Author's Profile Photo

Luminous Pai

5/09/2024

❝???????????❞ - အလုပ်စွဲလမ်းခြင်းပြဿနာ

1 min read
Life Style
Personal Development
Entrepreneurship
❝???????????❞ - အလုပ်စွဲလမ်းခြင်းပြဿနာ's photo

“ပြောရရင် ကမ္ဘာကြီးတခုလုံးကိုတောင် စက်ရုပ်တွေလို လည်ပတ်စေချင်တာ”

ကိုယ့်ပတ်ဝင်းကျင်မှာ အလုပ်မလုပ်ရရင် မနေနိုင်ဘူး၊

စိတ်ရွှင်လန်းမှု မရှိဘူးဆိုတဲ့ လူတွေ တွေ့ဖူးလား ?

ဘဝကို စက်ရုပ်ဆန်ဆန်ဖြတ်သန်းနေကြတဲ့ သူတွေရော မြင်ဖူးလား ?

တခုမဟုတ်တခုတော့ အလုပ်ရှုပ်နေရမှ နေသာထိုင်သာရှိတယ် ဆိုတဲ့သူတွေ...

အချိန်တိုင်း အလုပ်အကြောင်းပဲတွေးနေတဲ့သူတွေလေ…

နောက်ဆုံးအချိန် အိပ်ယာထဲလဲနေရင်တောင် လုပ်ခဲ့တဲ့ အလုပ်အချိန်တွေ၊ မအိပ်မနေကြိုးစားခဲ့တာတွေ ဒါတွေ ပြန်တွေးပြီး ဘဝတခုကို နိဂုံးချုပ်သွားမယ့်သူမျိုး။

အဲ့လိုလူတွေကို အလုပ်စွဲလမ်းတဲ့သူ (workaholics)တွေလို့ ခေါ်တယ်။ အပြင်းအထန် အလုပ်လုပ်တဲ့ သူတွေပေါ့။

အပြင်းအထန် အလုပ်ကြိုးစားရမယ်ဆိုတဲ့ အတွေးအခေါ်က

ယနေ့ခေတ်ရဲ့ ယုံကြည်မှုတခုလို ဖြစ်‌လာနေပါပြီ။

ဒါဆို အပြင်းအထန်အလုပ်လုပ်တာက ကျနော်တို့ကို ဘာ‌တွေ ပြောင်းလဲသွားစေတာလဲ ?

ချမ်းသာသွားစေတာလား၊ ကျန်းမာရေး ပိုကောင်းလာတာလား၊ လွတ်လပ်မှုတခုလို့ ခံစားရစေတာလား ဒါမှမဟုတ် ဘဝက ပြီးပြည့်စုံသွားတာလား။

အဖြေကတော့ ????????? ?? ! ပါ။

??? ???? ??????? ??????.

တကယ်တော့ လုပ်ငန်းခွင်မှာ အလုပ်လုပ်တဲ့ (working hours) ထက် အလုပ်တခုစလုပ်ရင် သေသေသပ်သပ်နဲ့ အလုပ်မြန်မြန်ပြီးအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ input ideas က ပိုအရေးကြီးပါတယ်။

Workaholism ဆိုတဲ့ အလုပ်စွဲလမ်းမှုက ခေတ်မှီလူ့အသိုင်းအဝိုင်း အတွက် အတော်လေး အန္တရာယ်ရှိလာတာတွေ့ရပါတယ်။

အချိန်အပြည့် အလုပ်ထဲပဲ ပိတ်မိပြီး

ဘဝရဲ့ သုံးပုံနှစ်ပုံခန့်လောက်က အလုပ်ကြိုးစားရင်း ကုန်ဆုံးသွားပါတယ်။

အလုပ်ထဲမှာပဲ ဘဝက လည်ပတ်နေတယ်။ အပန်းဖြေခရီးမထွက်ဖြစ်ဘူး၊ မိသားစုနဲ့လဲစကားပြောဖို့ အချိန်မရှိဘူး၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဖို့အတွက်လဲ မအားဘူး၊ ကျန်တာတွေက အလုပ်လောက် အရေးမကြီးဘူး။

အလုပ်ပြီးမှ မိသားစုကိုအချိန်ပေးမယ်၊ အပန်းဖြေမယ်၊ ဝါသနာပါတာလုပ်မယ်နဲ့ပဲ နေရင်းနေရင်းက အလုပ်စွဲလမ်းတဲ့သူဖြစ်သွားတာပဲ။

တကယ့် High-performers တွေကတော့ ပြောင်းပြန်။

လူသားဆန်တယ်။‌အနားယူဖို့အချိန် သီးသန့်ထားတယ်။ နေမကောင်းရင်အားဖြစ်မယ့်အစာတွေစားတယ်။ စာအုပ်ဖတ်တယ်။ မိသားစုနဲ့နွေးနွေးထွေးထွေးဆက်ဆံတယ်။ ကောင်းကောင်း အနားယူတယ်။

တကယ်တမ်း အိပ်ယာပေါ်လဲရင် ပြန်တွေးပြီးကြည်နူးစရာဆိုလို့ ကြုံခဲ့ဖူးတဲ့ အမှတ်တရတွေပဲ ရှိတာ မဟုတ်လား။ အလုပ်လုပ်ခဲ့တဲ့  အချိန်နာရီတွေမဟုတ်ဘူးထင်တယ်။

ကျ‌နော်တို့က စက်ရုပ်မဟုတ်ဘူး၊ လုပ်‌ဆောင်နိုင်စွမ်း အကန့်အသတ်နဲ့လူသား‌‌တွေ။

လေ့လာခန့်မှန်းချက်တွေအရ တကယ် ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ‌တောင် တရက်ကို 8-10 နာရီထိ အလုပ်မလုပ်ကြပါဘူး။ မိုင်ကုန် 3နာရီ 4နာရီ လောက်ပါပဲ။

24/7 အလုပ်လုပ်ရမယ်ဆိုတဲ့ cultureကို လက်မခံဘူး။

ပုံသေကားချပ်ကြီးအတိုင်း အလုပ်ကြိုးစားနေတာက ကျနော်တို့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ပဲ။ တွေးခေါ်နိုင်စွမ်းကို ကန့်သတ်ပြီး လုပ်အားတိုးမြှင့်လိုက်တဲ့သဘောလို့ပဲ မြင်တယ်။

ဆို‌တော့ Workaholism သဘော‌ကိုနားလည်ပြီး၊ အလုပ်လုပ်ရာမှာလဲ ပုံစံခွက်ထဲက ထွက်ပြီး ဘယ်လိုအတွေးအမြင်မျိုးနဲ့  အလုပ်ကို စနစ်တကျလုပ်ဆောင်သွားမလဲ ဆိုတဲ့ တွေးစရာ မေးခွန်းတချို့ ရသွားမယ်လို့ ယုံကြည်ပါတယ်။

Follow for more contents✅

luminouswithpai

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)