Honey cho
ဒီနေ့မှာတော့ ဟန်နီကစာလေ့လာတဲ့လူငယ်တွေတော်တော်များများဟာ စာလေ့လာနေရင်း တစ်ချို့ကျက်ပြီးသားစာတွေကို ကျက်လိုက်၊မေ့လိုက်မေ့တာတွေရှေ့ကျက်နောက်မေ့တွေဖြစ်တတ်တာတွေတွ့ရပါတယ်။
ဒါဆိုစာတွေများများမှတ်မိဖို့ရာ မှတ်ဉာဏ်ကောင်းဖို့လည်းလိုပါတယ်။မှတ်ဉာဏ်ကောင်းတဲ့သူေတွဟာ တခြားသူတွေထက်ပိုပြီးစာတွေကို မှတ်မိလွယ်ကြပြီး ဝီရိယရှိမှု၊လုံ့လဝီရိယရှိမှုတွေပါပေါင်းစပ်လိုက်ရင်လုံးဝကိုgeniusတစ်ယောက်ပါဘဲ။
မှတ်ဉာဏ်ကောင်းချင်ရင် ခန္ဓာကိုယ်အတွက်သကြားကိုအတတ်နိုင်ဆုံးလျှော့စားပေးသင့်ပါတယ်။
တရားထိုင်ခြင်းဟာလည်း စိတ်ကိုတည်ငြိမ်စေပြီးအာရုံစူးစိုက်မှုကိုအထူးကောင်းမွန်စေလို့မှတ်ဉာဏ်ကိုအသုံးပြုရာမှာနဂိုထက်ကောင်းစေပါတယ်။
အိပ်ရေးဝဝအိပ်စက်အနားယူပေးခြင်းဟာလည်း စိတ်ရော၊ကိုယ်အတွက်သာမက ဦးနှောက်တွက်ပါအနားပေးရာရောက်လို့ထိုသို့ပြုလုပ်ခြင်းဟာလည်းမှတ်ဉာဏ်အားကိုတိုးစေပါတယ်။
မိမိရဲ့ကိုယ်အလေးချိန်ကိုလည်း မပိန်လွန်း၊မဝလွန်းတဲ့ အနေအထားမျိုးရအောင် မိမိအသက်အရွယ်နဲ့လိုက်ဖက်မဲ့ ကိုယ်အလေးချိန်ကိုရရှိအောင်ကျန်းမာရေးနဲ့အညီထိန်းသိမ်းပါ။
မနက်ခင်းရဲ့ နေခြည်နုနုလေးတွေကိုနေစာလှုံခြင်းဖြင့်လည်းခန္ဓာကိုယ်အတွက်လိုအပ်တဲ့vitamin Dဓာတ်ကိုရယူခြင်းဟာလည်းဦးနှောက်မှတ်ဉာဏ်တိုးစေမဲ့သဘာဝနည်းလမ်းကောင်းတစ်ခုပါ။
နေ့စဉ်ကိုယ်လက်လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ဆောင်ပေးခြင်းဟာလည်းခန္ဓာကိုယ်ရဲ့သွေးလှည့်ပတ်မှုကိုထိန်းညှိပေးပြီးဦးနှောက်မှမှတ်ဉာဏ်စွမ်းရည်ကိုပိုမိုထုတ်ပေးပြီးဉာဏ်ရည်တိုးစေပါတယ်။
ချောကလက်အစစ်ကို စားသုံးပေးခြင်းဟာလည်ူဦးနှောက်မှတ်ဉာဏ်ကိုထူးခြားကောင်းမွန်စေတယ်လို့ဆေးသုတေသီတွေရဲ့မှတ်တမ်းတွေအရသိရပါတယ်။
ဟန်နီဒီနေ့ဖော်ပြသွားတဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်ရင်းမှတ်ဉာဏ်တွေတိုးပွားပြီးကျက်သမျှစာတွေအကုန်ရကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်နော်။
ဟန်နီချို
Keep Reading