Lin Myaing

တိမ်တွေဖုံးတဲ့ လဆန်းရက်များစွာကိုလည်း ပိုင်ဆိုင်ခဲ့ဘူးပါ၏။
မိုးရေမစိုခဲ့ဘူးတဲ့ နေ့ရက်တွေကိုလည်း ပူလောင်စွာ ဖြတ်သန်းခဲ့ရပါ၏။
နောင်တကင်းသော အရပ်ဒေသတစ်ခုမှာ အဆွေးသီချင်းများနဲ့ ကော်ဖီတစ်ခွက် ဖြစ်ခဲ့ဘူးပါ၏။
ခြေလှမ်းတွေကို တစ်ယောက်သောပန်းတိုင်ဆီ လှမ်းလာခဲ့သော်လည်း ပန်းတိုင်ကပျောက် မျက်စိမှောက် ပန်းတစ်ပွင့်ရှေ့ ချော်လဲခဲ့ပါ၏။
ရှင်သန်ခြင်းမှာအဓိပ္ပာယ်တွေနဲ့ပေါ့ သူ့အပြုံးတွေကလည်း ဝေဆာစေတာပေါ့ ဟောင်းနွမ်းချို့တဲ့လျက်ရှိတဲ့ အဖြူရောင်တံတားပေါ် မတ်မတ်ရပ်ရင်း ငိုခဲ့ပါ၏။
ဆုလာဘ်တစ်ခုရပါစေကြောင်း
နိယာမကို ခွင့်လွှတ်စေကြောင်း
ဝေဒနာကို နှစ်သိမ့်စေကြောင်း
ပျော်ရွှင်မှုကို အားထည့်
ပျံသန်းစေချင်ကြောင်း
သံယောဇဉ်ကို ရှည်ကြာစွာ
မြတ်နိုးမိစေကြောင်း
နီးစပ်ခွင့်ကို တမ်းတမိစေကြောင်း
မျက်ရည်များကို အဖော်ပြုမည်ဖြစ်ကြောင်း
ကံ့ကော်များ၏သဝဏ်လွှာကို
ဖတ်ကြားပါ၏။။
#လင်းမြိုင်
Keep Reading