Author's Profile Photo

Honey cho

25/08/2024

ခု2024-2025ဟာရောဂါဆိုးတွေနဲ့ ကပ်ဆိုက်နှစ်လား COVID-19 ပြီးတော့ monkey pox ဆိုတဲ့မျောက်ကျောက်တဲ့လား?

2 mins read
Life Style
Health
General Knowledge
ခု2024-2025ဟာရောဂါဆိုးတွေနဲ့ ကပ်ဆိုက်နှစ်လား COVID-19 ပြီးတော့ monkey pox ဆိုတဲ့မျောက်ကျောက်တဲ့လား?'s photo

ဒီနေ့မှာတော့ ဟန်နီကလတ်တလော WHO ကနေ အရေးပေါ်အဆင့်ကြေညာထားတဲ့ မျောက်ကျောက်ရောဂါအကြောင်းလေးကို အသေးစိတ်ရှင်းပြရင်း ကိုယ့်ကိုမကူးစက်အောင် ဘယ်လိုမျိုးဂရုပြုနေထိုင် ရမလဲဆိုတာမျှဝေပေးလိုက်ရပါတယ်။

မျောက်ကျောက်ရောဂါဆိုတာဟာ တကယ်တော့ ရေကျောက် chicken poxနဲ့လည်းအနီးစပ်ဆုံးတူပြီး‌‌ေကျာက်‌ေရာဂါအမျိုးအစားရော၊လက္ခဏာပိုင်းမှာပါသွားတူနေတာကို သုတေသနပညာရှင်တွေရဲ့ပြောကြားချက်အရသိရပါတယ်။သူဟာ မျောက်ကျောက်ရောဂါပိုးရှိသူနဲ့ထိတွေ့ပြီး ၂ပတ် နဲ့၃ပတ်အတွင်းမှာကူးစက်ခံရသူဟာလက္ခဏာ စပြလာတတ်ပါတယ်။ရေကျောက်ရောဂါဟာလည်း ထိုနည်းတူစွာပါဘဲ။

ဘယ်လိုကူးစက်နိုင်လဲဆိုတော့
ရောဂါဖြစ်ပွားနေတဲ့သူရဲ့ နှာစေး၊ချောင်းဆိုးရာမှထွက်လာတဲ့ အမှုန်အမွှားတွေကနေတဆင့် droplet infection ကနေတခြားသူဆီ‌ေလထဲမှတစ်ဆင့်ကူးစက်နိုင်ပါတယ်။

အရေပြားချင်းskinship ထိတွေ့မှု၊အသားချင်းထိတွေ့မှုတို့နဲ့ ရောဂါရှိသူနဲ့ sex ပြုလုပ်ရာမှလည်းကူးစက်ခံရနိုင်ပါသေးတယ်။

ထိုနည်းလမ်းတွေကနေ ကူးစက်ခံရပြီးနှစ်ပတ်ကနေ၃ပတ်အတွင်းမှာ ကူးစက်ခံရသူဟာဖျားမယ်၊ကိုယ်လက်ကိုက်ခဲမယ်စတဲ့ရောဂါလက္ခဏာတွေပြကြပါတယ်။

ဒါကြောင့်သူကကိုဗစ်ထက်ပိုပြီး ကူးစက်နိုင်ချေများသလို၊မြန်လည်းမြန်ပါတယ်။ကိုဗစ်ကတော့ ရောဂါဖြစ်သူနဲ့၄ပေ အကွာမှာbus စီးတာ၊လေယာဉ်တစ်စီးတည်းအတူစီးတာတွေကနေ လေထဲမှတဆင့်ကူးစက်နိုင်ပါတယ်။မျောက်ကျောက်ရောဂါကတော့ ရောဂါရှိသူရဲ့ နှာစေးခြင်း၊ချောင်းဆိုးခြင်းကနေထွက်လာတဲ့အမှုန်တွေကနေ တဆင့်ကူးစက်နိုင်ပါတယ်။

