Author's Profile Photo

Noon (နွန်း)

7/09/2024

ချုံထဲက ကျွန်မဘဝ အပိုင်း-၂ (ဇာတ်သိမ်းပိုင်း)

4 mins read
Life Style
Education
General Knowledge
ချုံထဲက ကျွန်မဘဝ 
အပိုင်း-၂ (ဇာတ်သိမ်းပိုင်း)'s photo

နွေ၏ ဘဝမှာ ခုနှစ်တန်းအရွယ်ပင် သစ္စာဖောက်ခံရခြင်း၊ကဲ့ရဲ့ရှုံ့ချခံရခြင်း၊မျက်နှာပျက်ခြင်းစသော စိတ်ဝေဒနာများ ခံစားတတ်လာခဲ့သည်။

‌‌သို့သော် နွေ၏ဘဝမှာ မှောင်မိုက်ခြင်းကို ပျော်ရွှင်ခြင်းနှင့်ဖုံးအပ်ရန် အစပြုလာခဲ့သည်။ ရှစ်တန်းကျောင်းအရွယ်၌ နွေ ကျူရှင်တစ်ခုကို ပြောင်းတက်ခဲ့ရသည်။ ထိုကျူရှင်တွင် နွေ့အရွယ်ကလေးများ၁၅ယောက်မျှရှိခဲ့သည်။နွေ မမြင်ဖူးသူများမဟုတ်‌ပေ။ငယ်ငယ်က အခန်းအတူတူနေခဲ့ကြသော အတန်းဖော်များဖြစ်သည်။ နွေ အရမ်းပျော်ခဲ့သည်။ ကြောက်လည်းကြောက်နေခဲ့သည်။ ထိုကလေးများသည် အတန်းဖော်ဖြစ်ဖူး‌သော်လည်း
နွေအတွက်တော့ သူစိမ်းများပင်ဖြစ်သည်။
နွေ့မှာ သူတို့အား မခေါ်မပြောတတ်ပေ။

နွေ၏ဘေးတွင် ဇင်ဆိုသော ကလေးမလေးထိုင်သည်။ သူ၏ပုံသဏ္ဍန်မှာ ခပ်အေးအေး၊မျက်နှာတည်တည်နေသောကြောင့် မခေါ်ရဲ။ ထိုသို့ဖြင့် ကျောင်းဖွင့်ချိန်ရောက်လာခဲ့သည်။ ကံချင်းဆက်စပ်‌သောကြောင့် ကလေး၁၅ယောက်လုံးသည် နွေနှင့် အခန်းတူတူ နေရသည်။ နွေ့မှာလည်း မျက်နှာတည် ဇင် ဆိုသောကလေးနှင့်အတူ ထိုင်ခဲ့ရသည်။

ထိုနေ့မှစ၍ နွေတို့ စကားစပြောဖြစ်ခဲ့သည်။ စကားပြောဖြစ်စေသည့် အကြောင်းအရင်းမှာ Korean Kpop EXO အဖွဲ့ကြောင့်ဖြစ်သည်။ နောက်နေ့ရက်များတွင် နွေနှင့်ဇင်သည် သူငယ်ချင်းအရင်းများဖြစ်သွားကြတော့သည်။
ကျူရှင်၌ နွေ၏သူငယ်ချင်းများနှင့် ပထမဆုံးမွေး‌နေ့ပွဲလေးအတူတူလုပ်ဖြစ်ခဲ့သည်။ နွေသည် သူငယ်ချင်းများနှင့် မွေးနေ့ပွဲ လုပ်ဖူးသူမဟုတ်ပါ။ နွေအတွက် ထိုနေ့သည် တစ်သက်တာ အမှတ်ရစေမည့်နေ့လေးဖြစ်ခဲ့သည်။

