Author's Profile Photo

ဂလယ်ရီဝိုင် (မာရိတ်)

29/08/2024

ရုပ်လှခြင်းဟာ ခဏတာမို့ စိတ်လှခြင်းကိုသာ ဦးစားပေးပါ

1 min read
Life Style
ရုပ်လှခြင်းဟာ ခဏတာမို့

 စိတ်လှခြင်းကိုသာ ဦးစားပေးပါ's photo





ကျွန်မတို့အားလုံးဟာ လူ့သဘာဝအတိုင်း
လှချင်ကြတာပါပဲ။လူ့လောကကြီးမှာ ကျင်လည်နေသရွှေ့တော့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာ လိုက်လျော်ညီထွေမှုရှိအောင် ပြုပြင်ပြင်ဆင်နေထိုင်ရပါတယ်။တစ်နေ့တစ်နေ့ အများအမြင်မှာ လှဖို့ပဖို့ skincareတွေသုံးရ makeupတွေပြင်ရနဲ့ တိုင်ပတ်နေကြတော့တာပဲ။ဒါကတော့ အကုန်လုံးလည်း လုပ်ဆောင်နေကြတာပဲ။အထူး ပြောနေရန်လိုမယ်မထင်ပါဘူး။ဒါပေမယ့်အဲလို တဒင်္ဂ ချောမောလှပစေဖို့​ငွေကုန်ကြေးကျခံပြီး မိမိကိုယ့်ကိုတော့ ခြယ်သနေကြပြီး တစ်ဘဝတာလှပစေမယ့် စိတ်အလှကိုတော့ ပြုပြင်ရန်ဆန္ဒမရှိကြဘူးလား။ရုပ်လှဖို့ ငွေကုန်ပါသေးတယ်။စိတ်လှဖို့အတွက်တော့ မည်သည့်အဖိုးအခမှ ပေးစရာမလိုပါ။သင်၏ နက်ရှိုင်းသောစိတ်သဘောထားပေါ်တွင်သာ မူတည်ပါတယ်။ရုပ်ရည်ကတော့ ကြွေရုပ်လေးလို
ချောမောပြေပြစ်နေပေသော်လည်း စိတ်ကတော့ ကောက်ကွေးနေမည်ဆိုလျှင် အဘယ်မှာ အကျိုးရှိမည်နည်း။ ဥပမာပေးရမည်ဆိုသော် ကျွန်မတို့အိမ်၏ကပ်လျက်တွင် အိမ်နီးချင်းအသစ်တစ်ယောက်ရောက်လာသည်ဆိုပါစို့။အဲဒီအိမ်နီးချင်းအသစ်ဟာ ၂၀ ကျော်အရွယ်ချောမော
လှပသည့် အမျိုးသမီးလေးတစ်ယောက်၊
စစချင်းသူ့ကို ကျွန်မတို့ စတင်သတိထားမိသည်မှာ သူ၏ အပြင်ရုပ်ဆင်းသွင်ပြင်ဖြစ်လိမ့်မည်။နောက်ပိုင်းအချိန်ကြာလာလျှင် သူ၏ရုပ်ထက် စိတ်ကိုသာ ဆန်းစစ်မိလိမ့်မည်။သူက စိတ်ကောင်းသူလား၊စိတ်မကောင်းသူလား၊အကျင့်ဗီဇကရော ဘယ်လိုမျိုးလဲ စတာတွေကို ပို၍ ဂရုပြုမိလာလိမ့်မည်။လူတိုင်းသည် လူတစ်ဦးကို ရေရှည်ပေါင်းသင်းလျှင် စိတ်ကိုသာ ဦးစားပေး ကြည့်တတ်ကြ၏။ရုပ်ရည်ရူပက လှပမှုသည် ဘဝနှင့်ယှဥ်လျှင် မြူမှုန့်မျှလောက်သာအရေးပါလေ၏။ထို့ကြောင့် ကျွန်မတို့တစ်တွေဟာ ရုပ်လှခြင်းထက် အဆများစွာ သာလွန်တဲ့ စိတ်သဘောထား လှပအောင်သာ ပြုပြင်မွမ်းမံကြရမည်မှာ အရေးကြီးသော ဆောင်ရွယ်ဖွယ် တစ်ခုဖြစ်လေ၏။


ဂလယ်ရီဝိုင်(မာရိတ်)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုစိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါဒေါင်လိုက်ဒရာမာ (Vertical Drama)ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်