ကူးစက်ခံရတဲ့သူတွေရဲ့ ကိုယ်ခံအားစနစ်ပေါ်မူတည်ပြီးတော့၂ပတ် သို့မဟုတ်၄ပတ်ကြာမှထွက်ပေါ်လာတဲ့အရေပြားရဲ့အဖု၊အကျိတ်တွေကပျောက်ကင်းနိုင်ပါတယ်။လည်ချောင်းနာခြင်းတွေလည်းဖြစ်တတ်ပါတယ်။ပြီးရင် အရည်ကြည်ဖုလေးတွေ၊အနီဖုလေးတွေလည်းစထွက်တတ်ပါတယ်။

မျောက်ကျောက်ရောဂါဟာ မျက်နှာအရေပြားမှာစပြီးအဖု‌ေတွထွက်တတ်ပါတယ်။ပြီးတော့မှ လက်ချောင်း၊ခြေချောင်းတွေဆီပြန့်သွားပြီးတစ်ကိုယ်လုံးကိုပြန့်သွားပါတယ်။ရေကျောက်ကတော့ ခန္ဓာကိုယ်ကစထွက်ပြီးတော့မှလက်နဲ့မျက်နှာကို ရောက်ပါတယ်။
အရွယ်အစားအားဖြင့်ရေကျောက်ဟာအဖုသေးပေမဲ့ မျောက်ကျောက်ကတော့ ၅မီလီမီတာကနေ ၁စင်တီမီတာလောက်ထိအရွယ်စားကြီးတတ်ပါတယ်။




အရေပြားပေါ်မှာ အနာဖေးတွေရှိနေသေးသရွေ့ရောဂါရဲ့ ကူးစက်နိုင်ခြေဟာ နှာစေး၊ချောင်းဆိုးအစရှိတဲ့အသက်ရှုလမ်းကြောင်းတွေထဲကနေတဆင့်ထွက်လာတဲ့ အမှုန်အမွှားတွေထဲမှာရောဂါပိုးဟာဆက်ရှင်သန်နေနိုင်ပါတယ်။အမာရွတ်တွေကတော့ ခန္ဓာကိုယ်ရဲ့အရေပြားအောက်ကို ဘယ်လောက်ထိခိုက်သွားလဲဆိုတာပေါ်မူတည်ပြီး အကြီး၊အသေးအဖြစ်ပြောင်းပြီးကျန်နေနိုင်ပါတယ်။အများစုကတော့ ဒီရောဂါဟာရေကျောက်လို တစ်သက်မှာတစ်ခါဘဲဖြစ်တာပါ။ရေကျောက်လို မျိုးမျောက်ကျောက်တစ်ခါဖြစ်ပြီးရင် immunity ရသွားပြီးနောက်ထပ်ထိုလူဟာထပ်မဖြစ်နိုင်တော့ပါဘူး။

ဒါဆိုဘယ်လိုကာကွယ်ရမလဲဆိုရင်တော့ ယခုအခါအနောက်နိုင်ငံအများစုမှာတော့ မျောက်ကျောက်ရောဂါကာကွယ်ဆေးတွေပေါ်လာပြီး စတင်ထိုးနှံနေကြပေမဲ့ ဟန်နီတို့နိုင်ငံလိုအရှေ့တောင်အာရှနိုင်ငံတွေမှာတော့ ကာကွယ်ဆေးလောလောဆယ်မရသေးတာမို့ ကြိုတင်ကာကွယ်လို့ရမဲ့နည်းလမ်းတွေကို စနစ်တကျပြုလုပ်တာကပိုမိုအဆင်ပြေမှာပါ။

နှာခေါင်းစည်းတပ်ရပါမည် ၊အထူးသဖြင့်လူနေထူထပ်တဲ့နေရာတွေ၊ဈေးတွေ၊supermarketတွေနဲ့အလုပ်ရုံးသွားတဲ့အခါ မဖြစ်မနေလုပ်ဆောင်သင့်ပါတယ်။

