HONEY

ကျွန်တော်ဒီနေ့မှာတော့ ကိုယ်တိုင်တွေးမိတဲ့ အရာလေးတွေကို ပြောပြပေးသွားမှာမဟုတ်ပဲ ကျွန်တော်ဖတ်ဖူးတဲ့ စာရေးဆရာ MIN KHANT(VERSE) ရဲ့ YOU CAN CHANGE - မင်းပြောင်းလဲနိုင်ပါတယ်ဆိုတဲ့စာအုပ်ကို ပြန်လည်ပြီးမျှဝေပေးမှာပဲဖြစ်ပါတယ်ဗျ။
-ဒီစာအုပ်က ဘယ်လိုမျိုးလဲ။
-ဘယ်ချိန်မှာ ထုတ်လဲ။
-ဘယ်လိုရည်ရွယ်ချက်နဲ့ စာဖတ်သူတို့ကို ပြောင်းလဲပေးမယ်ဆိုတာပါ ရေးထားတဲ့ စာအုပ်မို့ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်ဗျ။
ပထမဆုံး ဒီစာအုပ်က ဘယ်လိုမျိုးလဲ။...။
ဒီစာအုပ်ကဆိုရင် လမ်းပျောက်နေတဲ့လူငယ်တွေ၊ စိတ်ဓာတ်ကျနေတဲ့ လူငယ်တွေ၊ ဘယ်ကနေ းလုပ်ရမှန်းမသိဖြစ်နေတာကို အားအဖြစ် ပြန်လည်နိုးထနိုင်စေမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ ဒီ စာအုပ်ကိုဖတ်ပြီး ပြင်သင့်တာပြင်၊ ဆင်ခြင်သင့်တာ ဆင်ခြင်ရင်း ပြုပြင်ပြောင်းလဲနေဆဲ လူငယ်တစ်ယောက်ပါ။
-ဘယ်ချိန်မှာ ထုတ်လဲ။...။
ဒီစာအုပ်ကို ၂၀၂၃ခုနှစ်၊ ဇွန်လမှာ ပထမဆုံးအကြိမ်ထုတ်ဝေခဲ့ပါတယ်။ ကျွန်တော်ကတော့ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ၁၀ရက်နေ့မှာ city martက စာအုပ်ဆိုင်မှာဝယ်ခဲ့တယ်ဗျ။ စာအုပ်မှာ ဆရာ့ရဲ့ လက်မှတ်လေးလဲ ပါပါသေးတယ်။
-ဆရာမင်းခန့်ရဲ့ ရည်ရွယ်ချက် ပြောင်းလဲမှုတွေရဲ့ နောက်ကွယ်မှာ ပြောင်းလဲမှုဆိုတာနဲ့အမျှ ပထမဆုံးကျော်ဖြတ်ရမဲ့အရာတွေရဲ့ နောက်ကွယ်က Process ဆိုတာတွေကို ပြောင်းလဲမယ်ဆိုရင် ချက်ချင်းကြီးပြောင်းလဲသွားတာမဟုတ်ပဲ၊ အဲ့ဒီ့ Process တွေကို ကျော်ဖြတ်ရမယ်၊ ပြည့်စုံတယ်ဆိုတဲ့ အရာတွေထက် Process တစ်ခုချင်းစီကို စနစ်တကျစည်းကမ်းတစ်ရှိနေထိုင်မှသာ မိမိတို့ ပြောင်းလဲမဲ့ ပြည့်စုံတဲ့ဘဝ စည်းကမ်းရှိတဲ့ လူပဲဖြစ်ပါလိမ့်မယ်။
-နောက်တစ်ချက် ဆရာမင်းခန့်က ကျွန်တော်တို့ စာရေးသူတွေကိုပါ ဥပမာပြောပြရေးသားခဲ့ပါတယ်။ "မင်းက စာရေးတာနဲ့ ပတ်သတ်ပြီးတော့ ပိုကောင်း၊ ပိုတော်တဲ့လူဖြစ်ဖို့အတွက် မင်းကပြောင်းလဲချင်တယ်ဆိုရင် အရင်ဆုံးပြောင်းလဲပါတယ်ဆိုတဲ့ အခြေအနေကိုရောက်ဖို့ Process တွေ များများလုပ်ပေးဖို့လိုအပ်ပါတယ်။"
-စာများများဖတ်ဖို့၊စာများများလေ့ကျင့်ဖို့ ဘယ်အကြောင်းအရာနဲ့ ပတ်သတ်" အတွေးအမြင်တွေကို ဆက်စပ်ရေးသားနိုင်ဖို့လဲ Process တွေ ဖြတ်ကျော်ဖို့လိုအပ်ပါတယ်။"
-အဲ့ဒါပြီးတော့ "မင်းက ဒီလို Process တွေ မလုပ်ချင်ရင် ကျွန်တော်ပြောနေတဲ့ change ဆိုတဲ့နေရာကို မရောက်နိုင်ပါဘူး။"
-အဲ့ဝာာကြောင့် ဒီစာအုပ်ရဲ့ အစမှာပဲ ဆရာ့ရဲ့ ခံယူချက်ဖြစ်တဲ့ Change ရဲ့နောက်ကွယ်က Process တွေကို အာရုံစိုက်ဖို့လိုအပ်တာကို ဆရာက သတိပေးခဲ့ပါတယ်။
ဆရာ့ရဲ့ ရေးထားတဲ့ စာပုဒ်တွေ ၁၆ခန်းလောက်ပါရှိပါတယ်။ ဒါတွေကိုတော့ ကျွန်တော်မပြောပြတော့ပါဘူး ၊ စာအုပ်လေးကို ဖတ်ရှုကြမယ်လို့လဲ မျှော်လင့်မိပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်မှာချင်တာကတော့ ဒီစာအုပ်ကို ဖတ်ရှုခြင်းဖြင့် သိမ်ငယ်နေတဲ့ စိတ်တွေ၊ မပြောင်းလဲသေးတဲ့အရာတွေကို ပြောင်းလဲ လာနိုင်ပါလိမ့်မယ်
(မင်းမလုပ်နိုင်တာမဟုတ်ပါဘူး၊
မင်းပြောင်းလဲဖို့ ကြောက်နေတာပါ၊
မကြောက်ပဲ အိမ်မက်တွေကို အကောင်အထည်ဖော်ကြရအောင်။)?
ကောင်းသောညချမ်းလေးဖြစ်ကြပါစေဗျ။??
#ဟန်နီ
Keep Reading