Author's Profile Photo

SarPhat Author

17/03/2024

ကျွန်မနှင့် စိတ်ပင်ပန်းခြင်း

1 min read
Life Style
Personal Development
General Knowledge
ကျွန်မနှင့် စိတ်ပင်ပန်းခြင်း's photo


ဘာမှကိုလုပ်ချင်စိတ်မရှိဘူး.............

ဒီလိုလူတိုင်းဖြစ်ဖူးကြမယ်ထင်ပါတယ်

တခါတလေ လူတွေကစိတ်တွေညစ် စိတ်တွေရှုပ် အာရုံတွေနောက်ရတာ သိပ်များလာရင် ကျောင်းလဲမတက်ချင် စာလဲမလုပ်ချင် အလုပ်လဲမလုပ်ချင် ဘယ်သူနဲ့မှမတွေ့ချင် ဘာစကားမှလဲမပြောချင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြစ်တတ်ကြပါတယ်။ အားလုံးကိုလွှတ်ချပြီး ကိုယ်လွတ်ရုန်းချင်စိတ်၊ ဒီအခက်အခဲ အကြပ်အတည်းကနေလွတ်မြောက်ထွက်ပြေးချင်စိတ်၊ ပျောက်ကွယ်သွားချင်စိတ်တွေ ဖြစ်တတ်ကြပါတယ်။

ဒါဟာကိုယ်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး လူတိုင်းပါပဲ

အဲလိုမျိုးတွေဖြစ်လာတဲ့အခါဘာလုပ်ကြမလဲ

ပထမဆုံးအနေနဲ့ စိတ်ကိုတည်ငြိမ်သွားအောင် အေးချမ်းသွားအောင် တစ်ယောက်တည်းသီးသန့်နေလိုက်ပါ

ကိုယ့်အခန်းထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် အေးအေးဆေးဆေးရှိမယ့်နေရာမျိုးလေးပဲဖြစ်ဖြစ် တစ်ယောက်တည်းခဏသီးသန့်နေကြည့်ပါ

အဲ့အချိန်မှာစဉ်းစားပါ ကိုယ့်မှာအခုဘာကအဓိကစိတ်ဓာတ်ကျနေစေတာလဲ

ကိုယ့်ကိုအခုစိတ်ရှုပ်စေတဲ့အရာတွေကဘာတွေလဲ

တခုချင်းစီစဉ်းစားပါ ပြီးရင်တခုချင်းစီအတွက်ဖြေရှင်းရမယ့်နည်းလမ်းကိုစဉ်းစားကြည့်ပါ လုပ်ကိုလုပ်ရမယ့်အရာကိုလုပ်ပါ မလုပ်ဘဲနေလို့ရမယ်ဆိုမလုပ်ဘဲရုန်းထွက်ပါ

ကိုယ်အသက်ရှင်ရပ်တည်နေတဲ့အချိန်မှာ ကိုယ်အခုလုပ်နေတာတွေကအဓိပ္ပါယ်ရှိလားစဉ်းစားပါ
အဓိပ္ပါယ်မရှိတာတွေအတွက် စိတ်ညစ်နေရတာလား စိတ်ပင်ပန်းနေရတာလား အဲဒါတွေအတွက်ဆို လွှတ်ချလိုက်ပါ ကိုယ့်ကိုကိုယ်အပင်ပန်းမခံပါနဲ့

အဓိပ္ပါယ်ရှိတဲ့အရာ (ဥပမာ မိသားစုအတွက် အလုပ်အတွက် ကိုယ့်အတွက်) ဆိုရင် ဘာကြောင့်စိတ်ရှုပ်ရ စိတ်ပင်ပန်းရ အာရုံနောက်ရတာလဲကိုတွေးပါ စဉ်းစားပါ ဘယ်လိုဖြေရှင်းရင်ရမလဲကိုစဉ်းစားပြီး ဖြေရှင်းပါ

စိတ်ညစ်စရာလျော့သွားတဲ့အခါမှာ ဘာမှမလုပ်ချင်ဘူးဆိုတဲ့စိတ်ပျောက်ပြီး ကိုယ်လုပ်ရမယ့်အရာတွေကိုအာရုံပြန်ရပြီး အဆင်ပြေနိုင်ပါလိမ့်မယ်

တခါတလေမှာ အကြာကြီးအိပ်လိုက်တာကလည်း စိတ်ပင်ပန်းမှုကိုလျော့စေပါတယ်

အားလုံးအမြဲစိတ်ချမ်းမြေ့ပြီး အာရုံတွေကြည်လင်ကြပါစေ။

#TheNoteBySD

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်