နွေနှင့်အတူ ဇင်တို့ Math ထူးချွန်စာမေးပွဲဖြေရန် ကြိုးစားခဲ့ကြသည်။ သို့သော် ထိုအချိန်တွင် မြန်မာနိုင်ငံတွင် ဆင်တုပ်ကွေးဖြစ်နေချိန်ဖြစ်သည်။ ကံမကောင်းချင်၍ နှစ်ယောက်လုံးမှာ ထူးချွန်ဖြေမည့်နေ့၌ တုပ်ကွေးမိခဲ့ရလေသည်။နွေတို့၏ သူငယ်ချင်း အေး ဆိုသူက ဝင်ဖြေနိုင်ခဲ့ကာ ဆုရခဲ့သည့် အကြောင်းကို ပြောခဲ့သည်။နွေတို့ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရသည်။ ကြိုးစားသမျှ သဲထဲရေသွန်သကဲ့သို့ ခံစားခဲ့ရသည်။မည်မျှပင် ဝမ်းနည်းသော်လည်း နွေတွင်ခံစားဖော် သူငယ်ချင်းတစ်ယောက်ရှိခဲ့ရသည်။

၂၀၂၁ ခုနှစ်COVID-19 ဖြစ်ချိန်မှစ၍ နွေနှင့်ဇင်တို့မတွေ့ဖြစ်ခဲ့ကြပေ။ ဤသို့ဖြင့်တစ်ရွေ့ရွေ့နှင့် နွေတို့အဆက်အသွယ်မရှိခဲ့ကြတော့။ ၂၀၂၂ခုနှစ်တွင်သင်တန်းတစ်ခုတက်ရောက်ခဲ့‌သည်။ ထိုသင်တန်း၌ သင်တန်းသား၂၁ယောက်ရှိ‌သည်။ထို၂၁ယောက်တွင် ဆရာကြီးလုပ်တတ်သည့် မိန်ကလေးတစ်ယောက်ကမ‌ဖြစ်မနေပါသည်။ချမ်းသာသည့်အသိုင်းအဝိုင်းကဖြစ်သော်လည်း အနေအထိုင်မဆင်ခြင်တတ်။မိန်းကလေးများနှင့် ရန်ဖက်ကဲ့သို့ဖြစ်နေလေသည်။

သို့သော် နွေ သူငယ်ချင်း၁၁ယောက်ရခဲ့သည်။ စိတ်တူ၊ကိုယ်တူသူငယ်ချင်းများဖြစ်၍ အတူတူတိုင်ပင်ခွင့်၊ရင်ဖွင့်ခွင့်ရခဲ့လေသည်။ထမင်းစား၊ရေသောက်ပင် အတူတူတွဲသွား၊တွဲလာလုပ်ခဲ့ကြသည်။ ရန်ဖြစ်ခြင်း၊မနာလိုခြင်းမရှိသည့် သူငယ်ချင်းအဖွဲ့ကို နွေ ရရှိခဲ့သလိုပင်။နွေအတွက် မရခဲ့ဖူးသော သူငယ်ချင်းဆက်ဆံရေးကို ထိုကလေး၁၁ယောက်က နွေးထွေးမှုဖြင့်ပေးခဲ့ကြသည်။
ထိုသို့ သူငယ်ချင်းများစွာနှင့် နွေ၏ဘဝမှာမနေခဲ့ဖူးပေ။ထူးဆန်းသည်ကား နွေ၏မွေး‌ရက်၊လ၊နှစ်တူနေသော သူငယ်ချင်း"ဝေဝေ"ကလည်းရှိနေခဲ့သည်။

(အွန်း... ဒီတစ်နှစ်ဟာ ငါ့အတွက် သူငယ်ချင်းတွေနဲ့ အပျော်ရဆုံးပဲ။

ပြီးတော့ ငါနဲ့‌နာမည်အစနှင့်အဆုံး မလွဲဘဲ တစ်ထေရာတည်းတူတဲ့ မိန်းကလေးလည်းရှိသေးတယ်။

အတူတူမွေးနေ့ပွဲလေးလုပ်ဖြစ်အောင် ကြိုးစားကြည့်ရမယ်။)

