Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

27/08/2024

ငွေမရတဲ့ပြည့်တန်ဆာ

2 mins read
Life Style
Art
18 Again
ငွေမရတဲ့ပြည့်တန်ဆာ's photo

ငွေမရတဲ့ပြည့်တန်ဆာ

ပြည့်တန်ဆာဆိုတာ ယဉ်ကျေးတဲ့အသုံးနှုန်းတခုပေါ့ စကားအနေနဲ့တောင်မဖော်ပြဝံ့တဲ့အသုံးနှုန်းတွေလဲခေါ်ကြတယ် ဒီနေရာမှာအရင်ကဖတ်ဖူးတာလေးပြန်ဝေမျှချင်ပါတယ် ပြည့်တန်ဆာနဲ့ပက်သတ်တဲ့အခေါ်ဝေါ်လေးတွေအကြောင်းအနည်းငယ်ပြောပြပါရစေရှင် ပြည့်တန်ဆာကိုပြည်ကြီးတန်ဆာလို့လဲခေါ်ကြပါတယ်ဟိုးအရင်ကပေါ့ နောက်ထပ်ခေါ်ဝေါ်လာကြတာ မိန်းမရွှင် ညှဉ့်ငှက်လို့ခေါ်လာကြတယ် ခေတ်အလိုက်ထပ်ပြောင်းလာတဲ့အခါမှာ ဇိမ်မယ် အပြာမယ်ဆိုတဲ့စကားလုံးအသစ်တွေနဲ့မြန်မာနိုင်ငံမှာပြည့်ကံကျွေးလို့လည်းခေါ်ကြပြန်ပါသေးတယ်
နောက်တခုကတော့ပြည့်တန်ဆာရဲ့အဓိပ္ပာယ်ကိုပြောပြချင်တာပါ သိပြီးသားဆိုပေမယ့်လေးစားသမှုနဲ့အဓိပ္ပာယ်ဖွဲ့ဆိုလိုက်ခြင်းဖြစ်ပါတယ် ပြည့်တန်ဆာအလုပ်ဆိုတာဟာလိင်ဆက်ဆံမှုကိစ္စများအတွက် အဖိုးအခယူပြီး လုပ်ကိုင်ဆောင်ရွက်တဲ့လိင်လုပ်သား ဖြစ်ပါတယ် commercial sex worker လို့လည်းခေါ်ပါတယ် ပြည့်တန်ဆာဆိုတဲ့နေရာမှာနှစ်မျိုးနှစ်စားရှိပါတယ် ပထမတမျိုးကသတ်မှတ်ထားသောနေရာတွင် ပြည့်တန်ဆာဟုဆိုကာ အတိအလင်း ထင်ထင်ရှားရှားပြည့်တန်ဆာ အလုပ်လုပ်သူဖြစ်ပါတယ် ဒုတိယတမျိုးကသတ်မှတ်ထားသောနေရာတွင် မနေဘဲ မြို့တွင်း၊ ရွာတွင်းမှာနေပြီး မထင်မရှား ပြည့်တန်ဆာလုပ်တဲ့သူ‌တွေအားလုံးကို ဆိုလိုပါတယ် သတ်မှတ်တဲ့နေရာမှာ အထင်အရှား ပြည့်တန်ဆာလုပ်သူကို ဇိမ်မယ် မိန်းမသွမ်း ဆို၍လည်းကောင်းသတ်မှတ်ထားသောနေရာတွင် မနေဘဲ တိတ်တိတ်ပုန်း ပြည့်တန်ဆာလုပ်ပြီးငွေရှာတဲ့ မိန်းမများကို ကွိတ် ဟုလည်းကောင်း မိန်းမပေါ့ ဆို၍လည်းကောင်း ခေါ်ကြပါတယ် နောက်ဆုံးလူတွေရဲ့ပါးစပ်မှာစွဲနေတဲ့အခေါ်ဝေါ်ကတော့ ဖာ ဖြစ်ပါတယ်အဆိုးရွားဆုံးစကားလုံးကိုမှရွေးပြောတတ်တာဟာလူတွေပါ
ပြည့်တန်ဆာအလုပ်က အခုခေတ်မှပေါ်လာတာမဟုတ်ပါဘူး အလွန်ရှေးကျတဲ့ခေတ်အခါတည်းကကမ္ဘာအနှံ့အပြားမှာ တည်ရှိနေခဲ့တဲ့အလုပ်တခုဖြစ်ပါတယ် အရင်ကပြောခဲ့သလိုဘဲ အလုပ်ဟူသမျှဂုဏ်ရှိပါတယ် ပြည့်တန်ဆာအလုပ်ကိုတချို့ကပြောကြတယ်အောက်တန်းကျတဲ့အလုပ် ရွံစရာကောင်းတဲ့အလုပ်တခုအဖြစ်တွေးမြင်ကြပါတယ်
ဘာလို့တွေးကြတာပါလဲ ရိုးရိုးသားသားငွေရှာနေတာပါ ခန္ဓာကိုယ်ကိုရောင်းပြီးငွေရှာတယ် ဧည့်သည်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းပေးတယ်အဲ့လူကတန်ရာတန်‌‌ကြေးအဖြစ်ငွေပေးတယ်နှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့အတွက်ဒီအလုပ်ကတွင်ကျယ်လာတာပါဘဲ နောက်တခုကဒီအလုပ်ပေါ်လာပြီးနောက်ပိုင်းမုဒိမ်းမှုတွေနည်းပါးသွားတယ် ငွေသာရှိရင်အလိုဆန္ဒပြည့်နိုင်တဲ့အတွက် မုဒိမ်းမှုဆိုတာတွေနည်းပါးသွားပြီး ပြည့်တန်ဆာအလုပ်တွေများပြားလာကြတာပါဘဲ
