Author's Profile Photo

Sandi Cho

7/09/2024

အနာဂတ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေအတွက် ☘

1 min read
Life Style
Personal Development
18 Again
အနာဂတ်ကို စိုးရိမ်နေကြတဲ့ လူငယ်တွေအတွက် ☘'s photo


ခုရက်ပိုင်း ချို့ကို ရင်ဖွင့်ကြတဲ့သူတွေရှိတယ်။သူတို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ၊ သောကတွေ ဖြစ်နေကြရတယ်။ အခက်အခဲတွေ၊ အတားအဆီးတွေကြောင့် အနာဂတ်ပျောက်သလို ခံစားလာရတယ်။ တကယ်တော့ဒါတွေဟာ ပုံမှန်ပါပဲ။ ချိုလည်း အဲလိုပဲခံစားခဲ့ရတာပါ။

လူတွေဆိုတာ မသေချာတဲ့လမ်းကို သွားဖို့ကြောက်ကြပါတယ်။ကိုယ်အတွက် လုံခြုံမှု၊ ဖူလုံမှု မရှိတဲ့ ဘ၀ထဲရောက်သွားမှာကြောက်တတ်ကြတယ်။ တိကျသေချာမှုမရှိတဲ့ ဘ၀ကို မုန်းကြတယ်။အဲဒါကြောင့်အနာဂတ်ကို စိုးရိမ်ကြတယ်ပေါ့။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် လောကကြီးဆိုတာက အစကတည်းက မတည်မြဲခြင်းတွေနဲ့ ဖွဲ့စည်းထားခဲ့တာ။

✰ ပစ္စည်းဥစ္စာဆိုတာလည်းမတည်မြဲဘူး။

✰ ချစ်ခြင်းမေတ္တာဆိုတာလည်း မတည်မြဲဘူး။

✰ အသက်ဆိုတာလည်း မတည်မြဲပါဘူး။

အဲတော့ ချိုတို့အနေနဲ့ မတည်မြဲခြင်းတွေကို အရင်လက်ခံနိုင်အောင်လုပ်ရပါမယ်။ ပြောင်းလဲမှုတွေကိုလည်း မကြောက်ပါနဲ့။ ကိုယ့်ကို ပိုကောင်းစေဖို့ ဖြစ်ပေါ်လာတဲ့အရာတွေကို ခံယူပြီးရှေ့ဆက်ပါ။

အသက်ရှင်နေရတာက ပင်လယ်ထဲကို မြောပါနေရသလိုပဲ။ လောကဓံကို ကြံ့ကြံ့ခံကြဖို့လူတွေကပြောကြတယ်။ ချိုကတော့ လောကဓံအတိုင်း စီးမြောလိုက်ပါနိုင်ဖို့ပဲ ကြိုးစားတယ်။ ကိုယ့်မှာဖြစ်ပေါ်လာတဲ့အရာတွေကို ငြင်းဆန်နေတာထက် အဲအရာတွေကို လက်ခံပြီး ဘယ်လိုရှေ့ဆက်ရမလဲဆိုတာပဲ စဉ်းစားသင့်တယ်လို့ထင်တယ်။

ကိုယ်လမ်းကြောင်းတစ်ခုကို ရွေးချယ်ပြီးပြီဆို ကိုယ်ရဲ့ ခံယူချက်အတိုင်း ရှေ့ဆက်ပါ။ ဘယ်တော့မှ နောင်တမရပါနဲ့။ဘ၀ဆိုတာ ခရီးတစ်ခုလိုပါပဲ။ ဆက်သာလျှောက်နေ။ တစ်နေ့နေ့တော့ တစ်နေရာရာကို ရောက်သွားမှာပါ။အဓိက ကတော့ ပစ္စုပ္ပန်မှာ မရပ်တန့်လိုက်ဖို့ပါပဲ။


