Author's Profile Photo

မောင်ဇင်(မှိုင်းဌာနီ)

24/08/2024

မှန်းချက်နဲ့နှမ်းထွက် ကိုက်ကြပါစေ။

2 mins read
Life Style
Personal Development
မှန်းချက်နဲ့နှမ်းထွက် ကိုက်ကြပါစေ။'s photo

ကျွန်တော်တို့ဟာ လူရယ်လို့ဖြစ်လာပြီဆိုရင် ရည်မှန်းချက်တွေ၊ပန်းတိုင်တွေဆိုတာရှိပါတယ်။တစ်နေ့ပြီး တစ်နေ့လည်းဒီရည်မှန်းချက်တွေ၊ပန်းတိုင်တွေပြည့်ဝအောင်မြင်ဖို့အတွက်လူငယ်၊လူရွယ်၊လူကြီးတွေက နေ့မနားညမနားအလုပ်လုပ်ကြပါတယ်။ဒီနေရာမှာအရေးကြီးဆုံးနဲ့ပထမဉီးဆုံးပြောချင်တာကရည်မှန်းချက်၊ပန်းတိုင်တွေပြည့်ဝ၊ို့ကြိုးစားကြတဲ့နေရာမှာကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့ပဲ ကြိုးစားရှေ့ဆက်လျှောက်ကြဖို့လိုပါတယ်။

ကြိုးစားဆဲကာလတွေမှာ အစွန်းရောက်စိတ်ဓာတ်၊ဝါဒီတွေနဲ့အလုပ်ကိစ္စတစ်ခုခု၊ဆုံးဖြတ်စရာကိစ္စတွေကိုမဆုံးဖြတ်မလုပ်ကိုင်ကြဖို့သိစေချင်ပါတယ်၊ဒီလိုအစွန်းရောက်စိတ်မျိုးစုံနဲ့ဆက်လျှောက်မယ်ဆိုရင်ကတော့ အတိတ်ကာလမှာရင်းနှီးမြုပ်နှံထားတဲ့ အချိန်၊လူအား၊ငွေအား စတာတွေအကုန် နှမြောစရာ"သဲထဲရေသွန်"ပဲဖြစ်မှာပါ။ဆိုတော့ ဆင်ခြင်နိုင်ကြပါစေ။

နောက်ထပ်အနေနဲ့"ရည်မှန်းချက်တွေကိုဘယ်လိုထားမလဲ၊ဘယ်လိုရွေးချယ်ရမလဲ"။ဒါတွေကိုအကြုံပြုချက်တချို့နဲ့ဥပမာတွေနဲ့ပြောပြချင်ပါတယ်။ပထမဆုံး"ရည်မှန်းချက်ဘယ်လိုထားရမလဲ"။ကျွန်တော့်အမြင်ကတော့ ရည်မှန်းချက် ဆိုတာငယ်ငယ်ကနဲ့အရွယ်ရောက်တဲ့အချိန်မတူဘူးဆိုတာပါပဲ။ကျွန်တော်ဆိုရင် ငယ်ငယ်က ဆရာဝန်၊အင်ဂျီနီယာတွေကိုစိတ်ကူးယဉ်ခဲ့ပေမယ့်နောက်ပိုင်းအရွယ်ရောက်တော့ စာတွေဖတ်၊ကိုယ်တွေ့အတွေ့အကြုံတွေကနေသိလာရတဲ့နောက်ပိုင်း ကျောင်းဆရာ၊စာရေးဆရာ ဆိုတဲ့ambitionအခိုင်အမာရခဲ့ပါတယ်။ပြောချင်တာက "ရည်မှန်းချက်ဆိုတာပြောင်းလဲနိုင်တယ်ဆိုတာပါပဲ"။

ဒီလိုပြောင်းနေတတ်တဲ့"ရည်မှန်းချက်တွေကိုခိုင်အောင်ဘယ်လိုထားမလဲ"ဆိုတာကတော့ ကိုယ်တွေ့အတွေ့အကြုံအရပြောပြပေးရမယ်ဆိုရင်

  1. ကိုယ့်ရဲ့အမျိုးအဆွေတွေဆီကနေလေ့လာပါ။
  2. စိတ်ဝင်စားတဲ့ဝါသနာ၊အဓိကကတော့ အားရင်လုပ်နေလေ့ရှိတဲ့အလုပ်တစ်ခုခုကိုအခါသင့်ရင်သင့်သလိုကိုယ့်ဘာသာဆန်းစစ်ကြည့်ပါ။
  3. ကိုယ့်အတွက်အံဝင်ခွင့်ကျဖြစ်မယ့်ambitionရပြီဆိုရင်လည်း"ကျားကုတ်ကျားခဲ"ကြိုးစားပြီး"အင်္ဂေတ"ကိုင်သလိုစွဲမြဲအောင်ဆုံးဖြတ်ပါ။

ဒီနည်းတွေနဲ့ကျွန်တော်ကတော့အဆင်ပြေခဲ့ပါတယ်။စာဖတ်သူများအတွက်လည်းအဆင်ပြေမယ်လို့ယူဆပါတယ်ဗျ။

