Author's Profile Photo

Luminous Pai

6/09/2024

❝ သူ့ကို စွန့်လွှတ်နိုင်ပြီလား ❞

2 mins read
❝ သူ့ကို စွန့်လွှတ်နိုင်ပြီလား ❞'s photo

ဘဝမှာ တစုံတရာကို စွန့်လွှတ်ဖို့ ဘယ်နှစ်ကြိမ်များ ကျနော်တို့ တွန့်ဆုတ်နေခဲ့ဖူးကြလဲ ?

အတိတ်ထဲမှာပဲ ပိတ်မိပြီး လွှတ်ချသင့်ပေမယ့် လွှတ်မချနိုင်ခဲ့တဲ့ အရာတွေ။

အတိတ်ထဲ တဝဲလည်လည် ပြန်ရောက်ပြီး ဘာမှမလုပ်နိုင်တာတွေ။

ရိုးရိုးသားသား ပြောရရင် အတိတ်က အကြောင်းအရာတွေ ပြန်စဥ်းစားပြီးအတိတ်ထဲ ပိတ်မိနေဖို့ဆိုတာ လွယ်ပါတယ်။

စိတ်ဖြောင့်ဖြောင့်နဲ့ စွန့်လွှတ်နိုင်ဖို့ပဲ ခက်တာ။

တကယ်တော့ စွန့်လွှတ်တယ်ဆိုတာ လုံးဝမေ့ပြစ်လိုက်ဖို့ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ မေ့ပြစ်ဖို့လဲ အတင်းလုပ်ယူစရာမလိုပါဘူး။

များပြားလှတဲ့ လုပ်ငန်းဆောင်တာတွေ အတွက် မလိုတဲ့အရာတွေကို
‌နှလုံးသားကနေ free up space လုပ်လိုက်တာမျိုးပါ။

တကယ်လို့ ကျနော်တို့က အတိတ်ထဲမှာပဲ ဆက်နေနေမယ်ဆိုရင် အချိန်ခရီးသွား(Time traveller) မဟုတ်တဲ့ အတိတ်ခရီးသွားတွေ ဖြစ်နေမှာပါ။

မနေ့ကဖြစ်တဲ့ အဖြစ်အပျက်တွေ၊ ခံစားချက်တွေက
ဒီနေ့ ကျနော်တို့ရဲ့ မြင်နိုင်စွမ်း၊လုပ်ကိုင်နိုင်စွမ်းတွေကို
တိမ်ဖုံးသလို ဖုံးသွားနိုင်ပါတယ်။

ဆို‌တာ့ ပြီးခဲ့တဲ့ အမှားတွေကို Let it Go !

ဥပမာ - အလုပ်ရဲ့ Company Manager (or) founder ရှေ့မှာ တလွဲတွေလုပ်မိလို့ ကိုယ့်ကိုကိုယ် အပြစ်တင်လို့မပြီးတာမျိုး။

ဆရာမ စာမေးတာမရလို့ သူငယ်ချင်းတွေကြား
အရှက်ရတာကို အခုထိ မေ့မရတာမျိုး။

ကောင်မလေးနဲ့ စကားများပြီး စကားကျွံသွားလို့ စိတ်မကောင်းဖြစ်နေရတာမျိုး။

မရယူလိုက်မိတဲ့ အခွင့်အလမ်းတွေအတွက် နောင်တရပြီး စိတ်‌သောကရောက်နေတာမျိုး။

တကယ်‌တော့ ဘယ်အရာမှ မမြဲတဲ့ သဘောကို ဗုဒ္ဓ ကိုယ်တိုင်ဟောကြားခဲ့ပြီးဖြစ်တာမို့ ဒါတွေကို ဖြစ်ခွင့်ပြုဖို့လိုပါတယ်။

ဘယ်အရာကိုမှ ကျနော်တို့နဲ့ အမြဲအတူရှိနေဖို့ တောင်းဆိုလို့မရပါဘူး။

ကောင်လေးနဲ့ ကောင်မလေး လမ်းခွဲတယ်၊
သိပ်သဘောကျရတဲ့ ပန်ချီကားလေး ကျိုးသွားတယ်။
တယုတယစိုက်ပျိုးထားတဲ့ ပန်းလေး ညှိုး‌သွားတယ်။
သူငယ်ချင်းတချို့ ပြောင်းလဲသွားတယ်။
ဒါ‌ပေမယ့် ဘဝကြီးက ဆက်လည်ပတ်နေတုန်းပဲ။ရပ်တန့်မသွားဘူး။

တခုခုကို ရဲရဲရင့်ရင့် စွန့်လွှတ်လိုက်နိင်တဲ့ အခါမှာ အဲ့ထက်ပိုကောင်းတဲ့ အရာတခုကို ကျနော်တို့ ရှာဖွေတွေ့ရှိသွားတတ်ကြတယ်။ ပိုပျော်ရွှင်လာတယ်။ ပိုပေါ့ပါးလာတယ်တယ်။

ကျနော်တို့ ‌နေချင်တဲ့ ဘဝတခုကို စဥ်းစားကြည့်ပါ။
ကျနော်တို့ ဘယ်လိုလူ ဖြစ်ချင်လဲ ဆိုတာကို စဥ်းစားကြည့်ပါ။

