GuyFromMyanmar

Balance ကိုကျွန်တော်ကတော့ ညီမျှမှုလို့ပဲဘာသာပြန်လိုက်ပါမယ်။ကျွန်တော့်ဘဝမှာ Balance ဆိုတာနဲ့ပတ်သတ်ပြီး ရရိှခဲ့တဲ့အတွေးအချို့ကို sharing ပြန်လုပ်ချင်ပါတယ်။ကျွန်တော်တို့ဘဝမှာ ဘက်မလိုက်ညီမျှမှုဆိုတာ အရမ်းအရေးကြီးပါတယ် အဖြစ်အပျက်တော်တော်များများမှာပေါ့ မိသားစု relationship နောက်ဆုံး အလှအပရေးရာမှာတောင်မှပေါ့။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ balance အကြောင်းရေးထားတာလေး မှတ်မိသလောက်ပြန်ပြောပြချင်ပါတယ် လူတစ်ယောက်ချောတယ် ကြည့်ကောင်းတယ်ဆိုတာကိုသိချင်ရင် မျက်နှာကိုအလယ်ကနေ ဒေါင်လိုက် center line ဆွဲကြည့် line ရဲ့ဟိုဘက်ခြမ်းနဲ့ ဒီဘက်ခြမ်းက ညီတယ် အချိုးအစားကျပုံရင်းတူတယ်ဆို သူ့ကိုအကြမ်းဖျဥ်းအားဖြင့် ကြည့်ကောင်းသူလို့သတ်မှတ်တယ်လို့ ဖတ်ခဲ့ဖူးပါတယ်။အရာဝတ္ထုတစ်ခုကို လက်ညိှုးတစ်ချောင်းပေါ်တင်ထားကြည့်ပါ သင်ဟာ အဲ့အရာဝတ္ထုရဲ့ centerနေရာ ကိုလက်နဲ့ ထောက်ထားနိုင်လေ အရာဝတ္ထုကပြုတ်ကျဖို့ရာခိုင်နှုန်းနည်းလေပါပဲ ဒါတွေဟာ balance ဖြစ်နေသရွေ့ မပြိုလဲနိုင်ပဲ တည်မြဲနေမယ့် သဘောတရားပါပဲ။နောက်ကျွန်တော့်ဘဝအမြဲအမှတ်ရနေတဲ့ ဆရာမ တစ်ယောက်ရဲ့ဆုံးမစကားလေးပေါ့ ကျွန်တော်တက္ကသိုလ်ရောက်စက သူငယ်ချင်းတွေစုပြီးအိမ်ငှားနေကြတယ် အဲ့မှာကျွန်တော်တို့သူငယ်ချင်းအကုန်လုံးရဲ့ဆရာမကပြောတယ် သားတို့ရေရှည်စည်းစည်းလုံးလုံးနဲ့တစ်အိမ်ထဲအတူနေဖို့ဆိုဘယ်ကုန်ကျစရိတ်မဆို ၅ ကျပ် ၁၀ ကအစအညီအမျှပဲ အကုန်အကျခံပါတဲ့ အသေးအမွှားတွေများလာရင်လည်းကြာလာတာနဲ့အမျှ မညီမျှမှုတွေဖြစ်လာရင် စည်းလုံးမှုပြိုကွဲပြီး အတူတူနေဖို့အဆင်မပြေဖြစ်ကြလိမ့်မယ်ပေါ့။မိသားစုတွေမှာလည်း ဒီလိုပါပဲ မိဘက သားသမီး တွေကိုညီတူမျှတူဆက်ဆံဖို့လည်းအရေးကြီးပါတယ် ဒါမှသာ သားသမီးကြားမှာလည်း အဖေ တွေကသမီးတွေပိုချစ်တယ် အမေ တွေကသားတွေပိုချစ်တယ်ဆိုတဲ့ အတွေးအခေါ်တွေပျောက်ပြီး စည်းလုံးမှာဖြစ်ပါတယ်။ relationship မှာလည်းဒီလိုပါပဲ အလျော့ပေးတယ်ဆိုတိုင်း တစ်ဖက်တည်းကဖိနေရင် ကြာလာရင်အစိုင်အခဲတွေဖြစ်လာပြီး ပြိုကွဲနိုင်ပါတယ်။နောက်ဆုံးအနှစ်ချုပ်အနေနဲ့ သူ့နေရာမှာ ငါသာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရားလေးလက်ကိုင်ထားပြီး ညီမျှဖို့လူတိုင်းကြိုးစားနေထိုင်မယ်ဆိုရင် နေ့ရက်တိုင်းကလူဖြစ်ကျိုးနပ်ပြီးလှပနေမှာပါ
GuyFromMyanmar
Keep Reading