Nay Min Ko
တရက် ကျနော်အလုပ်နဲ့ လူစည်ကားတဲ့ နေရာ
နေရာလေးတခုမှာ အလုပ်တခုတာဝန်ကျတယ်....ညနေစောင်း
အချိန်ဆိုတော့ဗျာ အလုပ်ပြန်တဲ့သူနဲ့ လျှောက်လည်ကြတဲ့သူ
တွေနဲ့ ရှုပ်ယှဉ်ခက်နေရော.....ကျနော်တို့ကလဲ လူစည်တဲ့ချိန်
ဘဲအလုပ်ကလုပ်ရတော့ ပြာယာခက်အောင်လုပ်နေရတာဗျ။
အချိန်အတော်လေးလဲကုန်ရော အလုပ်သိမ်းချိန်နီးလာရော
ဒီလိုနဲ့ ကျနော်နဲ့တခြားသူတွေက တချို့ဟာလေးတွေ ကြိုသိမ်း
ဆည်းထားတာပေါ့။ ကျနော်တို့သာ သိမ်းဆည်းနေတာဗျ
ကျနော်တို့ မန်နေဂျာကြီးကတော့ အလုပ်မပျက်ဘူးဗျို့ သူက
မသိမ်းသေးမှတော့ ကျနော်တို့လဲ ကြည့်နေရုံဗျာ။ ဒီလိုနဲ့ ဟို
ကြည့်ဒီကြည့်လိုက်ကြည့်ရင်း ခပ်လှမ်းလှမ်းက ကောင်မလေး
တယောက်ကို တွေ့လိုက်တယ်ဗျ။ အခုချိန်ထိ မမေ့နိုင်တဲ့ မြင်
ကွင်းလေးပေါ့ဗျာ။ သိပ်ချစ်ဖို့ကောင်းတဲ့ကောင်မလေးဗျ။
ခပ်သွက်သွက်လေး လမ်းလျှောက်လာတဲ့ သူ့ပုံစံလေးရယ်......
အအေးဘူးကို အဆက်မပြတ်သောက်နေတဲ့ ခလေးဆန်တဲ့......
သူအမူယာလေးတွေကို အခုထိမေ့ရသေးဘူး ဆရာရေးဆရာ
တွေ ကဗျာဆရာတွေ ပြောလေ့ရှိတဲ့ မြင်မြင်ခြင်း အချစ်ကို
အဲ့မာစတွေ့လိုက်ရတာဘဲ ကံကြမ္မာ ကဘဲဖန်းတီပေးထား သ
သလားဘဲ ကျနော် စိတ်ကူးယဉ်ကောင်းနေတုန်း ကျနော့်ရှေ့ကို
ဘယ်လိုမှန်းမသိ ရောက်လာရော သေချာကြည့်လိုက်တော့မှ
မန်နေဂျာက လုပ်ငန်းမိတ်ဆက်ဖို့ ခေါ်လာတာဗျ။ အဲ့လိုနဲ့ဘဲ
သူ့နဲ့ဆက်သွယ်ဖို့ ဖုန်းနံပတ်လေးရခဲ့တယ်ဗျ။။ ကျနော်သိပ်
ပျော်ခဲ့တာ သူ့ဖုန်းနံပတ်လေး သေချာမှတ်ထားပြီး အလုပ်ဆက်
လုပ်ခဲ့ရတာပေါ့။ ညရောက်တော့ အွန်လိုင်းပေါ်ကနေ စကား
သွားပြောခဲ့တယ်။ မိန်းခလေးတွေရဲ့ ထုံးစံတိုင်းပေါ့ဗျာ
"အလုပ်ကိစ္စမဟုတ်ရင် စကားလာမပြောပါနဲ့နော်"တဲ့ ငြင်းခံ
လိုက်ရတယ်ဗျာ။ နောက်တော့ကျနော်လဲ ကိုယ်သဘောကြတာ
လေးတော့ သူ့ကိုသိစေချင်တာနဲ့ စကားပုလ္လင်ခံမနေတော့ဘဲ
"ကိုမင်းကို သဘောလို့ စကားလို့လာပြောတာပါ"လို့တခါတည်း
ဖွင့်လိုက်တော့တယ်။ ဖွင့်ပြောလိုက်တော့ စာတောင်ပြန်မပို့