ဆက်ပြီး "ရည်မှန်းချက်တွေကိုဘယ်လိုရွေးချယ်ရမလဲ"။ဒါကတော့ရှင်းပါတယ်၊"ကိုယ်ကြိုက်တာကိုယ်ရွေးပါ။ဒါပေမယ့်အားလုံးအတွက်ကောင်းကျိုးရစေဖို့တော့သတိထားပါ။ကျွန်တော့်ရွေးချယ်ခဲ့ပုံတစ်ခုကတော့..."အလယ်တန်းနောက်ဆုံးနှစ်(၉)တန်းကနေအထက်တန်းအစနှစ်(၁၀)တန်းကိုတက်ရတော့မယ်ဆိုတော့ {economic & biology}ဆိုပြီး‌ရွေးစရာ ၂ခုရှိလာခဲ့ပါတယ်၊ဆိုတော့ကျွန်တော်ဘာလုပ်ခဲ့လဲဆိုရင် အိမ်ကမိဘတွေနဲ့တိုင်ပင်၊၁၀တန်းတက်နေတဲ့စီနီယာတွေဆီကနေလည်းလေ့လာ၊ဆရာမကိုလည်းမေး နောက်ဆုံးကိုယ့်ဘာသာဆုံးဖြတ်ချက်ချခဲ့တာကတော့ "ဖြစ်ချင်တာက ကျောင်းဆရာ၊စာရေးဆရာ..၊ecoနဲ့ဘွဲ့ရလည်းဖြစ်မှာပဲ၊bioနဲ့အောင်လဲဒီအလုပ်ရဖို့အဆင်ပြေတာပဲ၊ကဲ..မြန်မာလူမျိုး၊မြန်မာလိုပဲသင်တော့မယ်"ဆိုပြီးecoတွဲယူလိုက်တာဒီနေ့အထိပါပဲ။သိပ်မကြာပါဘူး၊ဟိုဖက်bioခန်းကသူတချို့ဆီကနေ"မလိုက်နိုင်ဘူး၊စိတ်ညစ်ပါတယ်၊အတန်းပြောင်းချင်တယ်"ဒီလိုအသံတွေကြားရပါလေရော၊ဘာနဲ့တူလည်းဆိုရင် "မကတတ်၊ဖျာအပြစ်တင်"ဆိုသလိုပါပဲ။

သူတို့အတွက်"နောင်မှတတဲ့ နောင်တ"တွေရနေခဲ့ကြပါတယ်၊သူတို့နောင်တရတာ၊မရတာကအရေးမဟုတ်ပါဘူး၊သူတို့စာမလိုက်နိုင်မှန်းမသိတော့ မိဘတွေဖက်ကလည်း ကျူရှင်တွေ၊ဂိုက်တွေထားရပါတော့တယ်၊တစ်ကယ်အေး‌ဆေးလိုက်နိုင်သူတွေအတွက် သာသာယာယာဆိုပေမယ့်၊မလိုက်နိုင်တဲ့သူတွေကတော့"ရွာလည်"နေခဲ့ပါတယ်။ကျွန်တော်ပြောချင်တာက ကိုယ်တင်ခံရတာမဟုတ်ပါဘူး၊တခြားသူတွေပါ "ပါလေရာ ငပိချက်"ဖြစ်ကုန်တော့အပေါ်မှာမှာခဲ့သလို"အားလုံးအတွက်ကောင်းကျိုးရစေဖို့တော့သတိထားပါ"။

နိဂုံးချုပ်ရတော့မယ်ဆိုရင်ကတော့ ကိုယ့်ရဲ့မှန်းချက်(ဆရာဝန်၊အင်ဂျင်နီယာ၊စစ်ဗိုလ်၊ကျောင်းဆရာ၊ကဗျာဆရာ..)စတဲ့အလုပ်အကိုင်တွေထဲက ကိုယ့်အတွက်perfectဖြစ်မယ့်၊နိုင်နိုင်နင်းနင်းဖြစ်မယ့်အလုပ်တစ်ခုခုကို‌ရွေးချယ်လုပ်ကိုင်ကြပါ၊ကြိုးစားကြပါ။ကြိုးစားလုပ်ကိုင်ကြတဲ့အခါမှာလည်းပဲ ကောင်းတဲ့ရည်ရွယ်ချက်၊လိပ်ပြာလုံတဲ့ဖြတ်လမ်းနည်းတွေကိုပဲအသုံးပြုကြပါ၊မှန်ကန်‌ဖြောင့်မတ်လွတ်လပ်တဲ့လမ်းကိုသိပြီး လူငယ်၊ရွယ်တိုင်း"ပညာတတ် လူယုတ်မာ"မဖြစ်ကြစေဘဲ"မှန်ချက်နဲ့နှမ်းထွက် ကိုက်ကြပါစေကြောင်း"ဆုတောင်းပတ္ထနာပြုရင်း နိဂုံးချုပ်ပါတယ်ခင်ဗျာ။

စာ‌ရေးသူအမှာစာ(ပထမဉီးဆုံးဆောင်းပါးဖြစ်တာမို့လိုအပ်ချက်များနဲ့မှားတာတစ်စုံတစ်ရာပါခဲ့ရင်လည်းအနူးအညွတ်တောင်းပန်ပါကြောင်းပြောကြားလိုပါတယ်။)

‌ဖောင်တိန်ဖြင့်ရှင်သန်နေမည့်

မောင်ဇင်(မှိုင်းဌာနီ)။(၂၄.၈.၂၄)












Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်