Author's Profile Photo

HONEY

5/09/2024

"အကောင်းမြင်စိတ်ထားပါ"

1 min read
Life Style

အကောင်မြင်စိတ်ဆိုတာဘာလဲ သိကြပါသလား။...။

အကောင်းမြင်စိတ်ဆိုတာက ကျွန်တော်တို့ ဆက်ဆံရေးတိုင်းမှာလိုအပ်ပါတယ်။.....။

ဘယ်လိုဆက်ဆံရေး‌တွေမှာလဲ။....။

အကောင်းမမြင်စိတ်ဆိုတာက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ဖြစ်၊ အလုပ်မှာဖြစ်ဖြစ်၊
ကျောင်းမှာဖြစ်ဖြစ် နေရာတိုင်း၊ အချိန်တိုင်း မှာ အရေးကြီးပါတယ်။ တစ်ဦးနှင့်တစ်ဦးလည်း အကောင်းမြင်စိတ်ရှိမှသာ ရေရှည်အတွက် အဆင်ပြေမှာဖြစ်ပါတယ်။

ဘယ်လိုဆက်ဆံရေး‌တွေမှာလဲ။....။
FAMILY, FRIENDSHIP တွေမှာ စသဖြင့်ပေါ့ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုနှင့် အကောင်းမြင်စိတ်ကသာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝနှင့် အများကြီးသက်ဆိုင်ပါတယ်ဗျာ။
Family= မိသားစုထဲမှာဆိုရင်လည်း အမှားတစ်ခုလုပ်ပြီးသွားရင် သူတို့မျက်လုံးထဲမှာ ကျွန်တော်တို့က မယုံကြည်ရတော့တဲ့လူ ဖြစ်သွားနိုင်ကြပါတယ်။
ယုံကြည်မှု၊ အကောင်းမမြင်စိတ်တွေနဲ့ သံသယအကြည့်များစွာဖြင့် ရင်ဆိုင်ရတတ်ပါတယ်။ လူကြီးမိဘတွေရဲ့ မျက်လုံးထဲမှာတော့ သူ
မဟုတ်တာလုပ်နေပြန်ပြီ၊သူလုပ်တာ မယုံကြနဲ့ စသဖြင့် အစုံပေါ့ တွေးတောပြီး အပြစ်အမြဲမြင်ကြပါတယ်။ အမြဲလိုလို၊ နေ့တိုင်းလိုလို မှားခဲ့ဖူးတဲ့ အမှားကြောင့် ပြဿနာအရှာခံရမယ်၊ စကားတွေများကြမယ် မျိုးစုံကြုံတွေနိုင်ပါတယ်။ ကျွန်တော်တို့ အဲ့ပြဿနာတွေကို ဂရုမစိုက်ပဲ ကိုယ့်ရဲ့ ရှေ့ဆက်စရာရှိတဲ့ တက်လမ်းတွေကို အာရုံစိုက်ပေးဖို့လိုအပ်ပါတယ်။
ကျွန်တော်တို့ အသက်အရမ်းငယ်ပါသေးတယ်၊ ဒီပြဿနာတွေက နောက်တစ်ချိန်မှာဖြစ်လာမဲ့ ပြဿနာတွေလောက် မပြောပါးပါဘူး။အတွေ့အကြုံတွေ၊ရင့်ကျက်မှုတွေက ဘဝအတွက် သင်ခန်းစာအဖြစ် ပြောင်းလဲစေပါတယ်။ ကျွန်တော်တို့ ကျောင်းစာသင်ရသလို၊ ဘဝမှာလဲ ဘဝအတွက် သင်ခန်းစာတွေ များစွာလိုအပ်ပါတယ်ဗျာ။ လူကြီးမိဘတွေက ဆူကြတဲ့အခါ ကျွန်တော်တို့က အကောင်းမြင်စိတ်ဖြင့် သူငါ့ကို ကောင်းစေချင်လို့ ပြောတာပဲဆိုပြီး ဘဝကို အကောင်းဆုံးဖြတ်သန်းပါ။
FRIENDSHIP = ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ဖြတ်သန်းနေတဲ့တစ်လျှောက် သူငယ်ချင်းကောင်းဆိုတာလဲ လိုအပ်ပါတယ်။ ကိုယ့်အပေါ်နွေးထွေးမှု‌တွေ၊ မိသားစုကိုတောင် မပြောပြနိုင်တဲ့ အကြောင်းအရာတွေကို ရင်ဘတ်ကြီးနဲ့ ခံစားပေးမဲ့သူပေါ့။ အတုအယောင်တွေ များပြားနေတဲ့ ယခုလိုခေတ်ကြီးမှာ ကိုယ့်အပေါ်အစစ်အမှန်တွေ ပေးတဲ့လူလဲရှိတာမလို့ ဝေးဝေးကိုမကြည့်ပါနဲ့၊ သို့ပေမဲ့လဲ အနီးအနားကလူတွေကလဲ အတုအယောင်ဖြစ်နေတတ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ ကျွန်တော်ပြောနေတာ ဘာဆိုင်လဲဆိုတာ ဆက်ပြီး ဖတ်ပေးကြပါအုံးဗျ။...။ ကျွန်တော်တို့ ကိုယ်တိုင်မှာလဲ ကိုယ်ပိုင်အားလပ်ချိန်တွေ၊ မအားတာတွေရှိသလို ကိုယ့်ရဲ့ သူငယ်ချင်းတွေမှာလဲ မအားတာတွေရှိတာမလို့
ဥပမာ သူက ကိုယ်နဲ့ချိန်းထားတာကို မလာနိုင်ခဲ့ရင် ကိုယ်ကသူကို အကောင်းမြင်စိတ်နဲ့ နားလည်ပေးရပါမယ်။ နောက်တစ်ခုက လူတိုင်းမှာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကို ရှိတာလဲဖြစ်လို့ အရာရာကို ကိုယ့်စိတ်တိုင်းကြပုံသေတွက်မထားကြပါနဲ့ဗျ။
နောက်ဆုံးအချက်ကတော့ ကိုယ့်အပေါ် လူကြီးတွေ၊ ဆရာ/ဆရာမ တွေက တစ်ခြားလူတွေနဲ့ ခိုင်းနှိုင်းပြောဆိုတာဟာ အကြောင်းမဲ့သက်သက်မဟုတ်ပါဘူးဗျာ။ သူတို့ကို အတုယူဖို့ ပိုတော်စေချင်၊ ပိုကောင်းစေချင်တာတွေကြောင့် ပြောတာမလို့အကောင်းမြင်စိတ်မွေးခြင်းဖြင့် ဘဝကိုရှင်သန်ပါ။

စာဖတ်ပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်ဗျ။
ကောင်းသောညပါဗျာ။?

#ဟန်နီ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စိတ်ညစ်စရာကြားကဆေးတစ်ခွက်