Honey cho
1.မိမိကိုယ်ကိုချစ်ခင်ကြင်နာခြင်းစတင်လုပ်ဆောင်မယ်ဆိုရင် အဆင့်တစ်အနေနဲ့ တစ်ခြားသူတွေရဲ့ အခြေအနေနဲ့မိမိကိုယ်ကိုယ် ဘယ်တော့မှနှိုင်းယှဉ်ခြင်းမပြုလုပ်ပါနဲ့။
2.social media စွဲလမ်းမှုမရှိဘဲ ဖုန်းပိတ်ပြီး၊စာဖတ်တာ၊အပင်လေးတွေစိုက်ရင်းသဘာဝပတ်ဝန်းကျင်နဲ့ထိတွေရင်းစိတ်နဲ့ကိုယ်ကိုအေးချမ်းစွာအနားယူတတ်အောင်လေ့ကျင့်ပါ။
3.မိမိရဲ့ဝါသနာပါတဲ့ အရာတွေအတွက်နေ့စဉ် အချိန်တစ်ခုသတ်မှတ်၍ပေးတတ်ပါစေ။
4.ကိုယ့်ဘဝမှာ ချစ်ခင်တန်ဖိုးထားရသူတွေနဲ့အတူကြည်နူးစရာကောင်းတဲ့ အခိုက်အတန့်တွေကိုရရှိအောင် ဖန်တီးပါမေ့မရတဲ့အမှတ်တရကောင်းတွေအတူတူဖန်တီးပါ၊သူတို့ရဲ့ချစ်ခြင်းတရားကို အသိမှတ်ပြုပါ။
5.ကိုယ့်ရဲ့တစ်နေ့တာကို ကောင်းမွန်စွာဖြတ်သန်းတဲ့ခါတိုင်းမှာကိုယ့်အတွက်အာဟာရရှိပြီး အရသာကောင်းမွန်တဲ့အစားအသောက်တွေကိုပြင်ဆင်စားသောက်ဖို့မမေ့ပါနဲ့။
6.တရားထိုင်ခြင်း၊ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်းကိုတစ်နေ့ကို15မိနစ်ခန့်ပြုလုပ်ပါ။
7.မိမိရဲ့mood ,swing တွေအတွက် motivation songs တွေmotivation speakers တွေရဲ့စကားတွေကနေတဆင့်ဘဝမှာဆက်လက်ရှင်သန်ဖို့အတွက်တစိတ်တဒေသအင်အားကိုရယူပါ။
ဘဝကိုအလှပဆုံး
အလှဆင်တတ်သူတွေ
ဖြစ်ကြပါစေ။
ဟန်နီ
Keep Reading