Nway Oo Maung
လူကသာတောင်မရောက်မြောက်မရောက်တာ အသက်ကဘာလိုလိုနဲ့ လူလတ်ပိုင်းထဲတောင်ရောက်ခဲ့ပြီ ၊ငယ်ငယ်လူတွေအသက်ကြီးလာတဲ့အခါ အတွေ့ကြုံတွေအသိဥာဏ်ပညာတွေများလာလို့ ရင်ကျက်သွားတယ်ထင်ခဲ့တာ အမှန်တော့(ကိုယ့်အမြင်)အသက်ကြီးလာလေ ဆက်ဆံရတဲ့နယ်ပယ် ကြုံတွေ့ရတဲ့လူတွေများလာလေလေ ကိုယ်ကဘာမသိ ဘာမှမတတ်ဘူးဆိုတာထင်ရှားလာတော့ ကို့ကိုယ်နှိမ့်ချတတ်လာပြီး ရင့်ကျက်တယ်လို့တော့မဆိုချင်ဘူး နှုတ်ဆိတ်လာတယ်ခေါ်ရမယ်ထင်တယ် ၊ငယ်ငယ်ကဆိုကိုယ်သိတာကနှမ်းစေ့လောက်ပဲရှိပြီး နှမ်းတောင်းလောက်သိစရာကျန်သေးတယ်ဆိုတာမသိပဲ ကိုယ်သိတဲ့နှစ်စေ့လောက်ကိုပဲ အဟုတ်ထင်ပြီးမာန်တက်ခဲ့တာ။ ဒီလူဘယ်လိုလဲ ဘယ်လိုစိတ်ထားလဲဆိုတာပဲဂရုစိုက်တာ အခုကြတော့ကိုယ်ကဘလိုလူလဲ ဘလောက်ပေးဆပ်နိုင်လည်းဆိုတာပါ ထည့်တွေးတတ်လာတော့ သူ့နေရာမှာငါဆိုတဲ့ မျက်ချေးလောက်ကိုယ်ချင်းစာစိတ်လေးထားတတ်လာတယ် ၊စာတွေဖတ်ပြီးအောင်မြင်တဲ့သူတွေရဲ့စံတွေနဲ့နေထိုင်ချင်ခဲ့တယ် ကြီးလာတော့ကိုယ်စံ ကိုယ်ဟန်ပဲနေရတာကြိုက်လာတယ်၊အရင်ကနယ်ပယ်အသီးသီးအောင်မြင်တဲ့သူတွေကိုကံကောင်းတယ်ပဲထင်ခဲ့တာ အမှန်တော့ကံကောင်းတယ်ဆိုတာက ကံကိုယ်မှ ဝီရိယနဲ့ဉာဏ်ပေါင်းစပ်ထည့်ရတယ်ဆိုတာသိလာရတယ်။အရင်က ပိုက်ဆံချမ်းသာတဲ့လူတွေစိတ်လည်းချမ်းသာတယ်ထင်ခဲ့တာ အမှန်တော့ပိုက်ဆံချမ်းသာလေ စိတ်မထားတတ်ရင်(ယောနိသောမနသိကာရ-အသင့်အတင့်နှလုံးသွင်းခြင်)ပိုစိတ်ချမ်းသာမှုနည်းလေဆိုတာသိလာရတယ်၊ဘဝသင်ခန်းစာက လူတိုင်းဆီကယူတတ်ရင်ရတယ်ဆိုတာနားလည်လာတယ် ၊ မပြည့်တဲ့အိုးဘောင်ခက်ဆိုတဲ့ ဆိုရိုစကားအတိုင်းနေရာတိုင်း ဘောင်ခက်ကောင်းနေတုန်းပြည့်ဦးမလားတော့မသိဘူး?၊အသက်ကြီးရင်တရားသဘောတေပိုပြီဆင်ခြင်လာမယ်ထင်ခဲ့တာ အသက်ကြီးလေအလိုရမ္မက်ကြီးလာလေပဲ ပိုးဖလံမျိုးမီးပုံတိုးကို၊အရင်နှစ်တွေကဆို မွေးနေ့ဆိုသတိတောင်မထားမိဘူး ကျော်သွားမှအော်ငါဘယ်နှနစ်ပြည့်ပြီလိုပဲသတိရလိုက်တယ် လူလတ်ပိုင်းထဲရောက်လာတော့လဲ မွေးနေ့ရှိရင်သေနေ့ရှိလာမယ်ဆိုတဲ့အတွေးကဝင်လာတယ်၊ အဒီတော့အသက်အရွယ်လိုက်ဘာတွေအရေးကြီးလဲဆိုတာထပ်တွေးရပြန်တယ်၊တချို့ကယုံကြည့်မှုအတွက် ဘဝကိုပုံအပ်ထားကြတယ် (ဥပမာ)လက်ရှိအာဏာရှင်ကိုတော်လှန်နေတဲ့သူတွေပေါ့ နိုင်ရမယ်၊အနာဂတိမျိုးဆက်အတွက်ကောင်းရမည်ဆိုတဲ့ယုံကြညိချက်မျိုး၊တချို့က ဝါသနာအတွက်ဘဝကိုဝါသနာပါရာမှာမြုပ်နှံ့ထားကြတယ် ဝါသနာနဲ့ဘဝတထပ်တည်းကြပြီးအောင်မြင်တဲ့သူတွေရှိသလို မအောင်မြင်လည်းကိုယ်ဝါသနာပါရာနဲ့ပျော်မွေ့နိုင်ကြတယ်၊တချို့က ယုံကြည်ရာလည်းမရှိ ဘာဝါသနာပါလို့ပါမှန်းလည်းမသိ ဘဝရပ်တည်ရေးအတွက်ပဲကြုံရာသင့်တော်တဲ့ အလုပ်လုပ်နေကြရတယ်၊ ကိုယ်ကတော့ ခုချိန်ထိဘာကိုယုံကြည်တယ် ဘဝကိုဘလိုနေရာမှာမြုပ်နှံထားရမယ်ဆိုတာမသိသေးဘူး၊မွေးနေ့ဆိုတာလူ့ဘဝရထားကြီးရဲ့ဘူတာတခုပါပဲ ဘယ်ဘူတာထိစီးရမယ်သာမသိသေးတာပါ၊အင်းနေရေးအတွက်ပူရပြန်သလို သေရေးအတွက်ကလည်းသတိကပ်ထားရသေးတယ်၊ကိုယ့်အတွက်တော့မွေးနေ့ဆိုတာ (လက်ရှိအသက်ရွယ်အရ) ဘဝမှာဘာကအရေးပါဆုံးလဲ ဘာတွေအရေးကြီးလဲဆိုတဲ့ တွေးရမည့် သတိပေးခေါင်းလောင်းသံပါပဲ။
Keep Reading