Author's Profile Photo

ဆွေ (မန္တလေး)

3/09/2024

အစွန်းနှစ်ဖက်

1 min read
Life Style
General Knowledge
18 Again
အစွန်းနှစ်ဖက်'s photo

အစွန်းရောက်တာ ဘယ်အရာမှ မကောင်းဘူးလို့ လူကြီးတွေ ဆုံးမလေ့ရှိတယ်။ "တန်ဆေးလွန်ဘေး" စကားပုံအရ ဘယ်အရာမဆို အလွန်အကျွံလုပ်မိရင် ဘေးတွေ့လိမ့်မယ်။ ဒီအရာတွေက Relationship ဆိုတဲ့ ဆက်ဆံရေးတွေမှာ ဘယ်လိုသက်ရောက်နေမလဲ။

ချစ်စခင်စ ချစ်စဦးနှစ်ဦးဟာ အရမ်းချစ်တယ် တစ်ယောက်နဲ့ တစ်ယောက် မျက်နှာလေးတကြည့်ကြည့် တစ်နေရာရာရောက်ရင်တောင် ချစ်ရသူမပါရင် ဝမ်းနည်းရတယ်။ ချစ်ရသူကိုပဲ တမ်းတတယ်။ ချစ်ရသူနဲ့ပဲ အတူနေချင်တယ်။ ဒီလို လက္ခဏာတွေဟာ စစချစ်တဲ့ လူနှစ်ဦးမှာ တွေ့ရစမြဲပဲ။ ချစ်သူနဲ့ ၃နာရီလောက်ဖုန်းပြောရလည်း မလုံလောက်ဘူး။ ညအိပ်တဲ့အချိန်ထိ မခွဲချင်လို့ ဖုန်းလေးကိုင်ပြီး Video Call နဲ့ အိပ်စက်ကြတယ်။ ဒါဟာ အချစ်နွံမှာ နစ်နေတဲ့ အချစ်ငှက်ကလေးနှစ်ကောင်ပဲ။

သက်တမ်းကြာလာမယ်။ အချိန်တစ်ခုရောက်လာမယ်။ တယောက်အကြောင်း တယောက်သိလာမယ်။ နာကျင်မှုတွေ ပေးမိမယ်။ ကုစားကြမယ်။ ဘေးပတ်ဝန်းကျင်ရဲ့ ပါဒါန်တွေ ဒီလူနှစ်ဦးရဲ့ ဆက်ဆံရေးကို ထိခိုက်လာမယ်။ လက်မလွှတ်တမ်း ဆုပ်ကိုင်ထားကြမယ်။ ဒါပေသည့် အရင်လိုမနွေးထွေးတော့ဘူး။ စာနှစ်ကြောင်းက တစ်နေ့တာကို လုံလောက်စေလာမယ်။ ထမင်းစားလား။ နေထိုင်ကောင်းရဲ့လား။ သိချင်စိတ်မရှိတော့။ ပူပန်စိတ်မရှိတော့။

အကျိုးကြောင့် အကြောင်းဖြစ်လာတယ်။ အချိန်ကြောင့် ဖြစ်လာနိုင်တယ်။ ဒါဆိုရင် လက်ထပ်သွားပြီးသား ပုဂ္ဂိုလ်တွေကော ဒီအခြေနေကို မကျော်ဖြတ်ရဘူးလား။ ဘယ်လိုဖြတ်ကျော်ကြသလဲ။ ဘယ်လိုကြုံတွေ့ကြလဲ။ ဘယ်လိုရင်ဆိုင်ကြသလဲ။ သို့ပေသည့် လူတိုင်းမကြုံတွေ့ရတဲ့ ပြဿနာလည်း ဖြစ်နိုင်တာပဲ။ ပထမဆုံးအကြိမ်မဟုတ်တော့ပေမဲ့ လူတစ်ဦးတည်းရဲ့ အရမ်းချစ်တဲ့ အစွန်းတစ်ဖက်နဲ့ ကိုယ်ဟာသူ့တစ်နေ့တာမှာ အရေးမပါတော့တဲ့ အစွန်းတစ်ဖက်။ ဒီအစွန်းနှစ်ဖက်ကို မြင်တွေ့ရတိုင်း ခံစားရတိုင်း ကျင့်သားတော့ ရမနေသေးဘူး။ နာကျင်နေတုန်းပါပဲ။

အရမ်းမချစ် အရမ်းမစိမ်းကား နိုင်မဲ့ အလယ်အလတ် လမ်းစဉ်နဲ့ လူတစ်ယောက်ကို ချစ်မိရဖို့ မဖြစ်နိုင်ဘူးလား။

၃၊ စက်တင်ဘာလ၊ ၂၀၂၄။
၅:၃၈ ညနေ
ဆွေ (မန္တလေး)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်