Leo Nann
ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးမှာလူဦးရေသန်းပေါင်းများစွာရှိကြပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက်ဟာ ပုံသဏ္ဍာန်တွေ၊ရုပ်ရည်တွေ၊စိတ်ထားတွေကတော့ မတူညီကြတာ လူတိုင်းအသိပါပဲ။
လူအချင်းချင်း ပေါင်းသင်းဆက်ဆံကြရတဲ့အခါမှာတော့
ရုပ်ရည်တွေ၊အသွင်ပြင်တွေက အဓိကမကျပါဘူး။ကိုယ့်စိတ်နဲ့ အဆင်ပြေတယ်ဆိုရင် မိတ်ဖွဲ့ပြီး
လူသားအသိုက်အဝန်းတွေဖြစ်တည်
လာကြတာပေါ့။
လူတွေမှာ ကိုယ်နဲ့သဟဇာတဖြစ်တဲ့သူဆို ရွေးပေါင်းပြီး အဖုအထစ်လေးတွေရှိလာရင်တော့
ရှောင်တတ်ကြတာ သဘာဝပါ။
ဒါ့အပြင် လူဆိုတာက "ကြာကြာပေါင်းလေ အကြောင်းသိလေ"ပါပဲ။
လူ့အကြောင်းကိုသိရင် လောကအလယ်မှာ
လူဝင်ဆံ့နိုင်ပါတယ်။
လူအမျိုးမျိုးရှိတဲ့ထဲကမှ လူအမျိုးအစားအချို့ကို ဖော်ပြပေးသွားပါမယ်။
(1)မှန်လိုလူ
မှန်လိုလူဆိုတာက လုံးဝဘက်မလိုက်တတ်တဲ့သူတွေပေါ့။စာဖတ်သူလေးတို့မှန်ကိုကြည့်လိုက်တဲ့အခါမှာကိုယ့်ရဲ့ပုံရိပ်ကိုအထင်းသားတွေ့မြင်နေရမှာပါ။
မှန်ဟာဆိုရင် သူ့ရှေ့မှာရှိနေတဲ့သူရဲ့ အမူအယာ၊အနေအထားအတိုင်း အတိအကျအရိပ်ပေါ်တဲ့ပစ္စည်းဖြစ်ပါတယ်။ဒါ့ကြောင့်မှန်လိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ကိုယ်ပြုမူတဲ့လုပ်ရပ်တွေအတိုင်း ပြန်ဆက်ဆံကြမှာအမှန်ပါပဲ။ထိုသူတွေဟာကိုယ်ကမေတ္တာပေးရင် မေတ္တာပြန်ပေးမဲ့သူတွေဖြစ်ပြီး အဆိပ်ကျွေးရင်တော့ အက်စစ်နဲ့ပြန်ပက်မဲ့လူသားတွေလည်းဖြစ်ပါတယ်။
(2)မြက်ပင်လိုလူ
Leoတို့ရဲ့ပတ်ဝန်းကျင်မှာ မြက်ပင်လို
လူသားတွေအများကြီးရှိပါတယ်။
မြက်ပင်ဟာ လေတိုက်တဲ့ အရပ်ကို လိုက်ယိမ်းလေ့ရှိပါတယ်။
မြက်ပင်နဲ့တူတဲ့သူတွေဟာ အခြေအနေ၊အချိန်အခါကို ကြည့်ပြီး အကျိုးသင့် အကြောင်းသင့် လှုပ်ရှားတတ်ကြသူတွေပါ။
ဥပမာ ပြရရင်
နိုင်ငံနှစ်နိုင်ငံစစ်ဖြစ်ကြတယ်ဆိုပါစို့။နောက်ပြီး ဒီနှစ်နိုင်ငံကြားမှာ နောက်ထပ်နိုင်ငံတစ်ခုလည်းရှိနေတယ်ပဲထား။အကယ်၍ စစ်ဖြစ်တော့မဲ့၂နိုင်ငံက အဲ့ဒီကြားနိုင်ငံကိုအပြိုင်အဆိုင် မဟာမိတ်ဖွဲ့ကြမယ်ဆိုရင် ဘယ်နိုင်ငံရဲ့ကမ်းလှမ်းချက်ကိုလက်ခံလိမ့်မယ်လို့ထင်ပါသလဲ။ပိုအရေးသာနိုင်ခြေရှိတဲ့နိုင်ငံနဲ့ပဲ မိတ်ဖွဲ့မှာဖြစ်ပါတယ်။
မြက်ပင်လိုလူတွေကလည်း အဲ့ဒီသဘောတရားအတိုင်းပါပဲ။
သူ့အတွက် အကျိုးရှိတဲ့သူတွေအနားမှာပဲ
နေတတ်တဲ့သူမျိုးပါ။ သူ့အတွက်အကျိုးမရှိတော့တဲ့အခါ စွန့်ခွာသွားဖို့လည်း ဝန်မလေးတတ်ကြပါဘူး။
(3)လိပ်လိုလူ
ဒါကိုတော့ စာဖတ်သူလေးတို့ အားလုံးနီးပါးသိပြီးသားဖြစ်မှာပါ။