တော့ဘူးဗျာ ကျနော်မှာ ဘာဆက်လုပ်ရမှန်းမသိနဲ့ ပြသနာ
တွေတက်နေရော တော်တော်ကြာတော့မှ စာလေးတကြောင်း
ဝင်လာတယ် " အကိုက သိလို့လား"တဲ့ ကျနော်လဲ ဘယ်လို
သိခဲ့တယ်ဆိုတာ ရှင်းပြခဲ့တယ်။ အဲ့ကစလို့ ခင်မင်ရင်းနှီးမှု
ရခဲ့ရတယ်။ အဲ့နေ့က စလို့ နေ့တိုင်းတွေ့ဖြစ်ကြတယ်။။
အမှတ်တရတွေ အများကြီး အတူဖန်တီးခဲ့ကြတယ်။ ဒါပေမဲ့
သူ့ကျနော် အချစ်ကို လက်မခံသေးဘူးဗျ။ သူငယ်ချင်းဆိုတဲ့
အောက်မှာ ဘဲကျေနပ်နေရတာပေါ့ဗျာ။ ဒီလိုနဲ့ သူငယ်ချင်း
ဆိုတဲ့ ခေါင်းစဉ်အောက်မှာဘဲ ( ၂ ) နှစ်ကျော်ကြာခဲ့ရတယ်။
အဲ့အချိန် ( ၂ ) နှစ်မှာ အမှတ်တရတွေအများကြီး ရင်ထဲထည့်
သိမ်းပြီး တဖက်သက်အချစ်နဲ့ဘဲ ရှိနေခဲ့တယ်။ တစ်ယောက်
အကြောင်းလဲတစ်ယောက်သိခဲ့ရတယ် အဲ့ထဲမှာ သူ့ကျနော်ကို
မချစ်ဘူးဆိုတဲ့ အကြောင်းလဲ သိခဲ့ရတယ်။ ကျနော်အသည်း
တွေ တကယ်ကြေကွဲရတာ ဒါပေမဲ့ သူ့ရှေ့မှာတော့ အမြဲတမ်း
ဖုံးထားခဲ့တယ်။ သူ့အပြုံးလေးမြင်ရတာနဲ့တင် အသည်းကွဲ
တယ်ဆိုတာ ဘယ်ရောက်မှန်းမသိပါဘူးဗျာ။ သူ့ အနားရှိနေ
ရရင်ကို ပျော်နေတာ။ သူမချစ်နိုင်တာ သိနေပေမဲ့လဲ သူ့ကို
လက်မလွှတ်နိုင်လိုက်ဘူး တဖက်သက်အချစ်နဲ့ဘဲ ( ၃ )နှစ်ဆို
တဲ့ အချိန်ကာလ တခုထိရောက်လာခဲ့တယ်။ တရက်ကြတော့
ကျနော့် ရီစားဟောင်းက ပြန်ဆက်သွယ်လာခဲ့တယ် ကျနော်တို့
အဆက်သွယ်ပြန်ရတော့ ဇာတ်လမ်းဟောင်းတခုကို အသစ်
ပြန်ဖြစ်ချင်တယ်လို့ ရီစားဟောင်းဘက်ကပြောလာတယ်။
အဲ့ချိန်မှာ ကျနော် အရမ်းဝေခွဲမရဖြစ်ခဲ့ရတယ် တဖက်ကလဲ
မြင်မြင်ချစ်မိတဲ့ မိန်းခလေး တဖက်ကလဲ ရွေးချယ်မယ်ဆို
ရွေးချယ်လို့ရတဲ့ မိနိးခလေး အဲ့ ဒွိဟတွေကြားမှာ တကယ်
အခက်တွေ့ခဲ့ရတယ်။ မဖြစ်မနေဆုံးဖြတ်ချက်ချရမဲ့ အချိန်
ရောက်လာတော့ ကျနော့် သူ့ကို့ အကြိမ်ကြိမ်မေးခဲ့တယ်ဗျ
အကြိမ်ကြိမ် "မချစ်ဘူး"ဆိုတဲ့အဖြေဘဲရခဲ့တယ်.........
အဲ့လိုနဲ့ အရင်ဇာတ်လမ်းဟောင်းကို အသစ်ပြန်စခဲ့မိတယ်။
ဒါမဲ့ သု့ကိုတော့ အဆက်သွယ်မဖြတ်နိုင်ခဲ့ဘူး ....နှလုံးသားက
တော့ သူမှသူ ဖြစ်နေဆဲဘဲ.....သူ့ကိုသတိရတဲ့ချိန်တိုင်း.....
