Author's Profile Photo

Lunar

3/09/2024

သင်္ချာအားနည်းသူများအတွက်

1 min read
Life Style
Personal Development
Education
သင်္ချာအားနည်းသူများအတွက်'s photo

လေ့လာတွေ့ရှိချက်များအရ ကျောင်းသားအများစုသည် သင်္ချာဘာသာတွင် စိုးရိမ်မှု၊ပူပန်မှု၊ကြောက်ရွံ့မှုရှိကြသည်။သင်္ချာကို ကျောင်းသားတော်တော်များများ မကြိုက်ကြပေ။သည်မျှပင် မဟုတ်ပေ။အကျိုးဆက်အနေဖြင့် သင်္ချာသင်သော ဆရာ၊ဆရာမ များကိုပါ ကြောက်လာကြသည်။
ကျောင်းသားများသည် သင်္ချာကိုကြောက်သည့်အလျောက် သင်္ချာမှာအားနည်းကြသည်။

?အခြေခံပိုင်နိုင်အောင်လုပ်ပါ

သင်္ချာသည် ပုံသေနည်း၊ဆက်သွယ်ချက်၊သီအိုရီ၊သဘောတရားတွေကို ပိုင်နိုင်ရန် လိုပါမည်။ထိုအရာများသည် သင်္ချာ၏ အသက်ပင်ဖြစ်သည်။

?လေ့ကျင့်ပါ

practice makes perfect. လေ့ကျင့်တာများလာလျှင် ပြီးကြည့်စုံလာမည်။သင်္ချာတွက်ရင် အမှားနှင့်ကြုံတွေ့လာရမည်။ထိုအခါ လူအများစုသည် စိတ်ပျက်ကာ အားလျှော့လိုက်သည်မှာ များသည်။အမှားကို မကြောင်သင့်ပေ။အဘယ်ကြောင့်ဆိုသော် အမှားသာလျှင် သင်ယူခြင်း၏ အခွင့်အလမ်းပင်ဖြစ်သည်။အမှားကြောင့် ထိုပုစ္ဆာကို အမှတ်ရလွယ်နေမည် ဖြစ်သည်။

?နည်းပညာကိုအသုံးချပါ

ယခုအခါ photo maths ကဲ့သို့သော Application များ အများအပြားရှိနေပြီး ုဖစ်သည်။ထိုကဲ့သို့သော app များသည် သင်္ချာပုစ္ဆာများကို တစ်ဆင့်ချင်းဆီရှင်းပြပေးသောကြောင့် ကျွန်မတို့ကျောင်းသားများအဖို့ အလွန်ပင် အထောက်အကူဖြစ်သည်။

?မေးပါ

နားမလည်သည်ရှိသော် အတန်းဖော်များ၊စူငယ်ချင်းများ၊ညီအစ်ကိုမောင်နှမများ၊ဆရာ၊ဆရာမများ စသည်ဖြင့် တတ်သိနားလည်သည့်သူတွေကိုမေးပါ။ရှင်ပြပေးရန် တောင်းဆိုသင့်သည်။အကူအညီတောင်းရန် သို့မဟုတ် မေးမြန်းရန် မကြောက်ပါနှင့်။

?နားလည်ရန်အာရုံစိုက်ပါ

သင်္ချာတွင် နားလည်ရန်သည်ကား လိုအပ်သည်။အမှတ်ရနေရန်ထက် နားလည်ရန်လိုအပ်သည်။အကယ်၍သင်နားလည်ပါက ဘယ်တော့အခါမျှ မေ့တော့မည် မဟုတ်ပေ။

?လက်တွေ့ဘဝတွင် အသုံးချပါ

နေ့စဥ်ဘဝတွင် လက်တွေ့အသုံးချပါ။စျေးဝယ်ရာတွင်လည်းကောင်း၊ဝင်ငွေ ထွက်ငွေတွေကို တွက်ချက်ရာတွင် စသည်ဖြင့် အသုံးချပါ။နေ့စဥ်ဘဝတွင် သင်္ချာနှင့် ဖြတ်သန်းပါ။

သုတေသနပြုချက်များအရ အမေရိကန်လူမျိုး ကိုးဆယ့်သုံး(93)ရာခိုင်နှုန်းသည် သင်္ချာစိတ်ပူပန်မှုရှိကြောင်း တွေ့ခဲ့ရသည်။ထိုကဲ့သို့ စိတ်ပူပန်မှုတွေကို လျှော့စေရန် အသက်ရှုလေ့ကျင့်ခန်း၊တရားထိုင်ခြင်း တွေကိုပြုလုပ်သင့်သည်။အပြုသဘောမဆောင်သည့် အတွေးအခေါ်များအစား အပြုသဘောဆောင်သောအတွေးအခေါ်များကို အစားထိုးပေးသင့်သည်။စိတ်ပညာရှင် Carol Dweck ကလည်း သင်္ချာစွမ်းရည်အပါအဝင် ဉာဏ်အားသုံးရသည့်စွမ်းရည်များသည် ဇွဲလုံ့လဝီရိယစိုက်ထုတ်ပြီး လေ့ကျင့်လျှသ် တိုးတက်နိုင်ကြောင်း ပြောကြားခဲ့သည်။ အပြုသဘောဆောင်သောအတွေးအခေါ်၊ လေ့ကျင့်မှု၊ အခြေခံအရင်းအမြစ်သဘောတရားများဖြင့် သင်္ချာစွမ်းရည်ကို တိုးမြှင့်နိုင်သည်။

#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးမိတ်ကောင်းဆွေကောင်းများနှင့်တွေ့ဆုံခြင်းဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေ‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်းအထက်တန်းစားနှင့်အောက်တန်းစားအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာ