ဂလယ်ရီဝိုင် (မာရိတ်)
ဟိုရှေးရှေးတုန်းက ကောင်းကင်မှာ အလင်းရောင် မှိန်ဖျော့ဖျော့နဲ့ လင်းနေတဲ့ကြယ်လေးတစ်လုံးရှိသတဲ့။အဲဒီကြယ်လေးလေးဟာ အမြဲတမ်း ဝမ်းနည်းပြီး အလိုမကျမှုတွေ အမြဲ ရှိနေတတ်တယ်တဲ့။
ညတိုင်း အလိုလို အဲဒီကြယ်လေးဟာ သူ့ရဲ့ မလှမ်းမကမ်းက ရောင်ဝါထွန်းလင်းတောက်ပနေတဲ့ လမင်းကြီးကို ကြည့်ပြီးနေလေ့ရှိသတဲ့။တစ်နေ့ကျတော့ အဲဒီကြယ်လေးရဲ့ အကြောင်းကို လမင်းကြီးက ကြားသွားသတဲ့။ဒီလိုနဲ့ လမင်းကြီးဟာ
ကြယ်ကလေးရဲ့ အမြဲငိုယိုဝမ်းနည်းနေမှုကို
ဖြေရှင်းပေးဖို့အတွက် ဆုံးဖြတ်ချလိုက်တယ်တဲ့။တစ်ညသော အချိန်မှာ လမင်းကြီးဟာကြယ်ကလေးဆီ သွားခဲ့ပြီး ကြယ်လေးကိုအကြောင်းစုံမေးမြန်းသတဲ့။အဲဒီအခါကြယ်ကလေးဟာ အမှန်အတိုင်းဖွင့်ပြောလိုက်တယ်တဲ့။သူဟာ လမင်းကြီးရဲ့ ထွန်းလင်းတောက်ပနေတဲ့ ရောင်ဝါတွေကို အားကျနေရတဲ့အကြောင်း၊လမင်းကြီးက ကမ္ဘာမြေတစ်ခွင် အလင်းရောင်ပေးစွမ်းနိုင်ပေမဲ့ သူကတော့ အလင်းရောင်မှိန်တုတ်တုတ်နဲ့သာနေရကြောင်း၊အဲဒီကြောင့် သူအခုလိုမျိုးဘဝမှာ မနေချင်တော့ပြီဖြစ်ကြောင်း လမင်းကြီး ငိုယိုပြီး ဖွင့်ဟခဲ့တယ်တဲ့။
လမင်းကြီးဟာ ကြယ်လေးရဲ့စကားကို နားထောင်လို့အဆုံးမှာ ကြယ်လေးအပေါ်ပြောလိုက်တဲ့စကားတစ်ခွန်းပြောလိုက်တယ်တဲ့။အဲဒီစကားလေးက ကြယ်လေးရဲ့ဘဝကို ပျော်ရွှင်မှုအသွင်ပြောင်းလဲသွားစေတယ်တဲ့။
အဲဒီစကားလေးကတော့" ကြယ်ကလေး
မင်းဟာ သူတစ်ပါးရဲ့ အရည်အချင်းတွေကို
ပဲ အားကျနေပြီး မင်းကိုယ့်ကိုကိုယ်
ဘယ်တော့မှ မချီးကျူးခဲ့ဘူး။ ဘယ်သူ့ကမှ
မိမိရဲ့ဖြစ်တည်မှုကို ပြောင်းလဲလို့မရဘူး။
ကံကြမ္မာက ပေးထားတဲ့ အရာမှန်သမျှ
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
လက်ခံနိုင်ရမယ်။မင်းသာ မင်းဘဝကို
လက်ခံနားလည်တတ်မယ်ဆိုရင် မင်းမှာ
အားနည်းချက်ဆိုတာရှိမှာမဟုတ်ဘူး။
အားနည်းချက်ဆိုတာ မိမိက အစဖော်ပြလို့သာ ဖြစ်လာတာ။ဒါကြောင့် မင်းဘယ်တော့မှကိုယ့်ရဲ့ဖြစ်တည်မှုကို မနှိမ်ချပါနဲ့"လို့ လမင်းကြီးက ပြောခဲ့ပါတယ်။
နောက်ဆုံးတော့ကြယ်ကလေးဟာ လမင်းကြီးပြောခဲ့တဲ့အတိုင်း သူရဲ့ဖြစ်တည်မှုကို ချစ်မြတ်နိုးရင်း သက်ဆုံးတိုင် ပျော်ပျော်ရွင်ရွင် နေထိုင်သွားပါတော့သတဲ့ကွယ်။
ကဲ ပုံပြင်လေးက ဒါပါပဲ။ အဲဒီပုံပြင်လေးကို ဖတ်ပြီး လူတိုင်းဟာ ကြယ်ကလေးကို မိမိဖြစ်တည်မှုကို သိမ်ငယ်တတ်တဲ့သူဆိုရင် အခုပဲ ပြုပြင်ပစ်လိုက်ရအောင်။
ဂလယ်ရီဝိုင်(မာရိတ်)
Keep Reading