ပြာလဲ့ရီဝေ
"နွေးထွေးကြင်နာမေတ္တာများနှင့်ချစ်ကြသည်"
"မေတ္တာ" စကားလုံး
နားမှာ အခါးဆုံး။
မရဖူးလို့လားမသိ။
"ကြင်နာမှု" ဆိုရင်
ဓာတ်လိုက်မှုပဲထင်
ယုယမခံရဖူးလို့လားမသိ။
"နွေးထွေးမှု" ဆိုပြန်မှ
တစ်ကိုယ်လုံးဟာ အေးစိမ့်သွား
အကာအကွယ် မရှိဖူးလို့လားမသိ။
"ချစ်တယ်" ကြားလိုက်တော့
သွေပျက်ချောက်ခြား
လှောင်အိမ်အောက်ကို ရောက်လို့သွား။
Keep Reading