HONEY
Want & need!
Want & need ဆိုတာဘာလဲ ။....။
Want ကို ဘယ်နေရာမှာအသုံးပြုကြလဲ။....။
Need ကိုရော ဘယ်နေရာမှာအသုံးပြုကြလဲ။...။
ဘယ်လိုအရာမျိုးတွေမှာ Want & Need ကို ခွဲသုံးမလဲ။...။
အထက်ပါ အချက်4ချက်နဲ့ အတူပြောပြပေးသွားမှာပါဖြစ်ပါတယ်ဗျ။
ပထမဆုံးအချက် Want & need ဆိုတာဘာလဲ ။....။
Want & need ဆိုတာကတော့ ကျွန်တော်တို့ ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုရင် ဒါက ငါ့အတွက်လိုအပ်လား ဒါမှမဟုတ် ဒီပစ္စည်းကို ငါမကိုင်ရလဲဖြစ်တာပဲလေ ဆိုတာကို English လို Want & need ဆိုပြီး ခေါ်ဆိုကြပါတယ်။
ဒုတိယအချက် Want ကို ဘယ်နေရာမှာအသုံးပြုကြလဲ။....။
Want ဆိုတာကတော့ ဥပမာ ကိုယ်က ရေမွှေးလိုချင်တယ်ပေါ့၊ ဒါပေမဲ့ ဈေးကအတော်ကြီးတယ်။ အဲ့တာကို ငါမရလဲ ဘာမဖြစ်ဘူးဆိုပြီး မဝယ်ပဲနေတဲ့အခါမှာ Want ကို အသုံးပြုကြရပါတယ်။ နောက်တစ်ခု ကိုယ်က အသက် ၁၀ကျော် ၁၅/၁၆လောက်ပဲရှိသေးတယ် ဆိုပါတော့ ကိုယ်လိုချင်တာက ကိုယ်နဲ့
မလိုက်ဖက်တဲ့အရာလဲဖြစ်တဲ့အတွက် want ကို ရွေးချယ်ပြီး ကိုယ်အတွက်လိုအပ်မယ်ထင်တာတွေ လုပ်သင့်ပါတယ်။ ကျွန်တော်တို့ အသက် ၁၅/၁၆ဆိုတာ အလွန်ငယ်ပါသေးတယ်၊ လကုန်အိမ်ကမုန့်ဖိုးပေးကြတိုင်း လိုချင်တာတွေကို တန်းစီပြီး ကိုယ့်မုန့်ဖိုးနဲ့ပါမကာမိအောင် အသုံးပြုနေကြသူများကိုလည်း တွေ့မြင်ကြရပြန်ပြီ။ အဲ့လိုတွေသုံးမဲ့အစား ကိုယ့်အတွက်လိုအပ်တဲ့ စာအုပ်၊ စာရေးကရိယာတွေကို ဝယ်ရင်တောင် ငွေသူ့လောက်မကျသင့်ပါဘူး။ သို့ပေမဲ့ အသိပညာချင်းတော့ ကွာခြားသွားပါလိမ့်မယ်။ စာပေပညာက ဘယ်ချိန်ဘယ်အခါ အသုံးချချ ပျောက်ပျက်မည့်အရာမဟုတ်ပါ။ ငယ်သေးတဲ့အချိန်မှာ ကိုယ်နဲ့မဆိုင်တဲ့အရာတွေကို အသုံးမပြုရလို့လဲ ဘာမဖြစ်ပါဘူး၊ သူ့အရွယ်နဲ့သူ ရောက်ခဲ့ရင် ဒီပစ္စည်းတွေထက် ကောင်းတာတွေလဲ ပေါ်လာနိုင်ပါတယ်။
တတိယအချက်ဖြစ်တဲ့ Need ကိုရော ဘယ်နေရာမှာအသုံးပြုကြလဲ။...။
Need ဆိုတာက ကျွန်တော်တို့ ဒီအရာကိုလိုချင်တယ် ရမှကိုဖြစ်မယ်ဆိုတဲ့အချိန်မှာ need ကို အသုံးပြုကြရပါမယ်။
နောက်ဆုံးအချက်ဖြစ်တဲ့ ဘယ်လိုအရာမျိုးတွေမှာ Want & Need ကို ခွဲသုံးမလဲ။...။
ကျွန်တော်တို့ ကိုယ့်အတွက်တကယ့်မရှိမဖြစ်တဲ့ အရာတွေကို need အနေနဲ့ အသုံးပြုပြီး ဒါကိုငါအသုံးမပြုရလဲ ဘာမဖြစ်ဘူးဆိုတဲ့ အတွေးဖြင့် သေချာဆုံးဖြတ်နိုင်တဲ့ စဉ်းစားဉာဏ်များရကြပါစေ။
စာရေးသူကိုယ်တိုင် ၁၅ကျော် ၁၆လောက်ဖြစ်နေပေမဲ့ အခုချိန်ထိ ဘယ်အရာမှ မဝယ်ခဲ့ပါ။ အမြဲဝယ်မယ်ဆိုတိုင်း want & need ခွဲရင်း want ကိုပဲ ရွေးခဲ့တာလဲပါတယ်။ ပိုက်ဆံကိုလဲချွေတာရင်း ကိုယ့်အတွက်လိုအပ်တာလား မလိုအပ်တာလား ကောင်းစွာဆုံးဖြတ်နိုင်ကြပါစေ။
#အဆင်ပြေစေလို့ဖြင့်...
#ဟန်နီ
(8.9.2024) (12:44Am)
Keep Reading