နွေနှင့် ဝေဝေတို့ မွေးနေ့ပွဲလေးတူတူလုပ်ဖြစ်ခဲ့သည်။
နွေ၏ သူငယ်ချင်းများနှင့် ဒုတိယအကြိမ်မွေးနေ့ပွဲလေး ရလာခဲ့‌လေသည်။

နွေ့မှာ ကံတရားကြောင့် နောက်သင်တန်းအသစ်တစ်ခုဖြစ်သည့် မြင့်မိုရ်သို့ ပြောင်းရွေ့ခဲ့ရသည်။ ပျော်ရွှင်ရသည်မှာ နှစ်နှစ်ပင်မပြည့်သေး။ ပြောင်းရွေ့ချိန်မှ စ၍ နွေ၏ဘဝ ကံဆိုးမိုးမှောင်ကြလာခဲ့ပြန်လေသည်။

ပထမဆုံးရက်၌ပင် ခက်ကြောင်ကြောင်ဖြစ်ခဲ့ရသည်။ သင်တန်း၌ ဘာလိုအပ်သည်၊ဘယ်စည်းမျဉ်းလိုက်နာရမည် ဆိုသည့် အကြောင်းအရာကို ပြောပြသူမရှိခဲ့ပေ။ အတန်းစောင့်ဆရာမကလည်း နွေကို မစောင့်ပေးခဲ့ချေ။ တစ်ပတ်အကြာတွင် နွေသိသင့်သမျှ သိခဲ့ရ၍ ကျင့်သားရလာခဲ့သည်။ထိုအချိန်၌ သင်တန်းသူအသစ် ဟန် ရောက်လာခဲ့သည်။ နွေသည် သင်တန်းသူ အသစ်ကို မသိနားမလည်‌ခဲ့သော‌ နွေကဲ့သို့ မဖြစ်စေချင်။ သိသမျှ၊လိုအပ်သမျှကို နွေ ပြောပြပေးခဲ့သည်။ ဟန်၏ပထမဆုံးရက်ဖြစ်သည့်အတွက် စိတ်မကောင်းမဖြစ်စေရန်ခွန်အားပေးကာ စကားပြောပေးခဲ့သည်။ ဟန်နှင့် နွေအပါအဝင် ထိုသင်တန်း၌ သင်တန်းသူ၃ယောက်သာရှိခဲ့သည်။

နှစ်တစ်ဝက်ရောက်သောအခါ နွေဘဝ၏ အမြတ်နိုးစရာ၊နွေ၏နာမည်ဖြင့် လောင်းကစားအလုပ်ခံခဲ့ရသည်။ နွေ၏နာမည်ကို အသုံးချကာ နွေ၏သူငယ်ချင်းဟန် အား

(နွေကို နှစ်ပတ် မခေါ်ဘဲ‌ နေနိုင်ခဲ့ရင် နင့်ကိုငွေပေးမယ်၊ငါလည်း ငါ့သူငယ်ချင်းကိုမခေါ်ဘဲ နေနိုင်ခဲ့ရင် ငါ့ကိုပြန်ပေးရမယ်)
ဟုဆိုကာ လောင်းကစားလုပ်ခဲ့ကြသည်။
သို့သော် ထိုလောင်းကစားလုပ်သူ(စိုး)က‌တော့ သူ၏သူငယ်ချင်းကို တိတ်တိတ်လေးခေါ်၍ ‌ဟန်ကို လောင်းကစားဆက်လုပ်စေခဲ့သည်။ ‌

(နောက်ဆုံးတွင် စိုးက နွေကို ခေါ်ချင်သလို၊မခေါ်ချင်သလိုလုပ်ကာ နွေနှင့်ဟန်တို့၏သူငယ်ချင်း ဆက်ဆံရေးကို ဖျက်ဆီးခဲ့သည်။ သူငယ်ချင်းအဖြစ်က ရပ်ဆဲတော့မလိုပင်။ အကယ်၍ ဟန် သာ လောင်းကစားကိစ္စ‌မပြောပြဘဲ ဆက်နေခဲ့လျှင် နွေသည် နွေ၏သူငယ်ချင်းအရင်းဖြစ်သည့် ဟန်ကို ဆုံးရှုံးရတော့မည်။)