"မချစ်ဘူး"ဆိုတဲ့စကားက သူ့ကိုလွမ်းတဲ့စိတ်နဲ့အတူ အမြဲ
ကပ်ပါလာတယ်။ လက်ရှိကောင်မလေး နဲ့ကလဲ အစမှာတော့
အဆင်ပြေနေပေမဲ့ အချစ်မပါတော့တဲ့ ဇာတ်လမ်းက ကြာကြာ
မခံဘဲ ပျက်စီးခဲ့တယ်.........အရင်တည်းက နှလုံးသားတခုလူံး
အပိုင်သိမ်းထားတဲ့ မိန်းခလေး ဆီဘဲ စိတ်ကရောက်နေတော့
ကြာကြာဘယ်ခံပါ့မလဲဗျာ အချိန်တန်တော့လဲ ပျက်စီးတာပေါ့။
ဒါပေမဲ့ ကျနော်အမှားကြီးတခုလုပ်ခဲ့မိတယ် အဲ့ဒါက အရင်
ရည်းစားဟောင်းကိုလက်ခံခဲ့မိတာ တကယ်ကိုအမှားကြီးတခုဘဲ
ကျနော်တို့အကြောင်းကို သူသိသွားခဲ့တယ်။ သူ့ ကျနော်ကို
တော်တော်စိတ်စိုးသွားတယ်တာ သူ့အနားတောင် လာခွင့်မရှိ
တော့တဲ့ထိ ဖြစ်သွားခဲ့ရတယ်။ အဲ့ချိန်မှာ ကျနော် တကယ်ကို
နောင်တရခဲ့မိတယ်။ ရက်အနည်းငယ်လောက် အဆက်သွယ်
ပျက်ခဲ့ရတယ်။ ကျနော်ကတော့ နောင်တတွေ တထွေ့တပိုက်နဲ့
ကမ္ဘာပျက်နေလေရဲ့ နောက်ဆုံး မနေနိုင်တဲ့အဆူံး.......သူကို
အကြိမ်ကြိမ်တောင်းပန်ခဲ့တယ်........ကတိတွေ အများကြီးပေး
ခဲ့ပြီး သူ့အနား ပြန်လာခွင့်တောင်းခဲ့တယ်..... နောက်တော့ သူ
ပြန်လက်ခံခဲ့တယ်ဗျ ပျော်စရာပေါ့ဗျာ........,..ထပ်ပြီးကြိမ်ကြိမ်
ချစ်ခွင့်တောင်ခဲ့တယ်....... တစ်ရက်ကြတော့ ကျနော် အဖြေ
တောင်းတဲ့အချိန်မာ ကျနော်နှစ်တွေအကြာကြီး အနားရှိခဲ့တာ
ကို သူစဉ်းစားမိပြီး သူဆီက "ချစ်တယ်"ဆိုတဲ့ အဖြေရတယ်။
အပျော်ဆုံးနေ့ပေါ့ဗျာ.......သူရှေ့မှာသာ တည်ငြိမ်နေတာ
ရင်ထဲမာတော့ စစ်ဖြစ်နေတဲ့အတိုင်းဘဲ ပြောမပြတက်အောင်
ပျော်ခဲ့ရတာ.......မကြာပါဘူးဗျာ အသည်းထပ်ကွဲခဲ့တယ်
သူကျနော်ကို သနားလို့သာ "ချစ်တယ်"လို့ အဖြေပေးခဲ့တာ
သူ တကယ်မချစ်ဘူးဗျ...........ချစ်သူတယောက်လိုတော့
ရှိနေပေးပေမဲ့ တခါတလေကြ အရမ်းအေးစက်လွန်းတယ်ဗျာ
" ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ထားရဲ့နဲ့ အသည်းကွဲနေရတဲ့ ခံစား
ချက်"မျိူးဗျ ခင်များတို့တော့ ခံစားဖူးလားမသိပေမဲ့ တကယ်
ဆိုးတဲ့ ခံစားချက်ဗျာ ဘယ်လိုမှခံနိုင်ရည်မရှိဘူး...........
တရက်ကျနော်တို့ စကားပြောနေရင်း သဝန်တိုမိတဲ့ အကြောင်း
ပြောတော့ "ငါနင့်ကို မချစ်ဘူး ဆိုရင်ရော"တဲ့ သူထုတ်ပြောလာ
ခဲ့တယ်.......ကျနော်သိတာပေါ့ဗျာ သူ ကျနော်ကို မချစ်တာ
ကျနော်လဲ " သဲလေး ကို့ကိုမချစ်မှန်း သိတာပေါ့" လို့ ပြန်ဖြေ
ခဲ့တယ် မျက်ရည်စ လေးတွေပါတာပေါ့ဗျာ.....အဲ့နေ့ကစလို့
ကျနော်တို့ အချစ်ခရီးက တဖြည်းဖြည်းအေးစက်လာတာ.....
အခုထိဘဲ............
.........ကျနော် သူ့ကိုပိုင်ဆိုင်ထားရပေမဲ့
အသည်း ကွဲနေဆဲ ဘဲ
ကျနော် သူ့ကို သိပ်ချစ်တယ်
သူ့ကို အရှူံးဆူံး မခံနိုင်ဘူး
သူပြန်မချစ်လာရင်တောင် ကျနော် ဆက်ချစ်နေဦးမှာပါ.....
28.8.2024 ( သူ့ဆီက ချစ်တယ်လို့ ကြားခဲ့ရတဲ့နေ့ )
"......." Reality Dialog
True Story
Nay Min Ko
5.9.2024
Keep Reading