မိုးနှောင်းအလင်္ကာ
ပန်းပန်ချင်ရင်တော့ အပင်အရင်စိုက်ရမှာပေါ့ဗျာ။ ဘာမှအားစိုက်မ ထုတ်ဘဲအဆင်သင့်လိုချင်လို့တော့ ဘယ်အရာမှမရနိုင်ပါဘူး။ ပန်းတစ်ပွင့်ဆီတိုင်းရဲ့ ရနံ့ဟာ ပန်းပင်စိုက်ပျိုးသူရဲ့ အောင်မြင်မှု ရနံ့၊ပန်းတစ်ပွင့်ဆီက အလှ ဟာ ပန်းပင်စိုက်ပျိုးသူရဲ့ အောင်မြင်ခြင်းအလှတရားသာဖြစ်တယ်။သာမန် လူတစ်ယောက် အဖို့တော့ ထိုအလှတရားကို ငေးကြည့်နေယုံသာမျှ၊ သို့ပေမဲ့ စိုက်ပျိုးသူ အနေနဲ့တော့ ပီတိဟာ မိုးလောက်ကျယ်ပြန့်လျှက် အောင်မြင်မှု အစိတ်အပိုင်းတို့ဖြင့် ေ၀ဆာနေပါသည်။
တစ်ခါတုံးက သူဌေးသား တစ်ဦးဟာ လယ်သမားကြီးကို စပါးတွေ တောင်း၀ယ်သတဲ့။ဒါပေမဲ့ လယ်သမားကြီးဟာ သူ့ရဲ့ စပါးတွေကို ရောင်းလို့မရကြောင်းပြောတော့ သူဌေးသားလည်း စိတ်ညစ်ကာ အိမ်ကိုပြန်ခဲ့လေတယ်။
အိမ်ရောက်တော့ သူဌေးကြီးက "ငါ့သား စပါး၀ယ်လို့မရခဲ့ဘူးမလား" လို့ လှန်းမေးသတဲ့။
သူဌေးသားလည်း သူ စပါးတောင်း၀ယ်တာ မရခဲ့ကြောင်းကို ပြောပြီး စိတ်ညစ်နေလေတယ်။
အဲ့တာနဲ့ သူဌေးကြီးက ငါ့သား ဘာကြောင့်အဲ့ဒီလယ်သမားတွေ စပါးမရောင်းတာလည်းဆိုတော့ လယ်သမားတွေဓာတ်မြေသြဇာ လိုအပ်နေချိန် ထုတ်ပေးတာ၊ငွေအရေးတကြီးလိုနေရင် ပေးထားတာမျိုး စတဲ့ ကိစ္စတွေကိုဆောင်ရွက်ထားတဲ့လူကြောင့်ဘဲ။ လယ်သမားတွေ လိုအပ်နေတဲ့အခါ ကူညီပေးပြီးတော့ စပါးတွေကို ပြန်ရောင်းပေးဖို့ အတွက် ရင်းနှီးထားတာပေါ့ သားရယ်။
သူဌေးကြီးရှင်းပြလိုက်တော့မှ သားဖြစ်သူလည်းနားလည်သွားလေသည်။ သူဌေးကြီးက ထပ်ပြီး ငါ့သား ပန်းလိုချင်ရင် အပင်ပျိုးတတ်မှ ရမယ်၊ အလုပ်တစ်ခုလုပ်မယ်ဆိုလည်း အဲ့ဒီအလုပ်ကို သေချာသိပြီးလုပ်တတ်ရမယ် အဲ့တာတင်မကဘူး ထောင်မြင်ရာစွန့် ဆိုသလို အနစ်နာခံသင့်တာကို အနာခံပေးရတယ်။ ဒါမှ ငါ့သားလိုချင်တဲ့ ပန်းရမှာမဟုတ်လားဟုဆုံးမခဲ့လေတယ်။
# မိုးနှောင်းအလင်္ကာ
Keep Reading