SarPhat Author
++++++
ရန်ကုန်မြို့ရဲ့ ပူလောင်အိုက်စပ်သော နွေရာသီနေ့လယ်ခင်း အချိန်ကာလ တခုဖြစ်သည်။ အဖေသည် ထမင်းစားအပြီး အိမ်ရှေ့ခန်းတွင် အားသွင်းပန်ကာကလေးနှင့် တုံးလုံးလှဲနေသည်။
ကျွန်တော်သည် အလုပ်ကိစ္စတခုနှင့် အိမ်သို့ ခေတ္တခဏ ပြန်ရောက်လာစည့်အချိန် အမေ့ကို မတွေ့ရသည့်အခါ အဖေ့ကို မေးကြည့်လိုက်သည်။
"အဖေ၊ အမေရော"
အဖေက တုံးလုံးလှဲနေလျက် မျက်လုံးများဖွင့်ကြည့်ပြီး ကျွန်တော့ကို စကားပြန်သည်။
"မသိဘူးလေ၊ အဲ့ နောက်ဖေးဘက်မှာနေမှာပေါ့"
အဖေက ထိုသို့ပြောပြီးနောက် မျက်လုံးများ ပြန်မှိတ်ကာ နေလိုက်သည်။
"အမေ၊ အမေ"
ကျွန်တော်က တကျော်ကျော် အော်ခေါ်လိုက်သည့်အခါ အမေက တနေရာမှ အသံကျယ်ကျယ်ဖြင့် လှမ်းပြော၏။
"ဘာတုန်းဟေ့၊ တကျော်ကျော် အော်နေတာပဲ။ ဒီမှာ၊ ငါ ချွေးထုတ်ခန်းထဲ ရောက်နေတယ်ဟဲ့"
ဟုတ်ပေသည်။ အမေစကားသိပ်တတ်သည်။ အမေလှမ်းအော်ပြောနေသည်က သန့်စင်ခန်းထဲမှ ဖြစ်တော့၏။ ။
#ကိုမျိုး #ဟာသဝတ္ထု
Keep Reading