Honey cho
ဟန်နီတို့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိတဲ့မိသားစုဆက်ဆံရေး၊မောင်နှမတွေကြား၊ဆက်ဆံရေးတွေဟာ တကယ့်ကို အနောက်နိုင်ငံတွေထက်ပိုပြီး ပိုမိုရင်းနှီးကြပါတယ်။
ဘာလို့လဲဆိုရင် အနောက်နိုင်ငံတွေမှာရှိတဲ့ဓလေ့တွေနဲ့ဟန်နီတို့နိုင်ငံတွေမှာရှိတဲ့ဓလေ့တွေကွာခြားမှုေတွကနေ ပြီးတော့ ရင်းနှီးမှုတွေ၊ဝေးကွာမှုတွေကိုဖြစ်လာစေတာပါ။
ဟန်နီတို့နိုင်ငံမှာ အစားစားတဲ့မနက်စာ၊နေ့လယ်စာ၊ညစာစတဲ့အချိန်လေးတွေကိုတော့ မိသားစုတွေတညီတညာတည်းစုပြီးတော့ ကို မိသားစုအစည်းအဝေးပုံစံထိုင်ပြီး အများဆုံးစားသောက်ကြပါတယ်။နောက်ပြီးမိသားစုဝင်တွေထဲက အသက်အကြီးဆုံးလူကိုလည်းဦးချပြီးမှစားလေ့စားထရှိကြပါတယ်။ဒါကလည်း အနောက်တိုင်းသားတွေနဲ့ ကွာခြားတဲ့ဓလေ့တစ်ခုပါဘဲ။
မိသားစုလက်ဆုံစားကြခြင်းဖြင့် တစ်နေ့တာမှာတွေ့ကြုံခဲ့ရတဲ့၊အတွေးတွေနဲ့အတွေ့အကြုံတွေကိုလည်းမိသားစုဝင်အချင်းချင်းမျှဝေတာ၊အကြံဉာဏ်တောင်းတာ၊အားသာချက်၊အားနည်းချက်တွေကိုပြန်ပြီးမျှဝေတာတွေလုပ်နိုင်ပါတယ်။
မိသားစုဝင်တွေ ကြားမှာရှိတဲ့သံယောဇဉ်တွေလည်းထပ်မံတိုးပွားလာစေနိုင်ပြီး၊ထိတွေ့ဆက်သွယ်မှုလည်းပိုမိုတိုးတက်လာစေပါတယ်။
သား၊သမီးတွေကိုလည်း ကျန်းမာရေးနဲ့အညီစားသောက်နေထိုင်တတ်တဲ့ အစားအသောက်ဆိုင်ရာစံပုံစံတစ်ခုကိုလည်းမိဘတွေအနေနဲ့ပြသပေးနိုင်မဲ့ အခွင့်အရေးတစ်ရပ်ဆိုလည်းမမှားပါဘူး။
မိသားစုတွေကြားမှာလည်း စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ကောင်းမွန်တဲ့အမှတ်တရကောင်းတွေဖန်တီးနိုင်ရုံသာမက စိတ်ဓာတ်ခွန်အားတွေလည်းပိုမိုရရှိလာစေပါတယ်။
ပိုမိုကောင်းမွန်တဲ့
Family time တွေ
ဖန်တီးနိုင်ကြပါစေ။
ဆုတောင်းများစွာဖြင့်
မဟန်နီ
Keep Reading