Author's Profile Photo

Khin (ခင်)

7/09/2024

အရမ်းလွယ်တဲ့မေးခွန်းတွေကို‌ ကျွန်တော်မဖြေတတ်တော့ဘူး

1 min read
Life Style
  • မင်းကြီးလာရင်ဘာဖြစ်ချင်လဲ?
  • မင်းရဲ့ဝါသနာကဘာလဲ?
  • မင်းကလူကောင်းလား?
  • မင်းကဘယ်သူလဲ?
  • မင်းအကြိုက်ဆုံးအရာကဘာလဲ?





ခင်ဗျားရဲ့အဖြေကဘာလဲ? ခင်ဗျားအဖေ ခင်ဗျားကိုဖြစ်စေချင်တဲ့အရာမဟုတ်ဘူး။ ခင်ဗျားအမေ ဖြစ်စေချင်တဲ့အရာလဲမဟုတ်ဘူး။ ခင်ဗျားအနားကလူတွေ ခင်ဗျားကိုဖြစ်စေချင်တဲ့အရာလဲမဟုတ်ဘူး။ ခင်ဗျားဆန္ဒအရ ဖြစ်ချင်ခဲ့တဲ့အရာ။ အခုဖြစ်နေပြီလား? မဖြစ်နိုင်တော့ဘူးလား? ကြိုးစားပြီးပြီလား?

ခင်ဗျားအဖြေကို ကျွန်တော်မသိဘူး။ ကျွန်တော်သိချင်မိတယ်။ ဖြစ်ချင်တဲ့အရာကို မဖြစ်နိုင်ပါဘူးဆိုပြီး မကြိုးစားဘဲ နေခဲ့တာလား? ခင်ဗျား အဖေ/အမေနဲ့ အခြားသူတွေဖြစ်ချင်တာကို ခဗျားဖြစ်ချင်တာလို့မှတ်ထားခဲ့တာလား? ခင်ဗျားတကယ်ဖြစ်ချင်တာကဘာလဲ?ဖြစ်ချင်တာတွေ အရမ်းများနေတာလား?

ခင်ဗျားတို့သိလား။ ကျွန်တော်ဘာဖြစ်ချင်တာလဲ ကျွန်တော်မသိတော့ဘူး။ ကျွန်တော့်မေးခွန်းတွေကို ဖြေပေးမဲ့လူသာရှိရင် ကျွန်တော်ဖြစ်ချင်တာဘာလဲဆိုတာ သိရမှာလို့ ကျွန်တော်မျှော်လင့်တယ်။ ဒါမဲ့အဲ့လူကိုကျွန်တော် ရှာမတွေ့သေးဘူး ။


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်