Nway Oo Maung
ကျောင်းဆင်းခေါင်းလောင်းသံချောင်း၊ခေါက်သံနှင့်အတူ၉တန်းကျောင်းသား မောင်အောင်ဟာ သူအဖြေတောင်းထားသော၊အတန်းမှာအဆ့င်တစ်အမြဲရနေသော ဆောင်းနှင်းဝေဆိုတဲ့ မျက်နှာဝိုင်းဝိုင်းပါးဖောင်းဖောင်းနဲ့ အသားဖြူဖြူချစ်စရာပါးချိုင့်လေးနဲ့ကောင်းမလေးဆီးမှာ အကြည့်တွေရောက်သွား၏။
ဆောင်းကလည်းရှက်ကိုးရှက်ကန်းမခို့တရို့လေး မသိပြန်ကြည့်နေ၏။
မောင်အောင်က သူငယ်ချင်းမိန်းကလေးတစ်စုနှင့်အတူ၊အခန်းအပြင်ထွက်ဟန်ပြင်နေသော ဆောင်း အနားကိုမသိမသာလေးနောက်ကလိုက်ပြီး။
"
ဆောင်း ငါ့ကိုနင်ဒီနေ့အဖြေပေးမယ်ဆို ညနေဘကြီးတို့ခြံလာခဲ့နော် ဆောင်းလည်းသူငယ်ချင်းတွေမသိအောင် အသာလေးခေါင်းငြိမ်ပြ၏" ဆောင်းတို့ရွာက မန္တလေးတိုင်းထဲက အထက်တန်းကျောင်းရှိသော
ရွာကြီးတစ်ရွာဖြစ်လို့ ၊မူလတန်းကျောင်းခွဲသာရှိတဲ့ဘေးရွာက မောင်အောင်ဟာ စက်ဘီးနဲ့အမြဲကျောင်းလာရ၏၊။ဘကြီးတို့ခြံဆိုတာ ဆောင်းတို့ရွာ၌ရှိသော မောင်အောင်ကျောင်းလာရင် စက်ဘီးအမြဲထားနေသော၊သီးပင်စားပင်တို့ဖြင့် ဝေဆာနေသော ခြံကျယ်ကြီးတစ်ခြံဖြစ်လေသည်။ ဘကြီးဆိုသောဦးတိုးမောင်နှင့် ဆောင်းမှာ ဆွေးမျိုးမကင်းသူတွေဖြစ်သောကြောင့် ခြံကိုအလည်သွားလေ့ရှိ၏။ ထိုကြောင့် မောင်အောင်က ရွာခံသူငယ်ချင်းတွေ ဆောင်း၏မိဘတွေ မရိပ်မိအောင် ခြံမှာအချိန်းအချက်ပြုခြင်းဖြစ်လေသည် ။
ညနေ ၄ခွဲ၅နာရီလောက် မောင်အောင်ဟာ အိမ်ကိုကျောင်းကသူငယ်ချင်းတွေဆီအလည်သွားမည့်အကြောင်းပြောပြီးထွက်လာခဲ့လေသည်၊ အိမ်ကနေ မိနစ်၂၀လောက်စက်ဘီးစီးခဲ့သောအခါ ဘကြီးတို့ခြံရောက်လေ၏။၊ဦးတိုးမောင်တို့မိသားစုကလည်း လူငယ်သဘာဝနာလည်ပြီးလည်းဖြစ်သလို့ ဘေးရွာမှမောင်အောင်၏မိဘတွေနှင့်လည်းရင်းနှီး ၊မောင်အောင်ဟာအနေထိုင်အေးတာကိုသိသောကြောင့် မိမိတို့၏အိမ်ခြံနောက်ထဲမှာ နှစ်ယောက်သားလွတ်လွတ်လပ်လပ် စကားပြောစေ၏၊ မောင်အောင်ရောက်ပြီး ဆယ်မိနစ်ခန့်အကြာ ဆောင်းရောက်လာ၏၊
မောင်အောင်ကစပြီး
"လာဆောင်းနောက်ထဲ ပန်းပင်တွေသွားကြည့်ရအောင်
ဆောင်းက အင်းဟင့် အိမ်ရှေ့မှာပဲထိုင်မယ်၊ဆောင်းကရှက်နေ မောင်အောင်ကခေါ်မရ မောင်အောင် နေမထိထိုင်မသာဖြစ်နေတာကို ရိပ်မိတဲ့ ဘကြီးသမီးတစ်ယောက်က ကလေးမခြံထဲမှာပန်းတွေပွင့်နေပြီ မောင်အောင်ခေါ်ပြီးသွားကြည့်လေ "ဆိုမှ ရှက်ရှက်နှင့်လိုက်သွားလေ၏။
အခန်း၂ဆက်ရန်
Keep Reading