Author's Profile Photo

မြသွန်း(တောင်ဒဂုံ)

23/08/2024

?ပက်ကျိအရှင်ကိုစားခဲ့တဲ့ ဒီကောင်လေးက နောက်ဆုံး အခုလိုဖြစ်သွားတယ်..

1 min read
Health
Education
General Knowledge
?ပက်ကျိအရှင်ကိုစားခဲ့တဲ့ ဒီကောင်လေးက နောက်ဆုံး အခုလိုဖြစ်သွားတယ်..'s photo

?၂၀၁၀ခုနှစ်တုန်းက ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ ပက်ကျိအရှင်တစ်ကောင်ကို စားပြခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေက မင်းဘယ်လောက်သတ္တိရှိတယ်ဆိုတာကို သက်သေပြစမ်းဆိုပြီး ပက်ကျိအရှင်ကြီးကိုစားခိုင်းလို့ ကောင်လေးကလည်း မခံချင်စိတ်နဲ့ အခုလိုစားပြဖို့ဆုံးဖြတ်ခဲ့တာပါ။

?သူ့စိတ်ထဲမှာတော့ ပုံမှန်အစာစားသလိုပဲ စားပြီးရင်မစင်ဖြစ်မှာပဲဆိုပြီး ပက်ကျိအရှင်ကြီးကိုစားခဲ့ပေမယ့် တကယ်တမ်းတော့ သူထင်သလိုမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် အခြေအနေကလည်း အဆိုးရွားဆုံးဖြစ်သွားခဲ့ပါတယ်။

?ဒီကောင်လေးက အရှေ့မှာပြောခဲ့သလိုပဲ သူ့သူငယ်ချင်းတွေစိန်ခေါ်လို့ ပက်ကျိအရှင်တစ်ကောင်ကို မရွံမရှာစားခဲ့ပါတယ်။ စားစားချင်းကတော့ ဘာမှထူးခြားတာမရှိခဲ့ပေမယ့် နောက်တစ်နေ့လည်းကျရော ကောင်လေးက မူးဝေပြီးတော့ အန်ချင်သလိုဖြစ်လာပါတယ်။

? ဒါ့အပြင် ခြေထောက်နှစ်ဖက်လုံးကလည်း မခံမရပ်နိုင်အောင် နာကျင်လာတာကြောင့် ဆေးရုံကို အပြေးအလွှားသွားရပါတော့တယ်။ ဆေးရုံရောက်တော့ ဆရာဝန်ကစစ်ဆေးကြည့်လိုက်တဲ့အခါမှာ သူ့မှာအရမ်းကိုရှားပါးတဲ့ ကူးစက်ရောဂါတစ်ခုအကူးခံထားရမှန်း သိလိုက်ရပါတယ်။

?နောက်ပြီး ဒီရောဂါကိုကုသဖို့ဆေးကလည်း လုံးဝကိုမရှိပါဘူး။ ပုံမှန်ဆိုရင် ဒီလိုရောဂါမျိုးက ကြွက်တို့လို တွေ့ကရာအစုံစားတဲ့ တိရိစ္ဆာန်တွေမှာပဲတွေ့ရတတ်တာဖြစ်ပါတယ်။ ကောင်လေးရဲ့ခန္ဓာကိုယ်က ပက်ကျိရဲ့dead bodyကိုတော့ စွန့်ထုတ်နိုင်ခဲ့ပေမယ့် သူ့မှာကပ်ပါနေနဲ့ အဓိကအန္တရာယ်အရှိဆုံး ရောဂါပိုးတွေကိုတော့ မချေဖျက်နိုင်ခဲ့ပါဘူး။

? ဒီလိုနဲ့အဲ့ဒီရောဂါပိုးတွေက သွေးကြောတွေထဲကနေတစ်ဆင့် ဦးနှောက်ထဲထိပျံ့နှံ့သွားပါတော့တယ်။ ကုသနိုင်မယ့် နည်းလမ်းမရှိတာကတစ်ကြောင်း၊ ပိုးတွေကလည်း ဦးနှောက်ထဲထိကို ပျံ့နှံ့သွားပြီဖြစ်တာကြောင့် ဆရာဝန်တွေကလည်း ဘယ်လိုမှမတတ်နိုင်ခဲ့ကြပါဘူး။

