Khin (ခင်)
ခင်ဗျားရဲ့အဖြေကဘာလဲ? ခင်ဗျားအဖေ ခင်ဗျားကိုဖြစ်စေချင်တဲ့အရာမဟုတ်ဘူး။ ခင်ဗျားအမေ ဖြစ်စေချင်တဲ့အရာလဲမဟုတ်ဘူး။ ခင်ဗျားအနားကလူတွေ ခင်ဗျားကိုဖြစ်စေချင်တဲ့အရာလဲမဟုတ်ဘူး။ ခင်ဗျားဆန္ဒအရ ဖြစ်ချင်ခဲ့တဲ့အရာ။ အခုဖြစ်နေပြီလား? မဖြစ်နိုင်တော့ဘူးလား? ကြိုးစားပြီးပြီလား?
ခင်ဗျားအဖြေကို ကျွန်တော်မသိဘူး။ ကျွန်တော်သိချင်မိတယ်။ ဖြစ်ချင်တဲ့အရာကို မဖြစ်နိုင်ပါဘူးဆိုပြီး မကြိုးစားဘဲ နေခဲ့တာလား? ခင်ဗျား အဖေ/အမေနဲ့ အခြားသူတွေဖြစ်ချင်တာကို ခဗျားဖြစ်ချင်တာလို့မှတ်ထားခဲ့တာလား? ခင်ဗျားတကယ်ဖြစ်ချင်တာကဘာလဲ?ဖြစ်ချင်တာတွေ အရမ်းများနေတာလား?
ခင်ဗျားတို့သိလား။ ကျွန်တော်ဘာဖြစ်ချင်တာလဲ ကျွန်တော်မသိတော့ဘူး။ ကျွန်တော့်မေးခွန်းတွေကို ဖြေပေးမဲ့လူသာရှိရင် ကျွန်တော်ဖြစ်ချင်တာဘာလဲဆိုတာ သိရမှာလို့ ကျွန်တော်မျှော်လင့်တယ်။ ဒါမဲ့အဲ့လူကိုကျွန်တော် ရှာမတွေ့သေးဘူး ။
Keep Reading