Sandi Cho
ကိစ္စတိုင်းမှာ အမှားနဲ့ အမှန်ပဲရှိကြတာမဟုတ်ဘူး။
ငါမှန်တယ်။သူမှားတယ်။
သူမှန်တယ်။ငါမှားတယ်ပဲပြောလို့မရဘူး။
ပြီးတော့လူတွေက အမြဲတမ်း ကိုယ်မှန်တယ်ပဲထင်နေကြတော့ ပိုဆိုးတာပေါ့။
လူတိုင်းမှာ အမြင်တစ်ခုဆီရှိနိုင်တယ်။
ခံယူချက်တစ်ခုဆီရှိနိုင်တယ်။
ရှု့ထောင့် တစ်ခုဆီရှိနိုင်တယ်။
ကိုယ်ခံယူချက်နဲ့ မတူတာနဲ့ အဲလူကိုမှားတယ်လို့ စွပ်စွဲလို့မရဘူး။
ကိုယ်ဖက်ကကြည့်တော့ လက်ဖမိုးဖြစ်နေပေမယ့် သူဖက်ကကြည့်တော့လည်း လက်ဖဝါးဖြစ်နေနိုင်တာပဲ။
အဲဒါကြောင့် အရာအားလုံးကို မှားတယ်၊မှန်တယ်ဆိုပြီး ဆုံးဖြတ်လို့မရဘူး။
ဒါပေမယ့်ချွင်းချက်တစ်ခုတော့ရှိတယ်။
ကိုယ်ရဲ့ခံယူချက်က မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ အဲခံယူချက်ဟာ
ကိုယ့်ကိုယ်ကို မထိခိုက်စေသော ခံယူချက်၊တစ်ပါးသောသူကို မထိခိုက်စေသော လုပ်ရပ်မျိုးတော့ ဖြစ်နေဖို့လိုအပ်တယ်။
Sandi Cho?
#SandiCho
#အမှားနဲ့အမှန်
Keep Reading