Swal Nyoe
လူတွေက ပြောင်းလဲတက်ကြတယ်၊
ငါလည်း ပြောင်းလဲခဲ့သလိုမျိုးပေါ့။
ဒီလောကကြီးထဲမှာ ထာဝရတည်မြဲတယ်ဆိုတာ ဘယ်အရာမှ မရှိဘူး။
အနိစ္စရောက်ခြင်းကတော့ ဖြစ်ပျက်နေဆဲ။
ရှင်သန်ဖြတ်သန်းနေရတာ ဘာများနေလို့လဲ။
နာကျင်မှုတွေဖြစ်တည်လာတာ ဘာများမှားနေလို့လဲ။
တခါတလေ ဝမ်းနည်းလာရင် မျက်ရည်တွေသွန်ချပစ်လိုက်တယ်။
ဒီလိုမျိုးရှင်သန်နေရတာ ဘာများမှားနေလို့လဲ။
အဲ့နေရာရဲ့အဆုံးသတ်က ဘာပါလိမ့်။
ကောင်းမွန်တဲ့ ဘဝပဲဖြစ်ဖြစ် သာမန်ဘဝပဲဖြစ်ဖြစ် အဲ့တာတွေက လျှောက်လှမ်းရမယ့် ဘဝလမ်းခရီးပဲ။
ဘာပဲဖြစ်ဖြစ် လက်ခံရမှာက လက်ခံရမှာပါပဲ။အများနဲ့မတူ ထူးခြားဖို့ အဖြေမထုတ်နိုင်ပေမယ့် လူတိုင်းက ဒုက္ခရောက်မှုကိုခံနိုင်ရည်ရှိဖို့လိုလားကြတာပဲ။
မင်းရဲ့ ဘဝကို ဝတ္ထုဇာတ်လမ်းတွေထဲကလိုမျိုးဖြစ်အောင် ပုံတူကူးချဖို့ဆိုတာ ခက်ခဲပင်ပန်းလွန်းနိုင်တယ်။
လူက ဉာဏ်ပညာရဲ့သတ္တဝါတစ်ကောင်လို့ဘယ်သူကပြောခဲ့တာလဲ။
ငါကတော့ နောင်တရနေမယ့်သတ္တဝါတစ်ကောင်ဆိုတာ အတော်လေးသေချာနေပြီ။
မင်းရဲ့သာမန်လောက်လေးကလည်း ငါ့အတွက်တော့ ထူးခြားမှုတွေ ဖြစ်နိုင်တာပဲ။
မင်းရဲ့ထူးခြားမှုကလည်း ငါ့အတွက် ရွက်ကြမ်းရေကြိုလောက်ပဲ ဖြစ်နိုင်တာပဲ။
ငါ့ရဲ့သာမန်လောက်လေးကလည်း မင်းအတွက် ထူးခြားသွားနိုင်တာပဲ။
ငါ့ရဲ့ထူးခြားမှုကလည်း မင်းအတွက် ရွက်ကြမ်းရေကြိုလောက်ပဲ ဖြစ်နိုင်တာပဲ။
Keep Reading