Author's Profile Photo

Nway Oo Maung

8/09/2024

ဗီဇ မှီရာ ဝန်းကျင်

1 min read



မဃဒေဝလင်္ကာကျမ်းမှာ မန်လည်ဆရာတော်ဘုရာကြီးက လူငယ်တစ်ယောက်

တော်ဘို့ အောင်မြင်ဘို့ဆိုရင် တခြားအကြောင်းအရာတွေအပြင်

ဗီဇ မှီရာ ပတ်ဝန်းကျင် သုံးခုသောအကြောင်းရာလည်း လိုအပ်တယ်လို့ ရေးသားတော်မူတယ်။

(ဗီဇ မှီရာ ဝန်းကျင်သာဟု၊

သုံးဖြာအကြောင်း၊စုဆုံပေါင်းမှ၊

လူကောင်းလူတော်၊ ထွန်းတောက်ပေါ်လိမ့်။

မဃဒေဝ)

ကဗျာကတော့ နယ်ပယ်အသီးသီးရည်ညွန်းထားတာဖြစ်ပေမဲ့ ကျွန်တော်ကတော့စာပေနယ်အတွက်ပဲ စဉ်းစားကြည့်မိတယ်။

အခုSarPhat ရပ်ဝန်းမှာ ဆုံတွေ့နေရသော စာပေမောင်နှမတွေဟာ လမ်းချင်းတူရင်လူချင်းတွေ့မှာပါဆိုတဲ့ စကားလို့ စာပေဗီဇလေးပါလာကြတာချင်းတူလို့ လာတွေကြရတာလို့ ကျွန်တော်ထင်ပါ​၏။ 

အဒီအတွက်ကြောင့်မို့ စာပေနယ်မှာကျွန်တော်တို့ဟာ အောင်မြင်ဘို့ အကြောင်းသုံးခုထဲက ပထမဆုံးတခုရှိပြီလို့ဆိုရမှာပေါ့နော်။

နောက်ဒုတိယတ၁ခုဖြစ်သောမှီခိုရာကတော့နီးစပ်ရာဆရာသမားများ စာအုပ်တွေကိုမှီခိုရာလို့ထင်ပါတယ်။ တတိယမြောက် ပတ်ဝန်းကျင်ကတော့ ကျွန်တော်တို့အချင်းချင်း အပြန်အလှန် တစ်ယောက်အမှားတစ်ယောက်ထောက်ပြ အချင်းချင်းအသိပညာတွေဖလှယ် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပြီးနောင်အနာဂတ်မှာ ပြိုင်တူထွန်းလင်းတောက်ပကြပါစို့ ။
နွေဦးမောင်
2024.9.8
3:10pm

Keep Reading