Author's Profile Photo

Phoo Phoo

31/08/2024

အသက်၁၈နှစ်ပြည့်ပြီးရင် ဒါလေးတွေတော့ သတိထားပါ။

1 min read
Life Style
Personal Development
18 Again

အသက်၁၈နှစ်ပြည့်ပြီးတဲ့အချိန်မှာဘဝကပေးလိုက်တဲ့သင်ခန်းစာငါးခု

၁။ဘယ်လိုအရာကိုမှပေါ့ပေါ့တန်တန်သဘောမထားလိုက်ပါနဲ့
ဒါလေးကတော့ဘာမှမဖြစ်ပါဘူး။ဒါကတော့ဒီလောက်ပဲ တော်ပါပြီဆိုတာမျိုးဘယ်တော့မှမလုပ်ပါနဲ့။တစ်ဘဝလုံးနောင်တရနေရလိမ့်မယ်။

၂။သူများယောင်တိုင်းလိုက်မယောင်ပါနဲ့
သူများတွေတော့ဒါလုပ်တာတွေ့တယ်။ငါလဲလိုက်လုပ်မယ်ဆိုတာမျိုးမလုပ်ပါနဲ့။ကိုယ့်ကိုယ်ကိုယ်ပြန်မေး။ကိုယ့်ဦးနှောက်နဲ့ကိုယ်စဥ်းစား။အများလုပ်တိုင်းအမှန်မဖြစ်နိုင်ဘူး။

၃။အပြောသိပ်ကောင်းလွန်းနေတဲ့လူကိုဝေးဝေးရှောင်
လူတစ်ယောက်က စကားပြောအရမ်းချောနေရင်သတိထားပါ။အဲ့ဒီ့လူက သူလုပ်ရင်ဘာမဆိုအဆင်ပြေတယ်။သူလုပ်ရင်ဘာအခက်အခဲမှမရှိတဲ်ပုံစံမျိုးပြောနေရင် သေချာတယ် အဲ့လိုလူကိုဝေးဝေးသာရှောင်ပါတော့။ကိုယ့်ကိုသူက ဂျင်းအကြီးကြီးထည့်တော့မှာပါ။

၄။ကျေးဇူးသိတတ်ပါ။
ကိုယ့်ကိုနဲနဲလေးပဲဖြစ်ဖြစ်ကြီးကြီးမားမားပဲဖြစ်ဖြစ်ကူညီပေးခဲ့တဲ့ လူတွေအပေါ် ကျေးဇူးတင်စိတ်ထားပါ။ကျေးဇူးတရားနားလည်တဲ့လူတစ်ယောက်အတွက်ကူညီဖေးမမဲ့လူကောင်းတွေက သူ့အလိုလိုပေါ်လာပါလိမ့်မယ်။

၅။မာနနဲ့အာဃာတတွေမထားပါနဲ့
ငါကဘာ ငါကဘယ်လို ဆိုတဲ့မာနကြီးမထားပါနဲ့။ငါ့ထက်တော်တဲ့လူတွေအများကြီးရှိပါသေးတယ် ငါကဘာမှမဟုတ်သေးပါဘူး ဆိုတဲ့စိတ်ကိုထားပါ။အာဃာတတွေထားတာဟာ ကိုယ့်အတွက်ရောသူများအတွက်ပါမကောင်းပါဘူး။ဘယ်သူ့အတွက်မှအကျိုးမရှိနိုင်တဲ့အတွက် ခွင့်လွှတ်သင့်ရင်ခွင့်လွှတ်ပေးလိုက်ပါ။မခွင့်လွှတ်နိုင်ရင်လဲ ဥပေက္ခာပြုထားလိုက်ပါ။ကိုယ့်ရဲ့စိတ်နှလုံးအေးချမ်းမှုကိုဘယ်သူ့အတွက်ကြောင့်မှဆုံးရှုံးမခံပါနဲ့။

Keep Reading

အဲလ်ဘတ်ကမူး၏ကိုးကွယ်ရာစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ကျွန်တော့်ပြောင်းလဲမှု အချို့၏ အစဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