပဲ ကြည့်လေ၊ သူများ လုပ်တာတွေ ထိုင်ကြည့်ရင်း ငြင်းရခုံရတာကိုကတို့များ သူတို့ထက် ညံ့သွားရင်တော့ လူဖြစ်ကျိုး နည်းတာပေါ့ဗျာ၊ ဟုတ်ပြီလား”
“ခပ်ညံ့ညံ့ပဲ ကောင်းပါတယ် အဘွားရယ်”လို့ ပါတိုးက မသိနိုးနား နောက်တီး နောက်တောက် လုပ်နေသေးတယ်။
ကိုကြီးကျော်က မျက်မှောင်ကြုတ်ပြီး ဟန့်တားလိုက်ရင်း -
“အဘွား ပြောလိုက်တာ ဘယ်သူ... အဲ... သူများတွေ မှားတာတော့ ဟုတ်ပြီ၊ကိုယ်တို့ကကော မှန်ကြသေးရဲ့လားတဲ့၊ ဟုတ်လား အဘွား”
ဂြိုဟ်တုချန်နယ်တွေကို အဝေးထိန်းခလုတ်နဲ့ ရွှေ့နေတဲ့ အဘွားက ကျွန်တော်တို့ကို
လှည့်မကြည့်တော့ဘဲ -
“နှစ်ခါ ထပ်မပြောဘူးဟေ့၊ သိချင်ရင် စာအုပ်ထဲမှာ ရှာဖတ်ကြည့်ကြ၊ ဟောဟိုဗီရိုထဲမှာ၊ အတ္ထုပ္ပတ္တိစာအုပ်တွေ ရှိတယ်၊ အားတဲ့နေ့ လာရှာ”အဘွားပြောမှ စာအုပ်ဗီရိုတွေ ပတ်လည်ဝန်းရံထားတဲ့ အဘွားရဲ့ ဧည့်ခန်းနံရံတွေကို လှည့်ပတ်ကြည့်မိပါတော့တယ်။ ဒါတွေ အဘွား ဖတ်ခဲ့လေသလား။ ဝါသနာပါလို့စုရုံ ဆောင်းရုံပဲလား။
“ခု ရှာယူလို့ ရမလားဟင် အဘွားကိုကြီးကျော်ကလည်း မစောင့်နိုင် မအောင့်နိုင်၊ ချက်ချင်းဆိုမှ ချက်ချင်းကြီးရယ်။
“ရတယ် ကြိုက်တဲ့ စာအုပ်ကိုယူ၊ ရိုရိုသေသေကိုင်၊ လုံးဝ မပျောက်ပါစေနဲ့“စိတ်ချပါ အဘွား၊ စိတ်ချ"
ကိုကြီးကျော်သာမက ဖိုးချို၊ ကိုငယ်လေးနဲ့ ပါညီနောင် နှစ်ယောက်ပါ ရုတ်ရုတ်သဲသဲထပြီး စာအုပ်ဗီရိုတွေ ဖွင့်ကြ၊ ရှာကြ၊ ရွေးကြနဲ့ဗျာ။ ကျွန်တော်တို့လူတွေ ဟုတ်မှ ဟုတ်ရဲ့လားမသိပါဘူး။
“ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ မိုင်ဆိုက်ဒ် ရှိမလား မသိဘူး၊ အဲဒီစာအုပ်ထဲမှာ ဓာတ်ပုံတွေပျံထနေတာလို့ ပြောကြတယ်”
ဖိုးချိုပြောသံကို ကျွန်တော် သဲ့သဲ့ကြားနေရသလို နားပါးတဲ့ အဘွားလည်း ကြားလိုက်မယ့်ပုံပါ။
ကျွန်တော်ကတော့ စာအုပ်မဖတ်နိုင်သေးပါဘူးဗျာ။ သင်တန်းက တဖက်၊ အင်တာနက်ကိုလည်း အားတိုင်း သုံးနေတော့ မျက်လုံးတွေတောင် ကြောင်နေပြီ။ အဘွားရဲ့စာအုပ်တွေကို စိတ်မဝင်စားနိုင်သေးတာ မှန်ပေမယ့် အဘွားနဲ့ ကျွန်တော်က ဖရီကွင်စီချင်းကိုက်တယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အဘွားပြောသမျှ စကားတွေက ကျွန်တော့်ကိုတိုက်ရိုက်ထိတယ်။ ကျွန်တော် စကားနည်းလာတာ၊ ငြင်းခုံချင်စိတ် လျော့ပါးလာတာတွေဟာအဘွားနဲ့တွေ့ပြီးမှ တစတစ ပြောင်းလဲလာရတာတွေပါ။
ခုလည်း အဘွားက ကျွန်တော့်ကို စဉ်းစားစရာလေးတွေ ပေးလိုက်ပြန်ပါပြီ။ကျွန်တော် သိပ်ညံ့နေပြီလား။
ပြီးတော့ အရွဲ့အစောင်း၊ အလွဲအချော်တွေ တွေ့တဲ့အခါတိုင်း ဒါတွေ လွဲချော်နေတာတော့ ဟုတ်ပါပြီ၊ ငါ့ကကော တည့်မှတည့်ပါရဲ့လား” လို့ ကိုယ့်ကိုယ်ကိုယ် စစ်မေးဝံ့ပါ့မလား။အဖြေရှာဆဲပေမယ့် ဒါတွေ စဉ်းစားလာမိတဲ့ အတွက်ကြောင့်ပဲ ကျေးဇူးပါ အဘွားရယ်...။
ကျွန်တော့်အနာဂတ်ရဲ့ ဗိသုကာဟာ ကျွန်တော်ကိုယ်တိုင် ဖြစ်တယ်ဆိုတာတော့ကျွန်တော် တကယ် သိလိုက်ပါပြီ။
နှစ်(၂ဝ)မြောက် အထူးထုတ်၊ ကလျာမဂ္ဂဇင်း။
ဇန်နဝါရီလ၊ ၂ဝဝ၅။
#စမ်းစမ်းနွှဲ့(သာယာဝတီ)
Keep Reading