Author's Profile Photo

မိုးနှောင်းအလင်္ကာ

26/08/2024

ပုဇွန်ဆိတ်ကလေးဘယ်လိုငယ်။

1 min read
Life Style
General Knowledge
18 Again
ပုဇွန်ဆိတ်ကလေးဘယ်လိုငယ်။'s photo

သူများထက်ညံ့လို့ ညံ့နေတာလား၊ကိုယ်တိုင်ကညံ့တယ်ထင်လို့ ညံ့နေတာလား။ သူတပါးအထင်အမြင်ထက် ကိုယ်တိုင်ရဲ့စိတ်က ပိုအရေးကြီးပါတယ်။တပါးသူအထင်သေးတာထက် ကိုယ့်ကိုကိုယ် အထင်သေးတာက မရှိသင့်တဲ့ စိတ်တစ်ခုပါ။

*"တစ်ခါက ရုက္ခစိုးတပါးဟာ
အလွန်ဘဲစိတ်ညစ်နေတယ်။
ဘေးက တောစောင့်နတ်က
အကြောင်းအရင်းမေးကြည့်တော့
ရုက္ခစိုး နေတဲ့ သစ်ပင်ကြီးကို
မနေ့က သစ်ခုတ်သမားတွေဟာ
ခုတ်ဖို့အတွက် ပြောဆိုပြီးတိုင်ပင်
နေတာကြောင့်ဆိုတာကို သိရတယ်။
အဲ့ဒီတော့ တောစောင့်နတ်လည်း
ဘယ်လိုကူညီရမလည်း စဥ်းစားနေချိန်မှာ
နတ်သူငယ်ကလေးတပါးဟာ
သူကူညီနိုင်ကြောင်းပြောလာခဲ့တယ်။
ပထမတော့ ငါလိုတောစောင့်နတ်တောင်
မကူညီနိုင်တာ သူလိုနတ်သူငယ်က ဘယ်လို
ကူညီနိုင်မှာလည်း ဆိုတဲ့အတွေးကြောင့် လက်မခံခဲ့ဘူး"

"နတ်သူငယ်လေးပြောပါများလာတော့လည်း တောစောင့် နတ်ကြီးက ခွင့်ပြုပေးလိုက်တယ်။ သစ်ခုတ်သမားတွေ ရောက်လာတဲ့ အချိန်မှာတော့ နတ်သူငယ်လေးဟာ ပုတ်သင် အယောင်ဆောင်လိုက်ပြီး သစ်ပင်ခြေရင်းမှကအမြစ်ကြားထဲ၀င်သွားပြီး အပေါ်နားက အကိုင်းပေါ်က ပြန်ပေါ်လာသတဲ့။ အဲ့အခါ သစ်ခုတ်သမားတွေဟာလည်း ပြန်သွားကြတယ်။ တောစောင့်နတ်မင်းကြီးဟာ မယုံကြည်နိုင်စွာ ဘာကြောင့်ပြန်သွားတာလည်းမေးတော့ နတ်သူငယ်လေးက

" ပုတ်သင်အယောင်ဆောင်လိုက်ပြီး သစ်မြစ်တွေကြားရောက်တော့ ကိုယ်ရောင်ဖျောက်လိုက်တယ် နောက်တော့ အပေါ်နားက သစ်ပင်ခွကြားရောက်မှ ကိုယ်ထင်ပြလိုက်ခြင်းဖြစ်ပါတယ် ဒါကြောင့် သစ်ခုတ်သမားတွေဟာ သစ်ပင်ရဲ့ ပင်စည်မှာ လှိုင်ခေါင်းရှိမယ်ဟု ထင်ပြီး ပြန်သွား တာဖြစ်ကြောင်း ကို ပြောပြလိုက်ပါတယ်။"*


အဲ့ဒီလိုပါဘဲ တစ်ချို့သောအရာတွေက အသက်အရွယ်နဲ့မဆိုင်ဘူး၊အတွေ့အကြုံနဲ့မဆိုင်ဘူး လူတိုင်းမှာမတူညီတဲ့ အရည်အချင်း တွေ ကိုယ်စီရှိကြပါတယ်။ ကလေးမို့လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သေးငယ်တယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ အထင်မသေးသင့်ပါဘူး။

" မဟော်သဓာရဲ့ ပတ္တမြား စီရင်ခန်းက ပုရွက်ဆိက်က
အကျိုးဆောင်မှု အကြီးကြီးကို ပြုပေးခဲ့တယ်။
သေးငယ်တဲ့အရာတွေကို သတိမထားမိခြင်းက ပေါ့လျော့ခြင်း တစ်မျိုးပါဘဲ။
ပုဇွန်ဆိတ်ကလေး ဘယ်လောက်ဘဲ ငယ်နေပါစေ ပင်လယ်ပြင် ကြီးကိုတော့ ကူးခတ်နိုင်ဆဲပါ။"

#မိုးနှောင်းအလင်္ကာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု စာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်လေးဆယ့်ခုနစ် - သတင်းကောင်းကို မျှဝေခြင်း