Nway Oo Maung
အခုနောက်ပိုင်း ကိုယ့်ပတ်ဝန်းကျင်မှာ အသက်လေးဆယ်ဝန်းကျင်တွေ အရက်ကြောင့်ဆုံးပါးတာတွေများလာတော့ ဆရာအောင်သင်းပြောဖူးတာလေးသွားသတိရမိတယ် "၈၈အရေးခင်းပြီးတော့ မြန်မာပြည်မှာ ပထမဆုံးပေါ်လာတာဘာတွေမှတ်သလဲ အရက်ဆိုင်တွေကွ" တဲ့ဟုတ်ပါတယ် အဲ့ဒီအချိန်က လူငယ်တွေနိုင်ငံရေးဆိုတာဘာလဲလို့စိတ်မဝင်စားနိုင်အောင် အညွန့်တလူလူတက်နေပြီး အလားလာရှိတဲ့လူငယ်တွေ အရက်
ကျွန်ဖြစ်သွားရင် လက်ရှိနိုင်ငံ့အရေး လက်ရှိကာလကို မတွေးခေါ်နိုင်အောင် စီမံကိန်းတရပ်အနေနဲ့ အရက်လိုင်စင် တွေကို ဖောဖောသီသီချပေးခဲ့တယ်၊ နောက်တစ်ချက်က ပတ်ဝန်းကျင် (သို့မဟုတ်)မိဘတွေပဲ ကို့သားသမီး၉နှစ်၁၀နှစ်အရွယ်ကလေးတွေကို အရက်ဝယ်ခိုင်းကျတယ် ရွာဘက်တွေမှာပိုဆိုးတယ် အဖေကိုအရက်ဝယ်ပေးဘူးတဲ့သားက နောင်တချိန်မှာ အသိပညာမရှိခဲ့ရင် အရက်သမားဖြစ်ဘို့က 90ရာခိုင်နှုန်းပဲ၊ နောက်တစ်ချက်က နိုင်ငံသားအချင်းချင်း မျိုးဆက်တစ်ခုကို ထိန်းသိမ်းစောင့်ရှောက်တာ ။
ဘလိုမျိုးလည်းဆိုရင် တရုတ်နှစ်သစ်ကူးတုန်းက ဟန်မြစ်မှာ ကျွန်တော်တို့ရွာသားတွေစုံကြတယ် ၂၄နာရီစတိုးဆိုင်မှာအဖွဲ့ထဲ က၂၅နှစ်လောက်ရှိတယ် ညီတယောက်ဘီယာသွားဝယ်တာ သူကလည်းမျက်နှာအနေထား ကလေးပုံစံ ဆိုင်ကဝန်ထမ်းက အိုင်ဒီကဒ်ပြခိုင်းတော့ ပါမသွားဘူး၊
အဲ့မှာဟိုက အသက်မပြည့်သေးဘူးဆိုပြီးမရောင်းဘူး ဆိုင်မှာဝယ်ဘို့က ပွဲတော်ရက်ဆိုတော့ တန်းစီးရတာနာရီဝက်လောက်ကြာတယ် အသက်ပြည့်ပါပြီးပြောလဲမရ သူနိုင်တို့ငံတွေမှာအဲ့လို့ ထိန်းသိမ်းတာ ဆေးလိပ်လဲအသက်မပြည့်ရင် မရောင်းဘူး၊
ကျွန်တော်တို့ဆီမှာ ပွဲတော်ရက်ဆိုဘလိုပုံစံနဲ့ရောင်းရမလဲပဲတွေးတာနော်၊ အရက်ကို လုံးဝရှောင်ကြဉ်ရမယ်ဆိုလိုတာမဟုတ်ပါဘူး အရက်၏ကျေးကျွန်ဖြစ်မသွားစေပဲ ချင့်ချိန်သောက်ကြပါ မောင်ရစ်တို့။ ကျွန်တော်လည်းသောက်ပါတယ် ရံဖန်ရံခါ၊ ဘဝမှာမရှိမဖြစ်တဲ့ပုံစံမျိုးမဖြစ်အောင် အမြဲထိမ်းသောက်တယ်၊ ပညာတတ်လူငယ်တွေ နိုင့်ငံရတနာလေးတွေ အရက်ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မဆုံးရှုံစေချင်ဘူး၊ချင့်ချိန်သောက်ကြပါ တန်ဆေးလွန်းဘေးပဲမို့။
Keep Reading