နွေ့မှာ သတင်းအစုံသိရပြီး နောက်တစ်ရက်၌
ဟန်နှင့် အတူတူ‌ စိုးကို ခေါ်ကာ အမှန်အတိုင်းဝန်ခံရန် ပြောခဲ့သည်။ သို့သော် စိုး မှာ ဝန်မခံခဲ့။
သူ့အစားဖြူစင်သော မော် က မော်လုပ်သည်ဟု ဝန်ခံကာ ‌စိုးကိုကာပေးခဲ့သည်။ ‌အမှန်တိုင်းဝန်ခံရန် ထပ်ပြောသော်လည်း စိုးသည် မသိသလိုနေ၏။ အများအမြင်တွင် သူမှန်သည်၊ သူဖြူစင်သည်၊
သူဘာမှမသိဟူသည့် ပုံစံဖြင် ငိုခဲ့သေးသည်။ ငိုသည်သာမက သင်တန်းမှ ဆရာမအား သွားပြောခဲ့‌လေသည်။
နွေလည်း စိတ်နာ၍ "သူ့ကံသူပြန်ခံရမည်"ဟုတွေးကာ ဟန်နှင့် တူတူသင်တန်းနှစ်ဆုံးသည်အထိ ပျော်ပျော်ရွှင်ရွှင်ပေါင်းသင်းခဲ့ကြသည်။

သင်တန်းနောက်ဆုံးထိပင် ထိုကလေးမ စိုးသည် လောင်းကစားလုပ်ခဲ့သည်ကို ဝန်မခံခဲ့ပေ။


နွေ၏ မွေးနေ့အတွက် Birthday Wishရေးသည့် စာအုပ်‌ထဲပင် စိုး မပါတော့ပေ။ နွေ၏ ဘဝမှာ စိုးဟာ သင်ခန်းစာပေးခဲ့သည့် လေအဖြစ်ပြောင်းလဲသွားခဲ့သည်။ ယုံကြည်ခဲ့သည့်သူငယ်ချင်းမှ သစ္စာဖောက်ခြင်းခံခဲ့ရသည့်စိတ်၊နောက်ကျောကိုဓားနှင့် အထိုးခံခဲ့ရသည့် စိတ်ကြောင့်ဖြစ်သည်။
နွေသည် လိမ်သောသူကို မုန်းတတ်သည်။
သူငယ်ချင်းဆုံးရှုံးရမည်စိုး၍ စိုးအား အခွင့်အရေးများစွာပေးခဲ့သည်။ နောက်ပိုင်းတွင်လည်း စိုးကြောင့် ပြဿနာအဖြစ်အပျက်များစွာလည်း ဖြစ်ပျက်ခဲ့ရသည်။ မျက်ရည်မကျခဲ့ဖူးသော နွေလည်းဒေါသမျက်ရည်ကျခဲ့ရသည်။

ငယ်ဘဝတွင် ပျော်ရွှင်မှုကို တူတူခံစားပေးမည့် သူငယ်ချင်းများရခဲ့သလို နောက်ကျောကို ဓားနှင့် ထိုးမည့် သူငယ်ချင်းများလည်းရခဲ့သည်။

ထိုသို့ သင်ခန်းစာများစွာနှင့် နွေမှာ ကြီးပြင်းလာခဲ့ရသည်။ငယ်ရွယ်စဉ်ကပင် နွေသည်  ချုံပုတ်မ၊ခေါင်းပျက်မ၊ပါးစပ်မပါတဲ့လူ ဟုဆိုကာ နာမည်အတတ်ခံခဲ့ရသည့် ကလေးငယ်ငယ်လေးဖြစ်ခဲ့သည်။ 