ကိုယ့်အတွက်ကိုပဲသိတတ်ပြီး ကိုယ့်ဘက်ကို ကိုယ်ယက်တဲ့သူမျိုးတွေပေါ့။"ဘယ်သူသေသေ ငတေမာရင်ပြီးရော" စိတ်ရှိတဲ့သူတွေလည်းဖြစ်ပါတယ်။အတ္တကြီးပြီး "ငါ"ဆိုတဲ့ ဝါဒကိုလက်ကိုင်ထားကြသူတွေပေါ့။ကိုယ့်အကျိုးကိုသာကြည့်ပြီး ကိုယ့်အတွက်လောက်ကိုသာ ခေါင်းထဲထည့်တတ်ကြတဲ့ လူစားမျိုးတွေပါ။
(4)တိမ်လိုလူ
တိမ်တွေဟာ လေထဲမှာမျောနေပြီး ဟိုရောက်သည်ရောက်နဲ့ ဦးတည်ရာအတည်တကျ မရှိတတ်ပါဘူး။
တိမ်နဲ့တူတဲ့သူတွေဟာလည်း ဒီလိုပါပဲ။အများအားဖြင့်တော့
ယောင်ချာချာနဲ့ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ၊ဘာလုပ်သင့်မှန်းလည်း
မသိကြတဲ့ လူနုံလူအတွေပေါ့။ရည်မှန်းချက်လည်းမရှိကြဘဲ ဘဝကိုပေါ့ပေါ့တန်တန်သာ ဖြတ်သန်းနေတဲ့ ပေါ့ပျက်ပျက်လူတန်းစားပါ။
သူတို့နဲ့ ပေါင်းရသင်းရတာလည်း အဆင်ပြေမှာ မဟုတ်သလို သူတို့ကိုကြည့်ပြီး ကိုယ်ပါ ရင်မောရမဲ့ သဘောရှိပါတယ်။
(5)ဓူဝံကြယ်လိုလူ
မြောက်အရပ်ကို ညွှန်ပြတဲ့ကြယ်လို့လူသိများတဲ့ ဓူဝံကြယ်ဟာ ကိုယ်တိုင်လည်းတောက်ပသလို သူများကိုလည်းလမ်းပြပေးနေတာပါ။
ဓူဝံကြယ်နဲ့တူတဲ့သူလေးတွေကတော့
စိတ်ကောင်းရှိပြီး သူတစ်ပါးကို ကူညီတတ်သူတွေပေါ့။ထိုသူတွေဟာ သူတစ်ပါးကို ကူညီတတ်ပြီး ဖြူစင်သန့်ရှင်းတဲ့
စိတ်ထားကလေးကြောင့်လည်း လူချစ်လူခင်များနေတတ်ကြပါတယ်။
ဒီလိုလူတွေနဲ့ များများပေါင်းသင်းဆက်ဆံသင့်ရုံမကဘဲ သင်ကိုယ်တိုင်လည်း ဒီလိုလူမျိုးဖြစ်ဖို့
ကြိုးစားသင့်ပါတယ်။
(6)ပေါက်ပန်းလိုလူ
ပေါက်ပန်းက ကိုယ်ပိုင်အလှရှိနေပါလျက်
ရနံ့ဆိုတဲ့အရည်အသွေးလိုအပ်ချက်ကြောင့်
မတင့်တယ်တဲ့ပန်းကလေးဖြစ်နေရပါတယ်။
အဆင်းသာရှိပြီး အချင်းမရှိဆိုသလို ပေါက်ပန်းလိုလူတွေက အရည်အချင်းမရှိကြတဲ့သူတွေပါ။
ကိုယ့်မှာရှိတဲ့ အားသာချက်ကို ထုတ်အသုံးမချတတ်တဲ့သူတွေပါပဲ။
တိမ်လိုလူနဲ့ ခပ်ဆင်ဆင်တူပါတယ်။
သူတစ်ပါးရဲ့ အထင်ကြီးလေးစားခြင်းကိုမခံရတဲ့
ခပ်ညံ့ညံ့လူတွေပေါ့။
အသုံးမကျတဲ့သူအဖြစ် လောကကြီးမှာ
ရှင်သန်နေရရင် လူဖြစ်ရကျိုးမနပ်ပါဘူး။
?????????????????
ဒါဆိုရင်တော့ လူအမျိုးအစားအချို့ကို သိသွားပြီလို့ ထင်ပါတယ်။
စာဖတ်သူလေးတို့လည်း ဘယ်အမျိုးအစားထဲမှာ ပါနေကြပါသလဲ။
ကိုယ့်အနားကလူတွေကရော ဘယ်လိုလူတွေဖြစ်နေမလဲဆိုတာတွေးမိကြရဲ့လားရှင့်။
ရှောင်သင့်သူကို ရှောင်ပြီး ဆောင်သင့်သူကို
ဆောင်ကြရပါမယ်နော်။
-----------------------------------------------
အဆုံးထိဖတ်ပေးခဲ့ကြတဲ့စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ကျေးဇူးတင်ပါတယ်ရှင့်။
အားလုံးကို အစဥ်လေးစားလျက်...
#Leo
Keep Reading