Author's Profile Photo

Phyu Sin

29/08/2024

20 years later.......

1 min read
Life Style
Personal Development
18 Again
20 years later.......'s photo

အကောင်းဆုံးကြိုးစားနေထိုင်ခဲ့တဲ့ အနှစ်နှစ်ဆယ် မှာ ကြုံတွေ့လာရတဲ့ကိစ္စတွေများပြားသလို တစ်ခါမှမခံစားဖူးတဲ့ feeling တွေကို လည်း ခံစားလာမိတယ်...
ငါရင့်ကျက်လာခဲ့ပြီလား......
ငယ်ငယ်တုန်းကထင်ခဲ့သလို လောကကြီးကလွယ်ကူရိုးရှင်းမနေဘူးဆိုတာ သိလာရပြီးနောက်မှာ ပျော်ရွှင်မှုတွေလည်းတဖြည်းဖြည်း ‌မှေးမှိန်လာခဲ့တယ် ....
ဘာမှမသိဘဲ ကိစ္စသေးသေးလေးတွေအတွက်တောင် လွယ်ကူရိုးရှင်းခဲ့တဲ့ ပျော်ရွှင်မှုလေးတွေ က ခုတော့ ဘာမှမဟုတ်တဲ့ ဖုန့်မှုန့်ငယ်လေးတွေလိုပါပဲ....
စိတ်လေးလံမှု ပူပန်မှုတွေ တွေဝေမှုတွေ လမ်းပျောက်ခဲ့တဲ့အချိန်တွေ ပြိုလဲခဲ့တဲ့ကာလတွေ မလုံလောက်သေးဘူးလို့ခံစားမှုတွေ ဘာတစ်ခုမှမသိခဲ့တဲ့ ကလေးဘ၀ကို တစ်ခါတော့လွမ်းမိသား
နေထိုင်တာကြာလာတာနဲ့အမျှ တာ၀န်တွေ ပခုံးပေါ်မှာ နေရာယူလာကြတယ်... ဟူးးး စိတ်ထဲမှာအမြဲလေးလံနေတာပဲ....ဖြုတ်ချခဲ့လို့လည်းအဆင်မပြေသလို ဆက်ထမ်းရမှာလည်း ‌ပင်ပန်းနေတဲ့အခိုက်အတံ့တွေ ....
ကိုယ်တိုင်ကလွဲပြီးကိုယ့်ကို နားလည်ပေးနိုင်တဲ့သူမရှိဘူးဆိုတာသိလာပြီးနောက် ဘယ်သူ့ကိုမှ ဘာအကူအညီမှမတောင်းချင်‌ေတာ့သလို မယုံကြည်ချင်တော့ဘူး ငယ်ငယ်က အပေါင်းအသင်းမှတ်ခဲ့‌ေပမယ့် ကြီးလာတော့ တစ်ယောက်တည်းနေရတာပဲပျော်‌ေမွ့လာခဲ့တယ်
ကိုယ်ကသာ ပေး‌ခဲ့ပေမယ့် ကိုယ်အကူအညီလိုရင် ကျောခိုင်းထားကြတဲ့သူတွေ နောက်ကျော ဓားနဲ့ထိုးတဲ့သူတွေ ချောက်တွန်းခံခဲ့ရတွေ ... အထင်လွဲခံရ အပြောအဆိုခံရပြီး သူတို့မှားမှန်းသိတော့ လျစ်လျူရှုမသိသလိုနေခဲ့သူတွေ .....ကျေးဇူးတင်ပါတယ် ပြောရင် အရွဲ့တိုက်တယ်ထင်လေမလား သေချာပြန်စဉ်းစားကြည့်ရင် မသိသေးတဲ့လောက လူတွေအကြောင်း စောစောစီးစီး သင်ခန်းစာပြပြီး သိခွင့်ပေးလို့တကယ် thank u. ဘာပြဿနာပဲကြုံကြုံ စာအုပ်တွေဆီကပဲ အဖြေရှာခဲ့တဲ့ ငါ့ကိုငါလည်း ကျေးဇူးတင်မိတယ် သေလောက်အောင်နာကျင်ခဲ့ရလည်း ကိုယ့်ကိုကိုယ် မစွန့်လွတ်ခဲ့လို့ လမ်းမှားမရောက်စေတဲ့အပြင် အမြင့်တစ်နေရာကိုပါ‌ေရာက်‌ေအာင် မြင့်တင်ခဲ့လို ကျေးဇူးပါ

တစ်ခါလောက် ကိုယ်ရရှိခဲ့တာတွေ ပိုင်ဆိုင်ခြဲတာတွေ သေးငယ်တယ်ဆိုတဲ့အောင်မြင်မှုလေးတွေ ဒါတွေက ကိုယ်အားမစိုက်ထုတ်ဘဲရလာတာ တစ်ခုမှမရှိပါဘူး ကိုယ့်ကိုကိုယ် အားပေးရင်း ခုလက်ရှိ ထိ ကောင်းကောင်းမွန်မွန် ရှင်သန်‌လာခဲ့တာကို ကျေးဇူးတင်လိုက်ရအောင် မှား‌တာတွေရှိခဲ့ရင်လည်း ကိုယ့်ကိုကိုယ် ခွင့်လွတ်ပြီး သင်ခနိးစာယူရအောင် လူငယ်ဘ၀မှာ အမှားနဲ့ကင်းတဲ့သူမရှိသလို အောင်မြင်ခဲ့သူတွေရဲ့ ရာဇ၀င်မှာ အမှားနဲ့ကင်းတဲ့သူလည်းမရှိပါဘူး ကိုယ့်ကိုကိုယ်ခွင့်လွှတ် ကျေးဇူးတင်ရင်း ဒီနေ့အတွက် ပင်ပန်းခဲ့ရတာတွေ ဖြေဖျောက်ကြရအောင်

Phyu Sin
(29/8/24)THU 10:29 pm

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း