အကယ်၍ အတိတ်ထဲပဲ ပိတ်လှောင်နေရင် ကျနော်တို့ လိုချင်တဲ့ အရာတွေ ရဖို့ ခက်ခဲပါတယ်။

ကိစ္စသေးသေး၊ အမှားသေးသေးလေးကို ပြင်မရတဲ့ အမှားလို့ ခံစားနေရတယ်ဆို အဲ့ဒီအမှားလေးကို လက်ခံနိင်လောက်တဲ့အထိမရင့်ကျက်သေးလို့ပါ။ အမှား ကြီးကြီး၊သေးသေး လူတိုင်းမှားတတ်ကြပါတယ်။ လက်ခံပေးလိုက်ဖို့ပဲ လိုတာပါ။

ကျနော်တို့က တခုခုကို လက်ခံလိုက်တယ်၊ ဖြစ်ခွင့်ပေးလိုက်တယ် ဆိုရင် အဲ့အရာထက် ပိုကောင်းတဲ့ အခွင့်အလမ်း၊ အတွေ့အကြုံတွေကို ရရှိဖို့ သဘောထားကြီးစွာ
ကြိုဆိုလိုက်တာပဲလို့ နားလည်ထားဖို့လိုတယ်။

တချို့ ဆုံးရှူံးမှုတွေက ပိုကောင်းဖို့ အတွက်ပါ။

တခါတလေ အကြောင်းတိုက်ဆိုင်လို့ အတိတ်ကို စဥ်းစားရင်း ဝမ်းနည်းလို့ ငိုချင် ငိုမိမယ်။သတိရရင် ရမယ်။နောင်တရရင်လဲ ရမယ်။

အဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပြန် သတိပေး ( remind ) လုပ်ရမှာက

“ငါဟာ ပိုကောင်းတဲ့ အနာဂတ်တခုကို ဆက်သွားနေတယ် ” ဆိုတာပဲ။

အတိတ်ကို လွှတ်ချလိုက်လို့ အတိတ်က တန်ဖိုးမရှိတော့တာ မဟုတ်ပါဘူး။ ပိုကောင်းတဲ့ အနာဂတ်တခုကို ပိုတန်ဖိုးထားတတ်သွားတာပါ။

“ ပြီးခဲ့တဲ့ Chapter ကိုပဲ အထပ်ထပ်အခါခါပြန်ဖတ်နေရင် နောက်ထပ် Chapter တခု ကို ဖန်တီးခွင့်ရလိုက်မှာ မဟုတ်ဘူး ”

❝??? ?????? ?????? ? ??? ??????? ?? ???? ???? ?? ??? ??? ????? ??????? ??? ???? ???.❞

စွန့်လွှတ်ခြင်း ဆိုတာ တော်ယုံလူမလုပ်နိုင်တဲ့ မိမိကိုယ်မိမိ ယုံကြည်မှုနဲ့ ဆုံးဖြတ် လုပ်‌ဆောင်ရတဲ့ အရာပါ။

ကိုယ့်အနာဂတ်ကို ယုံကြည်ခြင်းတခုပါ။

ယနေ့ ကမ္ဘာရဲ့ အောင်မြင်နေတဲ့သူတွေမှာလဲ စွန့်လွှတ်ခဲ့ရခြင်းတွေ ရှိပါတယ်။

တချို့က ကလေးဘဝရဲ့ ပျော်ရွှင်မှုကို စွန့်လွှတ်ခဲ့ရတယ်။
တချို့က မိသားစုကို စွန့်လွှတ်ခဲ့ရတယ်။
တချို့ကျ သူငယ်ချင်းတွေကို စွန့်လွှတ်ခဲ့ရတယ်။

ကျနော်တို့ရော ဘာတွေကို စွန့်လွှတ်ကြမလဲ ?

? တကယ်တော့ သင့်အနာဂတ် တခုက ပျော်ရွှင်စရာတွေနဲ့ ပြည့်ရွှမ်းနေဖို့ ထိုက်တန်ပါတယ်။

? အတိတ်က လွှတ်ချသင့်တာတွေကို လွှတ်ချပြီး မှားခဲ့တာတွေကို လက်ခံနိုင်ဖို့ ကြိုးစားပါ။

? ကိုယ့်ကိုကိုယ် ကုစား ( Heal ) ပါ။

? ပိုကောင်းတဲ့အနာဂတ်တခုကို ထွေးပွေ့ပါ။

? ဒါတွေ အားလုံး သင့်ကို စောင့်မျှော်နေပါတယ်။

? သင်ဟာ ပျော်ရွှင်ဖို့ ထိုက်တန်ပါတယ်။

အောက်က link‼️တွေမှာလဲ အသစ်သစ်သော content လေးတွေ အလွယ်တကူဖတ်လို့ရပါတယ်ဗျ။(webက ဝင်ကြည့်မရဖြစ်နေရင် Vpnလေးနဲ့ဝင်ကြည့်ပါ)

Telegram- https://t.me/luminouswithpai

Website- https://luminouswithpai.wordpress.com/blog/

Fb- https://www.facebook.com/share/p/DtdpAj2vUo9tQexd/?mibextid=oFDknk

Pls Subscribe there Pai's readers??

Have a calmy day ????

#luminouswithpai

Keep Reading