? သူ့ရဲ့မိသားစုဝင်တွေခမျာလည်း ရင်ကွဲမတတ်ပါပဲ။ အဲ့ဒီအချိန်မှာကောင်လေးကို ပက်ကျိစားပြဖို့ မရမကနားရိုက်သွင်းခဲ့တဲ့ သူ့သူငယ်ချင်းတွေကတော့ ဘယ်လိုခံစားနေရမလဲမသိပါဘူး။

? အဲ့လိုနဲ့ကောင်လေးလည်း ရက်ပေါင်း(၄၀၀)ကျော်လောက် coma ဖြစ်ပြီး အိပ်ရာထဲမှာ သတ်ိလစ်မေ့မြောနေခဲ့ပါတယ်။ အသက်သေတဲ့အထိမဖြစ်ခဲ့ပေမယ့် သူသတိရလာတဲ့အချိန်မှာတော့ ဦးနှောက်က အတော်လေးပျက်စီးနှင့်နေပြီဖြစ်တာကြောင့် သေတာထက်ဆိုးတဲ့ဝေဒနာတွေကို စတင်ခံစားခဲ့ရပါတယ်။

?ကောင်လေးက လုံးဝကိုသွက်ချာပါဒဖြစ်သွားခဲ့ပြီး မျက်တောင်ခတ်တာနဲ့ အသက်ရှူတာကလွဲလို့ တစ်ခြားဘားမှကို လှုတ်ရှားလို့မရတော့ပါဘူး။

?အဲ့လိုနဲ့ကောင်လေးက နောက်ထပ်(၈)နှစ်တာကာလပတ်လုံးကို အခုလို အိပ်ရာထဲမှာဗုန်းဗုန်းလဲပြီး မလှုတ်မရှားနိုင်တဲ့ ဒုက္ခိတကိုမာရောဂါသည်အဖြစ် ဖြတ်သန်းခဲ့ပြီးတော့ နောက်ဆုံး(၂၀၁၈)ခုနှစ်မှာ ကွယ်လွန်သွားခဲ့ရှာပါတယ်။

? တစ်ချိန်တုန်းက သူငယ်ချင်းတွေကြားထဲမှာ heroလုပ်ပြီး အပျော်သဘောနဲ့ပက်ကျိစားပြခဲ့တဲ့ ဒီကောင်လေးက နောက်ဆုံးတော့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားခဲ့ရပါတယ်။ သူဒီလိုမျိုး မတိမ်းပါးခင်ကလည်း (၈)နှစ်တာဆိုတဲ့ကာလရှည်ကြီးမှာ ဘယ်လောက်ထိဒုက္ခခံခဲ့ရမလဲဆိုတာ မတွေးရဲစရာပါပဲ။

?ပိုဆိုးတာက သူသေဆုံးသွားပြန်တော့လည်း ကျန်ခဲ့တဲ့မိသားစုဝင်တွေက ပူဆွေးသောကရောက်ရုံတင်မကဘဲ သူပေးရမယ့်အကြွေးစာရင်းတွေကိုပါ လက်လွှဲရရှိသွားခဲ့ပါတယ်ရှင်...?

မြသွန်း(တောင်ဒဂုံ)

Keep Reading

Doorway Effectအရေးပေါ် ဓာတ်ဆားဖျော်နည်းNeurocycle ဆိုတာဘာလဲ?လူငယ်များ သတိပြုစရာ Social Media နှင့် Dopamine ဟော်မုန်းဆက်နွယ်မှု သင်သိပါသလား? ၂၀၂၅မှာ ကမ္ဘာ့လူဦးရေ သန်း၂၈၀ကျော် စိတ်ဓာတ်ကျခြင်းဝေဒနာခံစားနေရတယ်ဆိုတာ…‘Me Time များများပေးပါ’အာရောဂျံ ပရမံ လာဘံမပြိုင်ပါနဲ့Programmer များအတွက် ကောင်းမွန်တဲ့ Mental Health ကို တည်ဆောက်နိုင်ဖို့ နည်းလမ်း (၆) သွယ်။စိတ်၏ အဟန့်အတား( barrier of mental health)