ချို့ရဲ့ တီချယ်အမြဲတမ်းပြောတဲ့ စကားလေးရှိတယ်။

“ဒီနေ့ကို အကျိုးရှိစွာဖြတ်သန်းလိုက်ရင် အနာဂတ်မှာလည်း အကျိုးရှိတဲ့ သူတစ်ယောက် ဖြစ်လိမ့်မယ်တဲ့”။

မမြင်ရတဲ့အနာဂတ်အတွက် တွေးပူနေမယ့်အစား ကိုယ်ရရှိနေတဲ့ ဒီနေ့တစ်နေ့တာလေးကိုပဲ အကောင်းဆုံးဖြတ်သန်းကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

ဒီနေရာမှာ ရည်မှန်းချက်တွေကရော ဘယ်လိုလုပ်မလဲ။ မပြည့်နိုင်တော့ဘူးလားလို့ မေးရင်တော့ ပြည့်နိုင်တာပေါ့။ချိုတို့ရည်မှန်းချက်က ဆရာမဖြစ်ဖို့ပဲထား။ဒါပေမယ့် ပညာရေးကရပ်တန့်သွားပြီဆို ချိုတို့ဆရာမ မဖြစ်နိုင်တော့ဘူးဘဲ လူအများစုကထင်ကြမှာ။ ဒါပေမဲ့ အဲ့လူက ဘာသာစကားတစ်ခုခုလေ့လာပြီးပြန်သင်ပေးတဲ့ ဆရာမလည်းဖြစ်နိုင်သေးတာပဲ။စက်ချုပ်သင်ပေးတဲ့ ဆရာမလည်း ဖြစ်နိုင်သေးတာပဲ။ ကလေးတွေကို ကျူရှင်‌သင်ပေးတဲ့ ဆရာမလည်း ဖြစ်နိုင်သေးတာပဲလေ။

ပန်းတိုင်တစ်ခုကို ရောက်ဖို့ ကားလမ်းနဲ့ပဲသွားလို့ရတယ်လို့ ပုံသေမမှတ်ပါနဲ့။

ရထားလမ်းနဲ့လည်း သွားလို့ရနိုင်သလို၊ ခြေလျင်လည်း လျှောက်လို့ရပါသေးတယ်။ ချိုတို့ သွားရမယ်လမ်းက တစ်ခြားသူတွေလို့ ဖြောင့်တန်းမနေတာမျိုးတော့ဖြစ်နိုင်တာပေါ့။ အချိုးအကွေ့တွေ၊ အလှည့်အပြောင်းတွေ များစွာကြုံတွေ့ရနိုင်တယ်။ ဒါပေမဲ့ အဲ့အချိုးအကွေ့တွေက ချိုတို့ကို ပိုရင့်ကျက်တဲ့ လူသားတစ်ယောက်၊ ပိုသန်မာတဲ့ လူသားတစ်ယောက်အဖြစ် မွေးထုပ်ပေးမယ်ဆိုတာမမေ့ပါနဲ့။

အဲဒါကြောင့် ကိုယ်အနာဂတ် ပျက်ဆီးသွားတယ်လို့ ခံစားရတိုင်း ချိုကတော့ဒီလိုတွေးတယ်။ ငါနောက်နည်းလမ်းထပ်ရှာလို့ရတာပဲ။ ငါ့ကို ကံတရားက လောကဓံကို ပိုခံနိုင်ရည်ရှိတဲ့သူတစ်ယောက်ဖြစ်စေဖို့ စမ်းသပ်နေတာပဲလို့ အောက်မေ့တယ်။

✰ အရှုံးမပေးချင်တဲ့ သူတွေအတွက် အရှုံးဆိုတဲ့ စကားလုံးဟာမရှိပါဘူး။ လက်မလျှော့တဲ့သူအတွက် အနာဂတ်ပျောက်တယ်ဆိုတဲ့ စကားလုံးဟာလည်းမရှိပါဘူး။ အဲဒါကြောင့် အားလုံးပဲ Fighting ပါ။?

သာယာလှပတဲ့ အနာဂတ်ဘ၀လေးများ ပိုင်ဆိုင်နိုင်ပါစေ …။ ?

|Sandi Cho?
                              


Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)