Luminous Pai
ဘဝဆိုတာ အချိုးအကွေ့၊ အတက်အကျ များတယ်ဆိုတာ သိပ်မှန်တာပဲ။
ကျနော် ဒီမနက် အောင်လအန်ဆန်းပွဲကို စိတ်အားတက်ကြွစွာနဲ့ စောင့်မျှော်အားပေးနေခဲ့တယ်။
ပွဲလဲစပြီး သိပ်မကြာဘူး။ ပြိုင်ဘက်ဖိုက်တာရဲ့ ချုပ်ကွက်နဲ့ ထိုးချက်တွေကြားမှာ အောင်လတယောက် မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်၊ ခေါင်းထောင်ဖို့လဲ ခက်ခဲနေခဲ့တယ်။
မြန်မာလူမျိုးပီပီ
“လုပ်စမ်းပါကွာ၊ မင်းလုပ်နိုင်ပါတယ်၊ ငါတို့မင်းကို အားပေးနေတယ် ”
အားမလို၊ အားမရဖြစ်နေတဲ့ ဘေးနားက ကျနော့်အဘိုး ပွဲကြည့်ရင်း ထအော်နေတာ။
ဒီလိုနဲ့ပဲ ဒုတိယအချီရဲ့ နှစ်မိနစ်စွန်းစွန်းမှာ အလဲထိုးခံရပြီး ဒိုင်ပွဲရပ်နဲ့ အောင်လ အရှုံးပေးလိုက်ရတယ်။
ပြိုင်ဘက်နဲ့ အသက်အရွယ်ရော၊ ဝိတ်တန်းရော၊ စိတ်ဓာတ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာရော အသိအသာကြီး ကွာဟနေခဲ့တာ လူတိုင်းသတိထားမိမယ်ထင်ပါတယ်။
ပွဲစဝင်လာကတည်းက အောင်လပုံစံဟာ အရင်ပွဲတွေကလို မာန်မျိုးသိပ်မတွေ့ရဘဲ ဟန်ကိုယ့်နေခဲ့တာသာ တွေ့ရတယ်။
တဖက်က တူရကီ အဖြူကောင်ကတော့ ပွဲမစခင်ကတည်းက နှစ်ချီအပြတ်ဖြတ်မယ်ဆိုပြီး ကြိုတင် ကြုံးဝါးနေခဲ့တယ်မလား။
ယခုပြိုင်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်ကျကျ မသိပေမယ့် ကျနော်မြင်မိတဲ့ အောင်လအန်ဆန်းရဲ့ပွဲကို အတိုချုံ့ ပြောပြပေးခဲ့တာဖြစ်ပါတယ်။
ယူတတ်ရင် ရလိုက်မယ့် သင်ခန်းစာကလဲ အများကြီးပါပဲ။
လူဆိုတာ တက်ချိန်၊ ကျချိန်ဆိုတာ ရှိတယ်။
တက်ချိန်မှာ အကောင်းဆုံးကြိုးစားခဲ့လို့ ချီးကျူးခံရသလို၊
ကျချိန်မှာလဲ ဝေဖန်မှုတွေကို ကြံ့ကြံ့ခိုင်နိုင်ဖို့လိုအပ်တယ်။
ပွဲပြီးတော့ အောင်လကို ကျနော် လေးစားမိတယ်။ ကရုဏာလဲသက်မိတယ်။
အကျဘက်ရောက်နေပေမယ့် ထိုးချက်တွေကို မာန်တင်းပြီး တတ်နိုင်သလောက် ရှောင်တယ်၊ တုံ့ပြန်ခုခံတယ်။
ကျနော်တို့ ဘဝမှာလဲ အဲ့လိုပဲ။
ကျနော်တို့အပေါ်မှာကျရောက်နေတဲ့ တာဝန်တွေ၊ ထိုးနှက်ချက်တွေကို အကောင်းဆုံးတောင့်ခံနိုင်ရမယ်။ ပြန်ကြုံးနိုင်ရမယ်။
ကိုယ့်ယုံကြည်မှုအတွက် ကြိုးစားနေချိန်မှာ
အရှုံးတွေလဲ ကြုံရမယ်၊ အောင်မြင်မှုတွေလဲ စံရမယ်။
ကဲ့ရဲ့မှုလဲ ခံရမယ်၊ ချီးမွမ်းမှူလဲ ခံရမယ်။
ပြောရရင် ဘာပဲကြုံလာကြုံလာ ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။
ဘဝက ဘယ်လိုပဲခက်ခဲနေပါစေ ယုံကြည်ချက်အတိုင်း ရှေ့ဆက်ပါ။
Never Give Up ! Never Quit The Game ?
?အမြဲသစ်နေတဲ့ Quality Content တွေနဲ့ အဆက်မပြတ်ရလေအောင် Telegram channel နဲ့ Website ကို Join ထားလို့ရပါတယ်ဗျ။
Telegram - https://t.me/luminouswithpai
Website - https://luminouswithpai.wordpress.com/blog/
? Facebook Page ကိုလဲ Follow ထားလို့ရပါတယ်ဗျ။ ?
LP Offical Page - https://www.facebook.com/profile.php?id=61562678585494&mibextid=ZbWKwL
Personal Fb Acc - https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk
#luminouswithpai
#contentwriting
#AungLaNSang
#personaldevelopment
#lifelessons
#mmafighter
#burmesepython
Keep Reading