Author's Profile Photo

May Wathone (ချမ်း)

7/09/2024

လူငယ်နှင့်ရည်မှန်းချက်

1 min read
Life Style
Education
General Knowledge
လူငယ်နှင့်ရည်မှန်းချက်'s photo

လူငယ်တွေကို မေးခွန်းတချို့မေးပါမယ်။

- ကိုယ့်ရည်မှန်းချက်ကိုကော သေချာသိရဲ့လား။
- အချစ်ကိုပဲ ဦးစားပေးတော့မှာလား။
- အချစ်ကြောင့်နဲ့ပဲ ကိုယ့်အိမ်မက်တွေ ရည်မှန်းချက်
တွေကိုအဆုံးရှုံးခံတော့မှာလား။

ယခုခေတ် လူငယ်တွေကိုကြည့်လိုက် အများစုက
လမ်းပျောက်နေကြတယ်။ အရှက်တရားကင်းမဲ့လာကြတယ်။ ရည်းစားတွေ တစ်ယောက်ပြီး တစ်ယောက်ထားလာကြတယ်။ ငယ်ငယ်ရွယ်ရွယ် ၁၄,၁၅,၁၆ လောက်နဲ့
အိမ်ထောင်ပြုလာကြတယ်။
တနေ့တနေ့ Social Media ပေါ်မှာပဲ အချိန်ကုန်ခံနေကြတယ်။
TikTok ပေါ်မှာ မိန်းကလေးတွေ ဖင်လှုပ်၊ရင်လှုပ် ကလာကြတယ်။

ကဲ....
ဘယ်မှာလဲမင်းတို့ရဲ့ ရည်မှန်းချက်အတွက် ကြိုးစားအားထုတ်မှု။
ဘယ်မှာလဲမင်းတို့ရဲ့ အရှက်သိက္ခာ။
ဗိုလ်ချုပ်ပြောတဲ့ *ာနိုင်ငံ နီးနီးဖြစ်နေပြီ ဆိုတာကောမင်းတို့သိလား။

ပြီးရင်မင်းတို့ လူကြီးတွေကိုအပြစ်တင်ကြအုံးမယ်။ 'လူငယ်တွေကိုမျက်နှာသာမပေးလို့ ဒီလိုဖြစ်နေတာ' ဆိုပြီးတော့လေ။ တကယ်ကြိုးစားမပြပဲ ဘယ်သူကမျက်နှာသာပေးချင်မှာလဲ။ မင်းသာ နေရာတစ်ခုထိရောက်အောင် ကြိုးစားပြလိုက် သူတို့တွေမင်းကိုနောက်ကအပြည့်အဝ support ပေးလိမ့်မယ်။
လေကြီးနေလို့တော့မရဘူးနော် အပြောနဲ့ အလုပ်နဲ့ ညီအောင်တော့လုပ်ရမယ်။

အချစ်ဆိုတဲ့အရာကလည်း အခုအချိန်မှာမလိုသေးဘူးလို့တော့ ထင်မိသား။ တို့တွေအရွယ်ကရည်မှန်းချက်ကိုအကောင်အထည်ဖော်ရမဲ့အရွယ်၊ အသိပညာ ဗဟုသုတတွေ ဒီထပ်မက ပိုသိ၊ပိုတိုးတက်အောင် လုပ်ရအုံးမယ့် အရွယ်လေ။ အချိန်တန်ရင် အချစ်ဆိုတဲ့အရာကို စဥ်းစားရမှာပဲလေ။ ကျွန်မလည်း လူငယ်တစ်ယောက်ပါ ဒါပေမဲ့ ကျွန်မက အချစ်ကိုဦးစားမပေးပဲ ကိုယ့်ရည်မှန်းချက်ကိုပဲ အကောင်အထည်ဖော်နေတဲ့ လူငယ်တစ်ယောက်ပါ။

ဆိုတော့...
အခုကစပြီး အချစ်ဆိုတဲ့အရာကို ခနဖယ်ထားပြီး ကိုယ့်ရည်မှန်းချက်ကိုပဲ အကောင်ထည်ဖော်လိုက်ပါ။ နောက်မွေးလာမဲ့ ကလေးတွေအတွက် ရှေ့က စံပြတစ်ယောက်ဖြစ်အောင် ကြိုးစားပြလိုက်ပါ။


စာဖတ်သူအားလုံးကို လေးစားလျက်.....

-May Wathone(ချမ်း)
7.9.2024(Saturday)

#May_Wathone
#Sarphat_Author

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း