Author's Profile Photo

Lunar

31/08/2024

လူငယ်များဆီသို့....

1 min read
Life Style
Personal Development
18 Again
လူငယ်များဆီသို့....'s photo

ဘဝတစ်ခုလုံးတွင် လူငယ်အရွယ် အခိုက်အတန့် သည်ပျော်ရွှင်မှုအများဆုံးဟုထင်ပါသည်။ဘဝတွင် မိမိနှစ်သက်ရာများကို လုပ်​ဆောင်နိုင်သည့်အရွယ်ဖြစ်သည်။အပေါင်းအသင်းများနှင့် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးနိုင်သည့် အချိန် ဖြစ်သည်။လူငယ်ဆိုသည့်အတိုင်း လူငယ်တိုင်းတွင် ပုန်ကန်တတ်သည့် စိတ်ထားရှိသည်။ချုပ်ခြယ်ထိန်းချုပ်လေလေ ပုန်ကန်လေလေပါပဲ။

သင်ကဗျာတွေကို နှစ်သက်လူလား။ညနက်တဲ့အထိ ကဗျာစပ်လိုက်ပါ။ညနက်တဲ့အထိ ကဗျာတွေကိုဖတ်နေလိုက်စမ်းပါ။လူငယ်ဆိုတဲ့ အရွယ်နဲ့လိုက်အောင် ညနက်တဲ့အထိဂီတာတီးပြီး သီချင်းတွေ ဆိုနေလိုက်စမ်းပါ။ဖိအားတွေ၊အပူအပင်တွေ အကုန်လုံးလွှတ်ချလိုက်စမ်းပါ။ဘာတွေကြောင့် ထိန်းချုပ်ခံနေလဲ၊ဘာကြောင့် ချုပ်ခြယ်ခံနေမှာလဲ။ကြိုက်တာတွေ၊ဝါသနာပါတာတွေကို ရဲရဲကြီးလုပ်လိုက်ပါ။ဆံပင်ရှည်ထားရတာ ကြိုက်ရင် ထားလိုက်ပါ။ယောင်္ကျားလေးမို့ ဆံပင်ရှည် မထားရဘူးလို့ ဘယ်သူပြောခဲ့လဲ။အကြီးအကျယ်ကို မဆိုထားနဲ့။အသေးအနုပ်ကိုပင် ဆိုပါမည်။​ရှေးခေတ်မြန်မာ ယောင်္ကျားတွေကို သျှောင် နဲ့တည်း။ ဆံပင်ရှည်ထားလို့ လူမိုက် မဖြစ်ပါဘူး။တရားဥပဒေကိုလည်း မချိုးဖောက်ပါဘူး။အသင်ဘာများ တွေဝေနေပါသနည်း။ကျွန်မတို့သည် လူငယ်တွေတည်း။ဘာကြောင့်ထိန်းချုပ်ခံနေမည်နည်း။

ချုပ်ခြယ်မှု၊ဖိအားတွေကြောင့် အဆုံးစီရင်ခဲ့တဲ့ လူငယ်တွေ ကမ္ဘာပေါ်မှာအများကြီး ရှိနေပြီးဖြစ်သည်။ထိုဖိအားများကို မခံနိုင်လို့ အဆုံးစီရင်ခဲ့တဲ့ လူတွေထဲမှာ သင့်ကိုယ်သင် ပါဝင်စေချင်သလား။ လွတ်လွတ်လပ်လပ် ပျံသန်းလိုက်စမ်းပါ။လောကကြီးကို မြင်အောင်ကြည့်လိုက်စမ်း။ကျောင်းစာကလွဲပြီး ဘာစာမှမဖတ်ရဘူး ဆိုတဲ့ စကားအောက်မှာနာခံနေတုန်းလား။ဂီတ အနုပညာနဲ့မပတ်သက်ရဘူး ဆိုတဲ့ ရူးကြောင်ကြောင်စကားတွေကို နားထောင်နေတုန်းလား။ဆံပင်ရှည်ထားရင် လမ်းသရဲဆိုတဲ့ လူတွေရဲ့အမြင်ကို ဂရုစိုက်နေတုန်းလား။သင်ရဲ့အပြုအမူက မည်သူကိုမျှ မထိခိုက်၊မနစ်နာစေလျှင် လုပ်သာလုပ်။ကျောင်းစာရမှတ်တွေကို ပြိုင်ဆိုင်နေတဲ့ ကျောင်းသားမဖြစ်ပါစေနဲ့။မိမိရဲ့တိုးတက်မှု၊ နားလည်မှုတွေကိုသာ ဂရုစိုက်တဲ့လူငယ်ပဲဖြစ်ပါစေ။လူငယ်ပဲ ကြိုက်သလောက်မိုက်၊ဒါပေမယ့် မရိုင်းစေနဲ့။မယုတ်မာစေနဲ့။သင်မိုက်လို့တော့ရတယ် ။မရိုင်းစေနဲ့။မယုတ်မာစေနဲ့။မိမိကို ဆွဲချနေတဲ့ အယူအဆတွေကနေ ရုန်းထွက်လိုက်။

လွတ်လပ်မှုကိုလိုချင်ပါက ထိုရူးကြောင်ကြောင် အယူအဆ၊သြဝါဒတွေကနေ လွတ်မြောက်အောင် ကြိုးပမ်းရမည်သာဖြစ်သည်။လူငယ်ဆိုတဲ့ အရွယ်က ပြန်မရနိုင်တာမို့ အမှတ်တရတွေနှင့် ပြည့်နှက်နေအောင် ဖန်တီးလိုက်ပါ။စွန့်စားလိုက်ပါ။ဒါမှ အနာဂါတ်မှာ သင်က သင့်ရဲ့ စွန့်စားခန်းတွေကို သင်ရဲ့ သားစဥ်မြေးဆက် ကိုပြောပြနိုင်မှာပဲဖြစ်ပါသည်။လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ကြပါစေ။

#ချစ်ခြင်းမေတ္တာဖြင့်

Keep Reading

ပျော်စရာနေ့စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း