မိန်းကလေးတယောက်က သာမန်ဘဝမျိုးနဲ့နေထိုင်ချင်ကြတယ်ဆိုတာသဘာဝတခုပေါ့ ခေတ်တွေပြောင်းလာတာနဲ့အမျှတိုးတက်လာသလို ငွေရှာရတွေခက်လာတယ် ရှာဖို့ခက်လာတာနဲ့လွယ်တဲ့လမ်းကိုလိုက်လာကြတယ် လုယက်မယ် ခိုးမယ် ဓါးပြတိုက်မယ် မိန်းကလေးတွေအတွက်တော့ခန္ဓာကိုယ်ရောင်းစားကြတယ် လူတိုင်းမှာအခက်ခဲကိုယ်စီရှိကြတယ် ဒီအခက်အခဲပြေလည်ဖို့ဘာမဆိုလုပ်ဖို့အဆင်သင့်ဘဲ ဒီမိန်းကလေးတယောက်အတွက် ငွေရှာရလွယ်တာသိသွားခဲ့ပြီ ဒီအလုပ်ကိုဘဲဆက်လုပ်ဖြစ်နေတယ် နောက်ဆုံးမှာငွေရဲ့သားကောင်ဖြစ်သွားရှာပြီ ဘယ်သူကများဒီလိုအလုပ်ကိုလုပ်ချင်ကြမလဲ ဘယ်မိန်းကလေးကများစိတ်လိုလက်ရဒီအလုပ်ကိုလုပ်ချင်ကြမှာတဲ့လဲ ဒါပေမယ့်လူတွေရဲ့စကားသံတွေအမြင်တွေက သူတို့ကိုနာကျင်စေတယ် ခေါ်တဲ့အခေါ်ဝေါ်တွေတောင်ရှိလာပြီ အလုပ်ဟူသမျှဂုဏ်ရှိပါတယ် ဒီအလုပ်သာမရှိရင် ကလေးသူငယ်ကစအသက်ကြီးအရွယ်အဆုံးမုဒိမ်းမှုတွေများလာမယ် အိမ်ထောင်ရေးမှာပြသနာတွေဖြစ်လာပြီး အိမ်ထောင်ကွဲတွေတခုလပ်တွေများလာတော့မှာပေါ့ အလုပ်တခုနဲ့တခုဟာချိတ်ဆက်နေတာပါ တခုအဆင်ပြေမှကျန်တာတွေလည်းအဆင်ပြေနိုင်မှာ ပြည့်တန်ဆာအလုပ်ဆိုတာကလဲရိုးရိုးသားသားနဲ့လုပ်တဲ့အလုပ်တခုပါဘဲ အလုပ်‌တွေထဲကအလုပ်တခုပါ နှိမ့်ချပြောဆိုခြင်းများအမြန်ဆုံးပျောက်ကွယ်နိုင်ပါစေ
နောက်ဆုံးတခုကတော့ ငွေမရတဲ့ပြည့်တန်ဆာပေါ့ ဒါဟာဘာများဖြစ်နိုင်မလဲ မိဘမဲ့ကလေးလေးတွေဖြစ်လာစေတဲ့ မဆင်ခြင်မှုတွေပါဘဲ အခုနောက်ပိုင်းသမီးရည်းစားဖြစ်ပြီဆိုချိန်းတွေ့တာကသဘာဝတခု လက်ကိုင်တာဟာဟိုးအောက်ဆုံးကမပြောပလောက်တာပုခုံးဖက်တာဟာသမီးရည်းစားကြားလုပ်သင့်တာတခု ပါးနမ်းတာဟာလူမြင်ကွင်းမှာ အတူနေတာကနေ့ကြီးရက်ကြီး‌တွေမှာပေါ့ ဒီလိုအတူမနေတာက မျက်နှာငယ်စရာတခုဖြစ်‌လာနေပြီ အသက်အရွယ်ကအရေးမကြီးတော့သလို အရှက်တရားကလည်းအရေးမပါတော့ဘူး လက်တည့်စမ်းချင်တဲ့အရွယ်မှာနှစ်ဦးသဘောတူ အတူနေခဲ့ကြပြီး ဒါဟာလူတိုင်းရဲ့ဖြစ်ရိုးဖြစ်စဉ်တခုလိုတွေးထားကြတယ် အရင်ခေတ်ကလို မှားပြီးတဲ့အခါတာဝန်ယူဖို့နေနေသာသာ ဒီနေ့မှား မနက်ဖြန်အဆက်ဖြတ်ကြတဲ့သူတွေကများသား ချစ်တယ်ဆိုတဲ့စကားလုံးကိုဆင်ခြေတခုအဖြစ်သုံးတာတွေကဒီယောက်ျားလေးတွေရဲ့လက်သုံးစကားပေါ့ ဒါကိုသိသိရက်နဲ့ဘဝကြီးပေးတဲ့ဒီမိန်းကလေးတွေဟာ ငွေမရတဲ့ပြည့်တန်ဆာသာသာပါဘဲ

စာမရေးတာကြာပြီမို့အမှားပါခဲ့ရင်ဖြည့်ဖတ်ပေးစေလိုပါတယ်ရှင့် ခံယူချက်ချင်းမတူညီနိုင်တာမို့ကြိုက်သလိုခံယူနိုင်ပါတယ်
ချစ်သောreadersလေးတွေ?



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)