Sandi Cho

ငါတို့ဟာ လူသားဖြစ်နေတဲ့အတွက် လူသားသဘာ၀ အတိုင်းရှိနေမှာပဲ။
အားငယ်တဲ့ အချိန်လည်းရှိမယ်၊
လမ်းပျောက်တဲ့ အချိန်လည်းရှိမယ်၊
ပျောက်ကွယ်သွားချင်တဲ့ အချိန်လည်းရှိမယ်၊
ဆက်မလျောက်ချင်တော့တဲ့ အချိန်လည်းရှိမယ်၊
မနာလိုမိတဲ့ အချိန်လည်းရှိမယ်၊
ဒေါသထွက်မိတဲ့ အချိန်လည်းရှိမယ်၊
စိတ်ဓာတ်ကျတဲ့အချိန်လည်းရှိသလို၊
ပင်ပန်းတဲ့ အချိန်လည်းရှိလိမ့်မယ်။
ဒါပေမယ့် အဲဒါတွေက ပြဿနာတွေမဟုတ်ဘူး။ဘာလို့လည်းဆို ငါတို့က လူသားအဖြစ် မွေးဖွားခဲ့တာမို့ လူသားသဘာ၀အတိုင်း ခံစားချက်တွေက တည်ရှိနေမှာပဲလေ။
ခရီးတစ်ခုကိုသွားတဲ့အခါ အချိန်တစ်ခုယူရတယ်။ကြားထဲမှာလည်း ပြဿနာပေါင်းများစွာနဲ့ပေါ့။ဒါပေမယ့် အဲဒီပြဿနာတွေဟာ တကယ်ပြဿနာတွေမဟုတ်ဘူး။ပြဿနာတွေကြောင့်လို့ အကြောင်းပြပြီး ခရီးကို ဆက်မသွားပဲရပ်လိုက်တာမှ တကယ်ပြဿနာပါ။
Sandi Cho?
Keep Reading