Author's Profile Photo

Nwe

25/08/2024

စာဖတ်ခြင်း ၃ မျိုး

1 min read
Book Review
General Knowledge
18 Again
စာဖတ်ခြင်း ၃ မျိုး's photo

စာဖတ်ခြင်း ၃မျိုး ရှိတယ်ဆိုတာ တလောက Youtube ကနေ ဆရာဦးဘုန်းရဲ့ စာပေဟောပြောပွဲကိုနားထောင်မိရင်းကျွန်မ ကိုယ်တိုင်ကျင့်သုံး နေတဲ့စနစ်လေးတစ်ခုအကြောင်း မျှဝေတာပါ။ ကြားထဲမှာ Login ဝင်လို့မရတာနဲ့ စာဖတ်နဲ့ ရက်အနည်းငယ် အဆက်ပြတ်သွားခဲ့တယ်။ စကားပြန်ဆက်ရရင် ကျွန်မ ငယ်ငယ်ကစာဖတ်အရမ်းဝါသနာပါတယ်။ တွေ့ရာစာအကုန်ဖတ်တယ်။မှတ်မိသလောက်ပြောရရင် ၁၀တန်းလောက်ထိ စာတွေကို စွဲစွဲ မြဲမြဲ ဖတ်တုန်းပဲ။ နောက်တော့တက္ကသိုလ်ရောက်သွားချိန်က စပြီးအလုပ်ခွင်ဝင်သွားတဲ့အထိစာမဖတ်ဖြစ်တော့တာ ၁၀ နှစ်ကျော်ကြာတဲ့အထိပဲ။ လုံးဝကြီးအဆက်ပြတ်သွားတာတော့မဟုတ်ဘူး Facebook မှာတွေ့တဲ့စာလေးတွေကိုဖတ်နေတုန်း ငယ်ငယ်ကလောက် တစ်စိုက်မတ်မတ် တော့မဖတ်ဖြစ်တော့ဘူး။ ၂၀၂၃ မှာကျွန်မ အိမ်ထောင်ကျတော့ အမျိုးသားက စာအရမ်းဖတ်တယ်။ စာအုပ်တွေလည်း ခဏခဏ ဝယ်တယ် ကျွန်မနဲ့အိမ်ထောင်မကျခင်က ဝယ်ထားတဲ့ စာအုပ်တွေရော အိမ်ထောင်ကျပြီးမှ ဝယ်တဲ့စာအုပ်တွေရော လက်ရှိနေတဲ့ဆီကို သယ်လာတော့ ကျွန်မ စာအုပ်တွေကို ပြန်မြင်ပြီး အရင်က စာဖတ်ဝါသနာလေးက ပြန်နိုးလာတယ်ထင်ပါရဲ့ တစ်အုပ်စ နှစ်အုပ်စ စဖတ်တယ်။ အရင် Post တွေမှာ Review ရေးထားတာတဲ့စာအုပ်တွေရယ် တခြားစာအုပ်အနည်းအကျည်းပေါ့လေ။ကျွန်မက အလုပ်လည်းလုပ်တယ် အိမ်ထောင်သည်လည်းဖြစ်တော့ အားလပ်ချိန်က အများကြီးမရှိဘူး။ အဲတော့ စာအုပ်ကိုင်ပြီး အမြဲတမ်းစာမဖတ်ဖြစ်နေပြန်ဘူး။တစ်ရက်မှာ Youtube သုံးရင်း စာပေဟောပြောပွဲနားထောင်ရင်းနဲ့ စာဖတ်နည်း ၃မျိုးအကြောင်း သိခဲ့ရတယ်။ ဆရာ့ကို သိပ်ကျေးဇူးတင်ပါတယ်။ ပထမ စာဖတ်နည်းက စာအုပ်ကိုင်ပြီးဖတ်တာ ဒုတိယ စာဖတ်နည်းက နားထောင်တာ (သူများပြောတာ အပါအဝင် စာဖတ်ပြတာ စသည်ဖြင့်) တတိယစာဖတ်နည်းကခရီးသွားခြင်း ဆိုပြီးသိခဲ့ရတယ်။ကျွန်မနဲ့အသင့်တော်ဆုံးက ဒုတိယ စာဖတ်နည်းပါပဲ အလှပြင်နေရင်းလည်း Audio bookနားထောင်တာပဲ ထမင်းဟင်းချက်ရင်းလည်းနားထောင်တာပဲ စာဖတ်ချိန်မရှိဘူးလို့လည်း ကျွန်မ ပြောစရာမလိုတော့ဘူးလေ။တစ်ချို့ ကိုယ်တိုင်ဖတ်မှ အရသာ အနှစ်သာရ ရှိတဲ့ စာတွေတော့ စာအုပ်ကိုင်ပြီးဖတ်ဖြစ်တာလည်းရှိပါတယ်။ အနှစ်ချုပ်ရရင် ကျွန်မလိုအချိန်မရှိလို့ စာမဖတ်ဖြစ်တဲ့ အကြောင်းပြချက်မျိုး မဖြစ်ရအောင် စာဖတ်နည်း ၃မျိုးထဲက မိမိနဲ့သင့်တော်မဲ့ စာဖတ်နည်းကိုရွေးချယ်ပြီး စာဖတ်ဖို့ တိုက်တွန်းပါရစေရှင်။
ကျေးဇူးတင်စွာဖြင့်
နွယ်

Keep Reading

အရင်းအနှီးနဲ့ တည်ဆောက်ထားတဲ့ ဘဝရည်မှန်းချက်ပန်းတိုင်အော်ဆွေးအဲလ်ဘတ်ကမူး၏ကိုးကွယ်ရာမရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းတစ်မရှုပ်မရှင်း မရှင်းမရှုပ် အပိုင်းနှစ်ဂျက်ကီချန်းဘဝအကြောင်းမြန်မာပြည်မြောက်ပိုင်း𝘼𝙡𝙗𝙚𝙧𝙩 𝘾𝙖𝙢𝙪𝙨 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣📚တကယ်မရှိသောနှစ်များစိတ်ရှည်ပါ။