ဂလယ်ရီဝိုင် (မာရိတ်)

လောကမှာ မည်သူမှ ပြီးပြည့်စုံမနေပါဘူး။
လူတိုင်းလူတိုင်းမှာတော့ ခြွင်းချက်လေးတွေ
ကိုယ့်စီရှိကြစမြဲပါ။ဒါဟာ အားငယ်စရာမဟုတ်ပါဘူး။သင့်သာ လက်ခံနိုင်ရင်ပေါ့။
ငွေကြေးဆင်းရဲလို့ စိတ်ပူပန်ရတယ်။ရုပ်မလှလို့ သိမ်ငယ်ရတယ်၊ချစ်သူနဲ့မပြေလည်လို့ ခံစားရတယ်၊စာညံ့လို့ စိတ်ညစ်ရတယ်၊ကျန်းမာရေးမကောင်းလို့ ပူပန်ရတယ်။လိုချင်တာမရလို့ စိတ်သောကရောက်ရတယ်စတဲ့ အကြောင်းကိစ္စရပ်တွေကတော့အများကြီးပါပဲ။အဲလိုတွေ ဖြစ်လာတော့
ကိုယ့်ဘာသာ အလိုမကျမှုတွေ ဖြစ်တယ်။
အပြစ်တင်တယ်။တခြားသူတွေနဲ့ နှိုင်းယှဥ်ပြီး မိမိကိုယ့်ကို သိမ်ငယ်စိတ်ဝင်အောင် လုပ်မိတယ်။အဲလိုတွေ ဖြစ်လာတော့ ပထမဆုံး နာကျင်ရတာ ကိုယ့်ပါပဲ။အဲလိုတွေ နာကျင်ဖန်များလာရင် ယုံကြည်မှုတွေ မှေးမှိန်လာတယ်။နောက်ဆုံး အနာဂတ်တွေပါပျောက်ကွယ်နိုင်တဲ့အထိ ဆိုးရွားသွားနိုင်တယ်။ဘာပဲလုပ်လုပ် မိမိရဲ့အတွေးတွေက မိမိကိုယ့်ကိုယ် ထိခိုက်နစ်နာသွားမှုမရှိစေအောင် ဂရုစိုက်ပါ။ အထူးသဖြင့် "မိမိ၏ဖြစ်တည်မှုကို ဘယ်သူနဲ့မှ မနှိုင်းယှဥ်ပါနဲ့ " အဲလိုသူများနဲ့နှိုင်းယှဥ်ခြင်းဟာ တကယ်တော့ ကိုယ့်ဘာသာ စော်ကားလိုက်သလိုပါပဲ။ဘာမှ အကျိုးမရှိသလို ဘာမှလည်း ဖြစ်လာမှာမဟုတ်ပါဘူး။မိမိရဲ့ အနာဂတ်ကို အလှဆင်မယ့်သူဟာ မိမိသာဖြစ်ပါတယ်။
ဒါအတွက်ကြောင့် မိမိဘဝကိုမြှင့်တက်အောင်သာ စွမ်းဆောင်ပါ။သူများ ဘဝကိုအားကျနေတာထက် မိမိဘဝကို ဘယ်လိုကောင်းမွန်အောင်လုပ်ရမယ်ဆိုတာပဲတွေးပါ။သူများရဲ့ဖြစ်တည်မှုနဲ့ မိမိကိုယ့်ကိုယ်
အောက်ကို မဆွဲချပါနဲ့။အဲလိုလုပ်တဲ့တစ်နေ့ သင့် ကျရှုံးမှုကို ဖိတ်ခေါ်လိုက်တာနဲ့တူတူပါပဲ။
ဂလယ်ရီဝိုင် (မာရိတ်)
Keep Reading