နွေ၏ ဘဝမှာ လမ်းဘေးမှာ ဈေးရောင်းရသော ကလေး‌လောက်ဘဝမဆိုး‌ခဲ့ပေ။
သို့သော် ခံစားချက်နှင့် ယှဉ်ရလျှင် နွေသည် သူ့ဘဝအတွက် အဆိုးရွားဆုံးစကားလုံးများ၊အဖြစ်အပျက်ဆိုးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

ထိုဒဏ်များကို‌ ကျော်ဖြတ်ကာ
နွေ ~ပူလောင်မှု~ (ဇာတ်ကောင်နာမည် )နှင့်အတူ
ယနေ့ Noon( နွန်း ) သည်တည်ရှိလာခဲ့ခြင်းဖြစ်သည်။


ဒီပုံပြင်လေးရဲ့ ရည်ရွယ်ချက်က မြန်မာသာမက ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ လူငယ်ကလေးအရွယ် ဖြစ်ပျက်တတ်တာလေးတွေပေါ့။

ကျောင်းနေအရွယ်မှာ ဆရာမ၊သူငယ်ချင်း စတဲ့ အဘက်ဘက်က ပေးတဲ့ဒဏ်ကြောင့် ခံစားနေရတဲ့ ကလေးငယ်လေးရဲ့ ဘယ်လိုခံစားချက်ဖြစ်ခဲ့လဲ၊ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ၊ကလေးလေးပါဆိုတဲ့ စကားတစ်ခွန်းနဲ့ ဘယ်လောက်တောင် ဖိနှိပ်ခံခဲ့ရလဲ

ဒီလိုကလေးငယ်တွေ ကမ္ဘာ့တစ်နေရာရဲ့ အမှောင်ဘက်ခြမ်းမှာ ဘယ်လောက်တောင်များနေလိုက်မလဲ တွေးကြည့်မိတယ်။ ခံစားချက်သေးသေးလေးကို ခံစားဖူးရာကနေ ဘာမဟုတ်တဲ့‌လောကမှာ စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ အခက်အခဲ‌တွေကို ကျော်ဖြတ်ခဲ့ရပုံလေးပါ။ဖတ်ရင်တော့ ဘာမှမပေးသလိုခံစားရပေမယ့်

၁။ နွေရဲ့သူငယ်ချင်းတွေလိုမျိုး တစ်ပါးသူရဲ့ခံစားချက်ထိခိုက်အောင် လွယ်လွယ်နဲ့ မပြောမိစေဖို့၊

၂။ နွေလို အဖြစ်အပျက်ကို ကြုံရသူတိုင်းလည်း
အားမငယ်စေဖို့၊

၃။ သင်ခန်းစာယူကာ သူတို့ပေးခဲ့တဲ့ သင်ခန်းစာနဲ့ အတူအောင်မြင်စေဖို့ ကြိုးစားနိုင်အောင် ခွန်အားဖြည့်ပေးခြင်းပါ။

~~~~~

ဒီလို ဘာမဟုတ်တဲ့ ကလေးလေးကနေ
အားမငယ်ဘဲ ဘဝအကြောင်းကို ရေးနိုင်ဖို့
သတ္တိရှိတဲ့ စာရေးသူ‌လေးဖြစ်ခဲ့သေးတာပဲ။
စာဖတ်သူတို့က နောင်တစ်ခါမှာ
အောင်မြင်သွားတဲ့ နောင်လာနောက်သားတွေ
ဖြစ်အောင်ကြိုးစားခွင့်ရှိတယ်။
အားငယ်နေရင်းက သိမ်ငယ်သွားပြီး ဘာမဟုတ်တဲ့သူအတွက် အချိန်ကို အလကားမဖြစ်စေနဲ့။
အားမငယ်ဘဲ ရှေ့ဆက်လှမ်းပါ။

ဒါလေးက ပထမဆုံးရေးတဲ့ အရေးဟန် ပုံပြင်လေးဖြစ်တော့ အရေးအသားလေးတွေ တော်တော်လိုနေတာရှိပါလိမ့်မယ်။

အားလုံးကို ချစ်ခင်လျှက်~~

Noon (ခ) Noon Hnin Wai 
7.9.2024 [6:55 PM]


Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း