ခေတ်ဦးစင်ရော်( အံ့နှောင်း )
ကျွန်တော်ရွေးထားတဲ့ခေါင်းစဥ်လေးက "ဘယ်လိုလူတစ်ယောက် သင်ဖြစ်လာချင်လဲ " တဲ့..။ကဲ..အဲတော့ ဟုတ်ပါပြီ..။အဲဒီ မေးခွန်းလေးကို စာဖတ်သူလေးကိုယ့်ကိုကိုယ် မေးဖူးပါသလား " ငါဘယ်လိုလူတစ်ယောက်ဖြစ်လာချင်လဲ" ပေါ့..။တကယ်တော့ လူတိုင်းမှာ ကိုယ်အမှန်တကယ်နေထိုင်ချင်တဲ့ Lifestyle ဆိုတာ ရှိကြတာပဲလေ..။ ကျွန်တော့်မှာရော ၊ စာဖတ်သူလေးမှာရော ပေါ့..။အဲဒီတော့ စာဖတ်သူလေးရော ဘယ်လို Lifestyle မျိုးမှာ နေထိုင်ချင်တာပါလဲ..?။အဲဒီအကြောင်းအရာလေးကို စာဖတ်သူလေး စဥ်းစားမိဖို့ ၊သိရှိစေဖို့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးနေရခြင်းပဲ ဖြစ်ပါတယ် ။ ကျွန်တော်တို့တွေမှာ နေထိုင်ချင်ကြတဲ့ ကိုယ်ပိုင်ပုံစံလေးတွေ ကိုယ်စီရှိကြတာပါပဲ..။တစ်ယောက်နဲ့တစ်ယောက်တော့ နေထိုင်ချင်ကြတဲ့ ပုံစံလေးတွေက မတူကြဘူးပေါ့.။တစ်ချို့ဆိုရင်လူတွေနဲ့ နေရတာ သိပ်မကြိုက်ပဲ ကိုယ်တစ်ယောက်ထဲ အေးအေးဆေးဆေး နေရတာ ကြိုက်ကြတယ်..။တချို့ကြပြန်တော့လည်း လူအများကို ကူညီပြီး ကိုယ်ကျိုးစွန့် ကာ အများအကျိုးကို သယ်ပိုး ထမ်းရွက်ရတာကို နှစ်သက်ကြတာမျိုး..။ဘယ်လိုမျိုးပဲ မတူညီနေပါစေ..ကိုယ်အမှန်တကယ်နေထိုင်ချင်တဲ့ ဘဝနေထိုင်မှုကို ရဖို့သာ ကျွန်တော်တို့အတွက်ပိုအရေးကြီးပါတယ်..။ ပြောရရင် မနက်ခင်းကိုယ့်ရဲ့ မျက်စိနှစ်လုံးပွင့်လာတဲ့အချိန်ကစလို့ ကိုယ်တစ်နေ့တာလုံးဖြတ်သန်းသွားချင်တဲ့ ကိုယ့်ရဲ့ တစ်နေ့တာပုံစံမျိုးပေါ့..။အဲဒီတော့ အဲဒီလို နေထိုင်ရဖို့အတွက် ကိုယ်ဘယ်လို လူနေမှုပုံစံမျိုးကို နေထိုင်ချင်လဲဆိုတာကို အရင်သိဖို့ လိုပါလိမ့်မယ်..။အဲဒီ လိုမျိုးရော စာဖတ်သူလေး ကိုယ့်ကိုကိုယ် စမ်းစစ်ဖူးပါသလား..?။ ကိုယ်အသက်ကြီးလို့ အိုမင်းသွားတဲ့ အထိ ကိုယ်ဘယ်လိုဘဝမျိုးလိုချင်ခဲ့တယ် ၊ ကိုယ်ဘယ်လို လူနေမှုပုံစံနဲ့ ဘဝကို ဖြတ်သန်းချင်ခဲ့တယ် ဆိုတာမှ မသိရင် ဘယ်လောက်တောင် ရင်နာဖို့ ကောင်းလိုက်မလဲ..။ဒီတော့ ကျွန်တော် တို့ ဘယ်လိုပုံစံ မျိုးနဲ့ အသက်ရှင်ကြမလဲ ဆိုတာ ကျွန်တော်တို့ အတူတူ ရှာဖွေကြတာပေါ့..။ဥပမာ ပေးပါဆိုလျှင်ကျွန်တော် လိုချင်တဲ့ Lifestyle နဲ့ စာဖတ်သူလေးကို နမူနာ ပေးပါရစေ ခင်ဗျာ..