Author's Profile Photo

ငွေချိုးဖြူ

4/09/2024

လူပီသမှုဟုဆိုရာဝယ်

1 min read
Life Style
Education
Art

ယနေ့ကမ္ဘာလောကကြီးတွင် ခေတ်စနစ်၏
တိုးတက်လာမှုများမှာ လွန်စွာအားရဖွယ်ကောင်း သကဲ့သို့ တစ်ဖက်တွင်လဲ ဆိုးကျိူးအနေဖြင့်
လူသားမဆန်မှုများ၊ ဝိသမလောဘသမားများနှင့်
အကျင်ပျက်ခြစားမှုများကို နေရာတိုင်းလိုလို
ကဏ္ဍတိုင်းလိုလိုတွင်တွေ့မြင်နေရပါသည်။
ငွေကြေးဥစ္စာဓနနှင့် စီးပွားရေးစနစ်များ
မဖွံ့ဖြိုးမတိုးတက်သေးသောခေတ်များတွင်ပင်လျင်
လူသားအချင်းချင်းရိုင်းပင်းမှု၊ကိုယ်ချင်းစာတရား
ပြည့်ဝမှုတို့ကြောင့် လူပင်ဆင်းရဲသော်ငြား
စိတ်ချမ်းသာလက်ချမ်းသာနှင့် အပူပင်ကြောင့်ကြကင်းစွာနေထိုင်နိုင်ခဲ့ကြပါသည်။
ယနေ့ခေတ်ကာလတွင်မူ နေရာအနှံ့၌ ဓနရှင်နိုင်ငံများမှလွဲ၍ ကျန်သောဖွံဖြိုးဆဲနိုင်ငံငယ်များသည် စစ်တလင်းဖြစ်လျင်ဖြစ် မဖြစ်ခဲ့သော် စစ်သံစစ်ယောင်ပြေးနေသော နိမိတ်လက္ခဏာများကိုသာ
စိတ်မကောင်းဖွယ် ကြားမြင်နေရပါသည်။
ထိုအရာကိုမေးခွန်းထုတ်ကြည့်လျင်
ဥစ္စာဓနသည် လူသားဆန်မှုများအားတိုက်စားလေသလားဟူသော မရေရာသညါ့အချက်အလက်များသာထွက်ရှိလာပါသည်။
စာရေးသူတစ်ဦးတစ်ယောက်တည်းအမြင်အနေဖြင့်
ငွေကြေးဥစ္စာဓနသည် လူတစ်ယောက်၏ စိတ်နှလုံးအား အပြည့်အဝသိမ်းပိုက်နိုင်စွမ်းမရှိဟုထင်မြင်မိပါသည်။ စိတ်အရင်းခံနူးညံ့သူ၊သမာသမတ်ကျသူ၊ နှလုံးစိတ်ဝမ်းဖြူစင်သူမှန်လျင်
ငွေကြေးအပုံအပင်ဖြင့် ဖြားယောင်းသွေးဆောင်စေကာမူ မည်သို့မျှမပြောင်းလဲနိုင်ပေ။
‌ ကောင်း၏ဆိုး၏ဆိုသည်မှာမိမိနှင့်သာ သက်ဆိုင်ပါသည်။ အပြင်ပယောဂ တစ်ခုခုကြောင့် မိမိစိတ်နှလုံးယိမ်းယိုင်ရသည်ဆိုသည်မှာ အခြေအမြစ်ကင်းမဲ့သောဆင်ခြေတစ်ခုပင်ဖြစ်ပါသည်။
ကမ္ဘာလောကလူသားအားလုံးအား ရွှေပြည်အေးတရားဖြင့် မဟောပြောစေနိုင်ကာမူ မိမိတစ်ဦးတည်းကသာ စတင်ပြောင်းလဲသင့်ပါသည်။
ထိုသို့ပြောင်းလဲရာတွင်လဲ
လယ်တီဆရာတော်ဘုရားမိန့်ကြားခဲ့သည့်









ဆိုသည့်လင်္ကာအတိုင်းလျှောက်လှမ်းသင့်ပါသည်။
ဆုတ်ကပ်ကာလရောက်သည့်အလျောက် လူကောင်းလူမှန်ဧကန်ရှားပါးလာလေသောကြောင့်
မိမိက စပြောင်းလဲလျင် မိုးခါးရေမသောက်သောဘုရင်နှင့်မှူးမတ်ကဲ့သို့ အများသူငါကြားထဲ၌ သိသာစွာ ကွဲထွက်နေပါလိမ့်မည်။ မိမိကထိုသို့ကျင့်ကြံပြုမူလျင်နီးစပ်နေထိုင်သူများအတုယူနေထိုင်လာပါလိမ့်မည်။ နှမ်းတစ်စေ့ဖြင့်ဆီမဖြစ်သော်ငြား
နှမ်းတစ်စေ့ကိုတော့ဆီဖြစ်အောင်ဦးစွာကြိတ်နိုင်ဖို့လိုအပ်ပါလိမ့်မည်။သာယာသောဝန်းကျင်အသိုက်အဝန်းတစ်ရပ်အားမိမိတတ်စွမ်းသမျှဖြင့်
စတင်လုပ်ဆောင်သင့်ပေသည်။
စေတနာအကျိုးပေးဆိုသည့်ရှေးစကားအတိုင်း
မိမိအကျိုးမမျှော်ကိုးဘဲဆောင်ရွက်စေကာမူ
ကောင်းသောအရာတို့သည်သင့်ထံဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာပါလိမ့်မည်။
လူသားဆန်မှု၊လူပီသမှုသည် သင်မည်သည့်ဘာသာကိုးကွယ်သည်၊ သင်မည်သည့်လူမျိုးဖြစ်သည်ဆိုသည့်အချက်များအပေါ်အခြေမခံပါ။
သင်၏အကျင့်စာရိတ္တ၊သင်၏အသိပညာများနှင့်သာသက်ဆိုင်ပေသည်။ ရာထူး ၊ငွေကြေးတို့က သင်၏
အသက်ရှင်ရာခဏတာအတွင်းသာ တည်မြဲနိုင်သည့် မတည်မြဲသောအရာများသာဖြစ်ပေသည်။
ထိုအရာတို့ကြောင့် စာဖတ်သူတို့၏ လူသားဆန်ခြင်း၊ လူပီသခြင်းတို့အား မထိခိုက်မိစေရန်အလွန်ဂရုပြုသင့်လှပါသည်။
လူသားချင်းစာနာမှု၊ လူသားချင်းအပြန်အလှန် နွေးထွေးခြင်း၊ ဖေးမကူညီချင်း လောကပါလတရားစောင့်စည်းခြင်းတို့ဖြင့်သာ သာယာအေးချမ်းသော လူ့အသိုက်အဝန်းတစ်ရပ်ကိုထူထောင်နိုင်မည်မှာ
မုချဧကန်ပင်ဖြစ်ပါတော့သည်။
ငွေချိုးဖြူ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)