လက်ကို တတ်နိုင်သမျှစင်ကြယ်အောင် ဆပ်ပြာ၊ဒါမှမဟုတ် hand sanitizer or handgel အသုံးပြုပြီးလက်ဆေးရပါမယ်။တစ်နေ့ကို ၂ကြိမ်အနည်းဆုံးလက်ဆေးရပါ့မယ်။ပြီးရင်အပြင်ကပြန်လာတိုင်း၊တခုခုကိုကိုင်တွယ်ပြီးတိုင်းလက်ဆေးဖို့မေ့လို့မရပါဘူး။

ရောဂါပိုးရှိသူနဲ့ ၃ပေအကွာမှာနေရပါမယ်။

သူဟာကိုဗစ်ရောဂါလိုတော့ သေဆုံးနိုင်ခြေမများပါဘူး။၁၀၀မှာမှ ၂%ကနေ၅%ထိသာသေဆုံးနိုင်ခြေရှိပါတယ်။၉၉%ကတော့ သေဆုံးနိုင်ခြေမရှိပါဘူး။

ကိုဗစ်ကတော့ airborn infection ဖြစ်ပြီးmonkey doxကတော့ droplet infection ဘဲဖြစ်ပါတယ်။

ဘယ်လိုလူမျိုးတွေဟာပိုပြီးသတိထားသင့်လဲဆိုရင်တော့
.အများစုကတော့ကာကွယ်ဆေးမထိုးဘဲနဲ့တောင် မိမိရဲ့ကိုယ်ခံအားစနစ်ပေါ်မူတည်ပြီး၂ပတ်မှ၄ပတ်အတွင်းပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ဒါပေမဲ့ အသက်အရွယ်ကြီးရင့်သူတွေ၊အသက်တစ်လအောက်ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကတော့အထူးသတိထားသင့်ပါတယ်။

ကိုယ်ခံအားနည်းတဲ့သူတွေ၊HIV ရောဂါပိုးရှိတဲ့သူတွေ ၊ကင်ဆာရောဂါရှိသူတွေ၊ကင်ဆာဆေးကုသမှုခံယူနေကြတဲ့လူနာရှင်တွေနဲ့ ကိုယ်ခံအားခုနှိမ်ဆေးမှီဝဲနေသူတွေဟာဆိုရင်တော့ ထိုရောဂါကူးစက်ခံရရင် ရောဂါကြီးမားပြီး ပြင်းထန်တဲ့ဝေဒနာကိုခံစားရတတ်ပါတယ်။ထိုသူတွေမှာကူးစက်ခံရရင် ဦးနှောက်ရောင်တာ၊နှလုံးရောင်တာ၊ကြွက်သားရောင်တာ၊နမိုးနီးယားအဆုတ်ရောင်တာနဲ့မျက်စိနာတာတွေဖြစ်တတ်ပါတယ်။

ဘက်တီးရီးယားပိုးတွေထပ်ဝင်ရင်တော့ အရေပြားမှာပြည်တည်နာဖြစ်မည့်အပြင် အဆုတ်ကိုလည်းဘက်တီးရီးယားတေ‌ွဝင်‌ေရာက်နိုင်ပြီးရောင်ရမ်းမှုဖြစ်ပွားရာကနေ အသက်အန္တရာယ်ထိဖြစ်စေနိုင်ပါတယ်။သေဆုံးမှုနှုန်းပတော့၂%ကနေ၅%ထိရှိပါတယ်။၉၉%ကတော့ အသက်၊အန္တရာယ်မရှိနိုင်ပါဘူး။

စာဖတ်သူအားလုံးဘဲ
ရောဂါဘယကင်းဝေးကြပါစေ
မျှော်လင့်ခြင်းများစွာဖြင့်
ဟန်နီ



Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)