။ ကျွန်တော် လိုချင်တဲ့ Lifestyle မျိုးက လူသားတွေကိုအခုလို ကျွန်တော်သိထားတဲ့ပညာလေးတွေကို တတ်နိုင်သလောက် ဖြန့်ဝေပေးဖို့မယ်၊စာအုပ်စာပေတွေရေးပြီး လောကကြီးကိုအကျိုးပြုမယ် ၊ ကိုယ့်နိုင်ငံအတွက် တတ်နိုင်သလောက် လုပ်ပေးပြီး တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ရမယ် ၊ လူတွေကို ကူညီရင်း ဘဝကို ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ဖြတ်သန်းနိုင်ရမယ်၊ ကျွန်တော်ခရီးတွေသွားချင်သွားမယ် အစားအသောက်တအသစ်တွေစားချင်စားမယ် ကျွန်တော့်ကိုယ်ပိုင်ဘဝကို လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်ရမယ်..။ ဒါက ကျွန်တော်နေချင်တဲ့ Lifestyle ပဲ..။ဒါဆိုရင် စာဖတ်သူလေး ရော ဘယ်လို Lifestyle မျိုးကို ပိုင်ဆိုင်ချင်ပါသလဲ?.။ စာဖတ်သူလေးက ဘာနှောင်ကြိုးမှ မရှိတဲ့ လွတ်လပ်တဲ့ ဘဝမျိုးကိုလိုချင်တာလား ၊ ကိုယ်ဝါသနာပါရာကိုပဲ လုပ်ပြီး လူအများကို အကျိုးပြုချင်တာလား ၊ ဘယ်သူ့အပေါ်မှ ဘာမှ မတွေးတတ်ပဲ အေးအေးလေးပဲ ဘဝကိုနေထိုင်ချင်တာလား ၊ ကိုယ့်အတတ်ပညာနဲ့ ကိုယ်အသက်မွေးပြီး မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ချင်တာလား ။ စာဖတ်သူလေး ဘယ်လို ဘဝမျိုးကိုနေထိုင် ချင်လဲဆိုတာ စာဖတ်သူလေးကိုယ်တိုင်ရှာ ဖွေရမှာ ဖြစ်ပါတယ်..။ဘာတွေပဲဖြစ်လာဖြစ်လာ စာဖတ်သူလေး အမှန်တကယ်နေထိုင်ချင်တဲ့ ဘဝမျိုးမှာပဲ နေထိုင်ပါ ၊ စာဖတ်သူလေး မနေထိုင်ချင်တဲ့ အတုအယောင်ဘဝမျိုးတွေမှာ တော့ လုံးဝမနေထိုင်ပါနဲ့..။ အကယ်လို့မှ ကိုယ်တကယ်နေထိုင်ချင်တဲ့ပုံစံနဲ့ အခုလက်ရှိ အခြေအနေနဲ့ အလှမ်းဝေးနေသေးတယ်ဆိုရင်လည်း ဘာမှ စိတ်မပူပါနဲ့.. ။ တဖြေးဖြေးခြင်း ကိုယ်အမှန်တကယ် လိုချင်တဲ့ ဘဝမျိုးဆီကို အရောက်သွားပါ..။ကိုယ်မနေချင်တဲ့ ဘဝကြီးထဲမှာ ဆက်လက်ကပ်တွယ်နေဖို့ မစဥ်းစားပါနဲ့.. ။ ကိုယ်ဘယ်လိုဘဝမျိုးမှာ နေထိုင်ချင်လဲဆိုတာ ကိုယ့်ကိုကိုယ် သိပါ.. ၊ ပြီးတော့ အဲဒီ ကိုယ်တကယ်လိုချင်တဲ့ ဘဝမျိုးကို ရအောင်ယူပါ။ စာဖတ်သူလေးမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝရှိပါတယ်...။
" စာဖတ်သူလေးအမှန်တကယ်လိုချင်တဲ့ဘဝမျိုးကို ရှာဖွေတွေ့ရှိပြီး စာဖတ်သူလေးကိုယ်တိုင် ရွေးချယ်ထားတဲ့ဘဝကို ကိုယ်တိုင် ရင်ဆိုင်ဖြတ်သန်းနိုင်ပါစေ လို့ စာရေးသူ ကျွန်တော်က ဆုတောင်း ပေးလိုက်ပါရစေ ခင်ဗျာ..။ "
Author - ခေတ်ဦးစင်ရော် (အံ့နှောင်း )
Date - 30. 8. 2024
Keep Reading