Author's Profile Photo

စမ်းကြယ်

26/08/2024

လိုင်းပေါ်က ဆရာကြီးတွေနဲ့ မိုတီတက်အောင် ပြောဆိုပေးတဲ့ speaker တွေရဲ့ စကားကို ဘာကြောင့် မလိုက်နာသင့်တာလဲ?

1 min read
Life Style
Business
Education
လိုင်းပေါ်က ဆရာကြီးတွေနဲ့ မိုတီတက်အောင် ပြောဆိုပေးတဲ့ speaker တွေရဲ့ စကားကို ဘာကြောင့် မလိုက်နာသင့်တာလဲ?'s photo

သင်ဟာ လိုင်းပေါ်က ဆရာသမားတွေ ဒါမှမဟုတ် speaker တွေနဲ့ စာအုပ်တွေဖတ်တဲ့အခါ တစ်ခါတလေမှာ လမ်းညွှန်ချက် တစ်ခုနဲ့တစ်ခု ဝိဝါဒကွဲပြားတာကို တွေ့ရပါလိမ့်မယ်။ ဥပမာပြောရရင် ကျန်းမာရေးကို တန်ဖိုးထားတဲ့ speaker က သင့်ကို တစ်ရက်အိပ်ချိန် (၈) နာရီပြည့်အောင်အိပ်ဖို့ လမ်းညွှန်မှာဖြစ်ပြီး အချိန်ပိုထွက်အောင် ကြိုးပမ်းပြီး အလုပ်အများကြီး ကြိုးစားတဲ့ speaker ကတော့ သင့်ကိုတစ်နေ့ (၅) နာရီလောက်ပဲ အိပ်ဖို့ လမ်းညွှန်မှာ ဖြစ်လို့ပါ။

ငွေကြေးစီမံတဲ့ အပိုင်းမှာဆိုရင်လည်း အလားတူပါပဲ။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ကြိုးစားတတ်တဲ့ speaker က သင့်ကိုဝင်ငွေရဲ့ "ဘယ်လောက်ရာခိုင်နှုန်းကို စုပါ" လို့ အကြံပေးပါလိမ့်မယ်။ ဒါပေမယ့် risk ယူပြီး အမြန်ဆုံး တိုးတက်ချင်တဲ့ speaker ကတော့ သင့်ကို ငွေစုဖို့ အကြံပေးမှာမဟုတ်ဘဲ သင်အမြဲတစေ ပိုတိုးတက်လာအောင် သင့်ဝင်ငွေကို ကိုယ့်ကိုယ်ကို upgrade လုပ်ရမယ့်နေရာတွေမှာ သုံးစွဲဖို့ လမ်းညွှန်ပါလိမ့်မယ်။ ဒါကြောင့် ဒီလမ်းညွှန်ချက်တွေဟာ တစ်ခါတလေမှာ ကိုယ်နဲ့ ကိုက်ညီမှာဖြစ်သလို တစ်ခါတလေမှာ ကိုယ်နဲ့ အံဝင်ခွင်ကျ မဖြစ်တာမျိုး ကြုံတွေ့ရတာ ဖြစ်ပါတယ်။

ဒါဆိုရင် ဘယ်စာရေးဆရာတွေ ဒါမှမဟုတ် ဘယ် speaker တွေရဲ့ လမ်းညွှန်ချက်ကို လိုက်နာရမလဲလို့ သင်ခေါင်းရှုပ်သွားပါလိမ့်မယ်။ အဲဒါဆိုရင်တော့ ငါမင်းကို ဒီစိတ်ရှုပ်စရာ အခြေအနေကနေ ကယ်တင်ပေးပါရစေ။ မင်းလုပ်ရမှာက ဘယ်သူ့ရဲ့ လမ်းညွှန်ချက်ကိုမှ မလိုက်နာဖို့ပါ။

ဆိုလိုတာက သူတို့ရဲ့ လမ်းကြောင်းအတိုင်း လိုက်ရမှာမဟုတ်ဘဲ ကိုယ့်လမ်းကိုယ်ဖောက်ပြီး လျှောက်လှမ်းစေချင်တာပါ။ ဒီတော့ စာအုပ်တွေ မဖတ်နဲ့၊ motivation speakerတွေရဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာနဲ့လို့ ဆိုလိုချင်တာတော့လည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် သူတို့ဆီကရမယ့် ဗဟုသုတတွေကို သင့်ပုံစံ၊ သင့်လူနေမှုဘဝပုံစံနဲ့ ကိုက်ညီတဲ့ပုံစံအဖြစ် နည်းယူပြောင်းလဲအသုံးချပြီး ကိုယ့်လမ်းကိုယ် ဖောက်စေချင်တာပါ။ လယ်သမားတစ်ဉီးအတွက် စစ်လက်နက်ပစ္စည်းတွေ မလိုအပ်သလို ကဗျာဆရာတစ်ဉီးအတွက် စိုက်ပျိုးရေးပစ္စည်းတွေ မလိုအပ်ပါဘူး။ သင်‌ လျှောက်မယ့်လမ်းမှာ သင်နဲ့အတူ ယူဆောင်သွားရမယ့် အသုံးအ‌ဆောင်တွေကို သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ ဖြစ်တာကြောင့်ပါ။

သင် မလဲကျအောင်၊ လမ်းကြောင်းမှန်ပေါ် ရပ်တည်‌လျှောက်လှမ်းနိုင်ဖို့ သင်ကိုယ်တိုင်သာ တာဝန်အရှိဆုံး၊ အရေးအကြီးဆုံးသူ ဖြစ်ပါတယ်။ ဘယ်သူ့ရဲ့ လမ်းညွှန်မှုကိုမှ မလိုက်နာပါနဲ့။ ထပ်ပြောမယ်နော်။ ဘယ်သူ့ရဲ့ လမ်းညွှန်မှုကိုမှ မယူပါနဲ့။ ဒါပေမယ့် သူတို့ရဲ့ လမ်းညွှန်ချက်တွေကို ကိုယ်နဲ့ကိုက်ညီမယ့် ပုံစံအဖြစ် ပြောင်းလဲအတုယူပြီး သင့်ဘဝလမ်းကို သင်ကိုယ်တိုင် ထိန်းကျောင်းဖြတ်သန်းရမှာပဲ ဖြစ်ပါတယ်။

Chidi Nkwah ၏ ဆောင်းပါးအား ဆီလျော်အောင် ပြန်ဆိုပါသည်။

စမ်းကြယ်
26.8.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း